Cameras, Review

Remote Control လုပ်နိုင်မယ့် Nikon D5200 ကင်မရာသစ်ကို ဒီဇင်ဘာလတွင် တရား၀င်မိတ်ဆက်မည်

Nikon D5200ရဲ့ နောက်ဆုံးထုတ် DSLR ကင်မရာအသစ်ပါ။ အဆိုပါ ကင်မရာမော်ဒယ်အသစ်ကို လာမယ့် ဒီဇင်ဘာလမှာ ပရိတ်သတ်များရှေ့ကို ထုတ်ဖော်မယ်လို့ Nikonက ကြေညာချက် ထုတ်ပြန်ထားတယ်။ ကင်မရာရဲ့ Feature အတိအကျကိုတော့ တရား၀င် ထုတ်ပြန်ထားပါတယ်။

စွမ်းဆောင်ရည်
Nikon D5200 ကင်မရာမှာ Nikonရဲ့ Sensor အမျိုးအစားသစ် DX-Format CMOS Sensorကို သုံးထားတဲ့အတွက် 24.1-million Pixelsကို အတိအကျဖြစ်အောင် ပုံဖော်ပေးနိုင်စွမ်း ရှိပါတယ်။ Performance မြင့်ဖို့အတွက် EXPEED 3 Engine က အစွမ်းကုန် စွမ်းဆောင်ပေးမှာပါ။ အလေးချိန် ပေါ့ပါးတ့ဲအပြင် စွမ်းဆောင်ရည်ကိုပါ အပြည့်အ၀ပေးနိုင်တယ်လို့ ဆိုထားပါတယ်။

လိုသလိုလှည့်ယူနိုင်တဲ့ Screen
Screenကို လိုသလို လှည့်ယူအသုံးပြုနိုင်တဲ့အတွက် ရှုထောင့်အမျိုးမျိုး၊ အနိမ့်အမြင့် အမျိုးမျိုးကနေ ရိုက်ကူးနိုင်ပါလိမ့်မယ်။ လူအုပ်ကြားထဲ တိုးေ၀့ှ ရိုက်ကူးရာမှာ လုံး၀ အထောက်အကူပေးနိုင်ပါတယ်။ Screen ၇ ၃ လက်မအရွယ်အစားရှိပြီး 921k dot နဲ့ ပုံဖော်မှာဖြစ်ပါတယ်။ Screenကို ၉၀ ကနေ ၁၈၀ ဒီဂရီအထိ လှည့်ယူနိုင်မှာဖြစ်ပါတယ်။ ISO Range တွေက ISO 100 ကနေ ISO 6400 အထိရရှိနိုင်ပြီး ISO 25600 အထိ တိုးမြှင့်နိုင်တယ်လို့ ဆိုထားပါတယ်။

Full-HD Movie
အသစ်ပါ၀င်တဲ့ D-Movie Function က Full-HD အရည်အသွေးဖြင့် 1920 x 1080 60i/50i Movieတွေကို ရိုက်ကူးနိုင်အောင် အကူအညီပေးနိုင်ပါတယ်။ Movie ရိုက်ကူးနေစဉ်မှာလည်း ထူးခြားတဲ့ Effectတွေ ရိုက်ကူးနိုင်မယ့် Settingတွေ ပါ၀င်ပါတယ်။ အခုလို နည်းပညာသစ်တွေနဲ့ လိုသလို လှည့်ယူနိုင်မယ့် LCD Monitor ပေါင်းစပ်လိုက်ပြီဆိုရင်တော့ ဓာတ်ပုံနဲ့ Movieတွေ ရိုက်ကူးရာမှာ ပြောင်မြောက်စေမှာပါ။

Share လုပ်နိုင်ပြီး Remoteဖြင့် Control လုပ်နိုင်
D5200 က Wireless Mobile Adapter WU-1a နဲ့ Wireless Remote Controller WR-R10/WR-T10တွေနဲ့ တွဲဖက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် Smart Deviceတွေနဲ့ ချိတ်ဆက် အသုံးပြုနိုင်မည့်အပြင် ကင်မရာကို Wireless ချိတ်ဆက်ကာ Remote Control ပြုလုပ်နိုင်တယ်လို့ ဆိုထားပါတယ်။ WR-R10s Remote Controllerဖြင့် ချိတ်ဆက်ပြီးတော့လည်း တစ်လုံးထက် ပိုတဲ့ ကင်မရာတွေကို Control လုပ်နိုင်ပါသေးတယ်။ Mobile Adapter WU-1a နဲ့ ကင်မရာကို ချိတ်ဆက်ကာ Smartphone နဲ့ Tabletများ ဆီသို့ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေ၊ Movieတွေကို Transfer လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ၄င်း Functionကို အသုံးပြုနိုင်ဖို့အတွက် သင်ပေးပို့ချင်တဲ့ Smart Deviceမှာ Wireless Mobile Adapter Utility App ကို Smart Deviceရဲ့ App Store မှာ Download ရယူကာ အရင်ဆုံး Install ပြုလုပ်ထားရမှာ ဖြစ်ပါတယ်။

Scene Recognition System
ကင်မရာရဲ့ စွမ်းဆောင်ရည်မြင့်မားတဲ့အပြင် AF စနစ်က 39 Focus Point အထိ ရရှိခြင်းက အံ့သြစရာကောင်းပါတယ်။ ဒါဟာ Multi-CAM4800DX Autofocus Sensor ရဲ့ စွမ်းဆောင်ရည်ပါ။ နောက်ထပ် စနစ်သစ်တစ်ခုက Scene Recognition ဆိုတဲ့ စနစ်ပဲ ဖြစ်ပါတယ်။ အဆိုပါစနစ်က အဓိကထား ရိုက်ကူးနေတဲ့ ပုံရိပ်ကို အလျှင်မြန်ဆုံး ရှာဖွေနိုင်ပြီး Focus အတိအကျဖြတ်ဖို့၊ လိုအပ်တဲ့ Color Setting တွေကို အကောင်းဆုံးဖြစ်အောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ အလင်းအမှောင်ကိုလည်း အလိုအလျောက် ထိန်းညှိပေးနိုင်ပါတယ်။ ၄င်းစနစ်က အမြန်နှုန်းနဲ့ ရွေ့လျားနေတဲ့ အရာ၀တ္ထုတွေကို ဖမ်းယူရိုက်ကူးတဲ့အခါမှာ စိတ်ကျေနပ်မှုကို အပြည့်အ၀ ပေးစွမ်းနိုင်ပါတယ်။

တစ်စက္ကန့်မှ မလွတ်စေရ
5 fps အထိ ရိုက်ကူးနိုင်မယ့် မြန်နှုန်းမြင့် Continuous Shooting Mode ပါ၀င်ပါတယ်။ ဒါကြောင့် အဖြစ်အပျက် တစ်ခုချင်းစီကို တစ်က္ကန့်မှ မလွတ်ရလေအောင် ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ဘောလုံးပွဲစဉ်များ၊ ကားပြိုင်ပွဲတွေမှာ အကောင်းဆုံး အသုံးချနိုင်မှာ ဖြစ်ပါတယ်။

7 Special Effects
D5200 မှာ Special Effect ၇ ချက်ပါ၀င်ပါတယ်။ ဓာတ်ပုံတွေ Movieတွေ ရိုက်ကူးနေရင်းနဲ့ ၄င်း Effect တွေကို စိတ်ကြိုက် ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။ ပြောင်းလဲနိုင် တဲ့ Effect တွေမှာ Color ကို လိုသလို ချိန်ညှိနိုင်ခြင်း၊ ညရှုခင်းများ ရိုက်ကူးခြင်း စသည်ဖြင့် ပါ၀င်ပါတယ်။

Available Color
Nikon D5200 ကင်မရာမှာတော့ Nikon ချစ်ပရိတ်သတ်များအတွက် စိတ်ကြိုက်ရွေးချယ်နိုင်ရန် အဖြူ၊ အနီ၊ ကြေးညိုရောင်ဆိုပြီး အရောင်သုံးရောင် ခွဲခြား ထုတ်လုပ် ထားပါတယ်။ ဒီအချက်အလက်တွေကတော့ Nikonကနေ တရား၀င် ထုတ်ပြန်ထားတဲ့ အချက်အလက်တွေပါ။ အမှန်တကယ် ထွက်ရှိလာတဲ့အချိန်မှာ ဘယ်လို စိတ်၀င်စားဖွယ်အချက်တွေ နောက်ထပ် ရှာဖွေတွေ့ရှိမလဲဆိုတာ စိတ်လှုပ်ရှားစွာ စောင့်ကြည့်ကြပါစို့….

Full Specifications
DX-format CMOS Sensor
EXPEED 3 Engine
24.1-million Pixels
39-Point AF System
ISO 100 -6400
2,016-Pixel RGB Sensor
Vari-Angle LCD Monitor
7 Special Effects
Scene Recognition System
5 fps Continuous Shooting Mode
1920 x 1080 Full-HD Movie

Leave a Reply

Your email address will not be published. Required fields are marked *