News

Foxconnမှ ၀န်ထမ်းများ….

theatlanticwire.com

ဆယ်ကျော်သက်လူငယ်အများစုဟာ တစ်ရက်မှာ ဆယ်နာရီခန့် စက်ရုံ၊ အလုပ်ရုံတွေမှာ အလုပ်လုပ်ပြီးတဲ့နောက် ညဖက်အပြင်လျှောက်လည်လေ့ရှိကြပါတယ်။ ဒါဟာသိပ်ပြီးတော့ ထူးဆန်းတဲ့ ကိစ္စတော့မဟုတ်ပါဘူး။ “ညဘက်အပြင်ထွက်ပြီး သူငယ်ချင်းတွေနဲ့ လျှောက်သွားတဲ့အခါ စိတ်ဖိစီးမှုတွေ အားလုံးကို မေ့ပျောက်သွားနိုင်စေတယ်”လို့ ဆယ်ကျော်သက် တစ်ယောက်က ပြောပါတယ်။ အများစု လူငယ်တွေ ညဘက်သွားကြတာကတော့ Night Club, Night Partyများပဲ ဖြစ်ပါတယ်။ လူကုံထံတွေ အနေနဲ့ ဈေးကြီးတဲ့ ကလပ်အကောင်းစားတွေ သွားရောက်နိုင်ကြပေမယ့် သာမန်လူတွေ အနေနဲ့ကတော့ ဈေးအသင့်အတင့်နဲ့ အပန်းဖြေစေမယ့် Club, Partyများကိုပဲ သွားရောက်ကြတာ ဖြစ်ပါတယ်။
ထိုင်၀မ်အခြေစိုက် Foxconn ကုမ္ပဏီအနေနဲ့ ၎င်းတို့ရဲ ့ ၀န်ထမ်းများကို အောက်ခြေမှစ အထက်အရာရှိအထိ အားလုံးကို အပန်းဖြေနည်းလမ်းများ စီစဉ်ထားရှိပေးထားပါတယ်။ Night Club, Night Party အပါအ၀င် ၀န်ထမ်းများ စုပေါင်း စားသောက်ပွဲများ၊ ပျော်ပွဲရွှင်ပွဲ စသည်တို့ကိုလည်း Organise လုပ်ပြီး အထူးတည် စီစဉ်ပေးလေ့ရှိပါတယ်။ ဒါကြောင့် Foxcoon Trading ၀န်ထမ်းတွေဟာ အလုပ်မှာ အားလုံးပျော်ရွှင် တက်ကြွနေကြတာပဲ ဖြစ်ပါတယ်။ မနက်ကိုးနာရီ၊ ညနေ ငါးနာရီ ပုံမှန် ၀န်ထမ်းဘ၀ကြီးကို ရိုးအီလာတဲ့ အခါမှာတော့ အဆိုပါ Eventလေးတွေဟာ မရှိမဖြစ်ကို လိုအပ်လှပါတယ်။

Ref : http://www.theatlanticwire.com/technology/2013/07/dont-worry-foxconn-workers-are-having-more-fun-you/67275/

Leave a Reply

Your email address will not be published. Required fields are marked *