http://www.world-of-lucid-dreaming.com/
အိပ်မက်ကမ္ဘာထဲ ရောက်နေစဉ်မှာတောင် သတိမပြတ်ရှိကာ အိပ်မက်တွေကို ထိန်းချုပ်နိုင်စွမ်းရည် ရရှိစေမှာဖြစ်လို့ စိတ်၀င်စားစရာ ထူးခြားတဲ့ ၀က်ဘ်ဆိုက်ပဲ ဖြစ်ပါတယ်။ ရှင်းလင်းပြတ်သား၊ နားလည်လွယ်တဲ့ အိပ်မက်ဆိုင်ရာ အချက်အလက်တွေ ရေးသားဖော်ပြထားပြီး အိပ်မောကျမှု နောက်ကွယ်က အိပ်မက်၊ အိပ်မက် မက်နည်း နည်းပညာ၊ အိပ်မက်ကို ထိန်းချုပ်နည်း၊ ဖျက်ကနဲပေါ်လာတဲ့ အကြံကောင်း ဉာဏ်ကောင်းဆိုင်ရာ၊ သဘာ၀လွန်ကဲဖြစ်စဉ်၊ အိပ်ပျော်စဉ် ကယောင်ကတမ်း ကဂျောင်ဖက်မှုတွေ၊ မေးဖြေလေ့လာမှု၊ အိပ်ပျော်မှု အဆင့်ဆင့်ဆိုင်ရာ ဖြစ်စဉ်၊ သုံးသပ်စူးစမ်းမှုတွေ အကြောင်း ဖတ်ရှုရမှာ ဖြစ်ပါတယ်။ သိပ္ပံပညာ ရှုထောင့်ကပါ ရေးသားတင်ပြထားတဲ့ ယင်း၀က်ဘ်ဆိုက်မှာ ၁၄နှစ်သမီးအရွယ်ကတည်းက စမ်းသပ်လေ့လာခဲ့ပြီး ထိုးထွင်းသိမြင်တဲ့ ဉာဏ်စွမ်းရည်ရရှိဖို့ ခက်ခဲတဲ့ စွန့်စားမှုနဲ့ အပြောင်းအလဲတွေ ရင်ဆိုင်ခဲ့ရပါတယ်လို့ ၀က်ဘ်ဆိုက် တည်ထောင်သူက ဆိုပါတယ်။
အိပ်မက်အဆိုးအကောင်းတွေကို ဒီဝက်ဆိုဒ်နဲ့ တိုင်ပင်လိုက်တော့မယ်။