အိုင်စီတီရဲ့ ချစ်ပရိတ်သတ်ကြီးကို ပြောပြချင်တယ်။ အဆင်ပြေမယ် အသုဲံးဝင်မယ် ထင်ပါတယ်နော်။ 

ဘယ်လောက်ကောင်းတဲ့ကွန်ပြူတာဖြစ်ပါစေ။ အချိန်တစ်ခုကြာလာရင်တော့ နှေးကွေးလာမှာအမှန်ပါ။ ဒီလိုနှေးကွေးလာတဲ့ကွန်ပြူတာလေးကို အရင်ကလိုမြန်လာအောင် လွယ်လွယ်ကူကူ လုပ်လို့ရပါတယ်။ ဒီနည်းလမ်းလေးတွေကတော့ –
(၁) မလိုအပ်တဲ့ဆော့ဖ်ဝဲတွေကို ဖယ်ရှားပါ။
ကိုယ့်ကွန်ပြူတာထဲမှာ ဆိုင်ကနေ တပါတည်းထည့်ပေးလိုက်တဲ့၊ ကိုယ်လည်းသိပ်မသုံးဖြစ်တဲ့ဆော့ဖ်ဝဲတွေ အများကြီးရှိနေတတ်ပါတယ်။ ဒီဆော့ဖ်ဝဲတွေက ကိုယ့်ကွန်ပြူတာရဲ့ Resource တွေကို နောက်ကွယ်မှာဆွဲသုံးနေတတ်တာကြောင့် ကွန်ပြူတာကို ပိုနှေးစေပါတယ်။ ဒီလိုမသုံးဖြစ်တဲ့ဆော့ဖ်ဝဲတွေကို Uninstall သာ လုပ်လိုက်ပါ။
(၂) ကွန်ပြူတာစဖွင့်ချိန်မှာ အလိုလို run တဲ့ ဆော့ဖ်ဝဲတွေကို ကန့်သတ်ပါ။
ကိုယ့်ကွန်ပြူတာစဖွင့်ချိန်မှာ ဘယ်ဆော့ဖ်ဝဲတွေကိုပဲ အလိုအလျောက်စတင်ခွင့်ပြုမယ်ဆိုတာ ကန့်သတ်ပေးထားလို့ရပါတယ်။ Windows 10 မှာဆိုရင် Task Manager ကိုအသုံးပြုပြီးတော့ ဘယ်ဆော့ဖ်ဝဲတွေကို Background မှာ run ခွင့်ပြုမယ်။ ဘယ်ဟာတွေကိုတော့ ကိုယ့်ဘာသာပဲဖွင့်မယ်ဆိုတာ ကန့်သတ်ထားနိုင်ပါတယ်။
(၃) RAM ထပ်တိုးပါ။
Windows 10 ဟာ အရင်ဗားရှင်းတွေနဲ့စာရင် RAM အသုံးနည်းပါတယ်။ ဒါပေမယ့် RAM ထပ်တိုးခြင်းက ကိုယ့်ရဲ့ကွန်ပြူတာကို သေချာပေါက် ပိုပြီးမြန်လာစေတာအမှန်ပါ။ RAM ထပ်တိုးမယ်ဆိုရင် ကိုယ့်ရဲ့ Laptop က ထပ်တိုးလို့ရသေးလား၊ မရတော့ဘူးလားဆိုတာကိုတော့ သိထားဖို့လိုပါတယ်။ မသေချာရင် ဆိုင်မှာစစ်ဆေးပြီးမှ တိုးသင့်ပါတယ်။ Desktop ကွန်ပြူတာတွေမှာတော့ RAM တိုးရလွယ်သလို ဈေးလည်းပိုသက်သာပါတယ်။
(၄) Spyware တွေနဲ့ Virus တွေကို စစ်ဆေးပါ။
တခါတလေမှာ ကိုယ့်စက်လေးနေရတဲ့အကြောင်းရင်းက Virus တွေကြောင့်လည်း ဖြစ်နေတတ်ပါတယ်။ Windows Defender ကိုအသုံးပြုပြီး စစ်ဆေးနိုင်သလို အခြား Third Party Antivirus Software တွေကို သုံးပြီးတော့လည်း ဒီ Virus တွေကို ဖယ်ရှားလိုက်ခြင်းဖြင့် ကိုယ့်ကွန်ပြူတာကို ပိုမြန်လာစေမှာပါ။
(၅) Disk Cleanup နဲ့ Defragmentation လုပ်ကြည့်ပါ။
ကွန်ပြူတာတိုင်းမှာ Hard Drive ထဲမှာသိမ်းဆည်းထားတဲ့ မသုံးဖြစ်တာကြာတဲ့/မလိုအပ်တော့တဲ့ဖိုင်တွေ ပရိုဂရမ်တွေ ရှိနေတတ်ပါတယ်။ Disk Cleanup နဲ့ Defragmentation ပြုလုပ်ခြင်းဖြင့် ကိုယ့်ကွန်ပြူတာက မလိုအပ်တော့တဲ့ ဆော့ဖ်ဝဲတွေ၊ ဖိုင်တွေကို ဖယ်ရှားနိုင်ပြီး ကိုယ်တကယ်သုံးမယ့်ပရိုဂရမ်တွေအတွက် Drive ထဲမှာ နေရာအလွတ်တွေရရှိစေမှာပါ။ စက်ကလည်း သိသိသာသာ ပေါ့ပါးလာပါလိမ့်မယ်။
(၆) HDD အစား SSD ပြောင်းသုံးပါ။
ပိုကောင်းတဲ့ Performance လိုချင်တယ်ဆိုရင် SSD ကိုသာ ပြောင်းသုံးလိုက်ပါ။ SSD အသုံးပြုခြင်းက ကွန်ပြူတာစဖွင့်ချိန်မှာ CPU Processor ရဲ့ဝန်တွေကို ကူထမ်းပေးမှာပါ။ ဆော့ဖ်ဝဲတွေကို အများကြီးတပြိုင်နက်သုံးတာ ဒါမှမဟုတ် ဓာတ်ပုံ၊ ဗီဒီယို Editing ဆော့ဖ်ဝဲတွေကို အသုံးပြုတဲ့အခါ SSD သုံးတဲ့ ကွန်ပြူတာမှာဆိုရင် အများကြီးပိုမြန်ဆန်တာကို တွေ့ရမှာပါ။
(၇) Web Browser တွေကို စစ်ဆေးကြည့်ပါ။
ပေါ့ပေါ့ပါးပါးရှင်းလင်းမှုလေးတွေကလည်း ကိုယ့်ကွန်ပြူတာကို အများကြီးပိုမြန်သွားစေနိုင်ပါတယ်။ တခါတလေမှာ အင်တာနက်စာမျက်နှာတွေ၊ ဗီဒီယိုတွေနဲ့ ဓာတ်ပုံတွေကြည့်ဖို့ အသုံးပြုတဲ့ ကိုယ့်ရဲ့ Browser က နှေးကွေးနေတာမျိုး ဖြစ်နိုင်ပါတယ်။ Performance ပိုကောင်းတဲ့ Browser တွေကို ပြောင်းသုံးနိုင်သလို အကယ်၍ Cookies တွေကြောင့် နှေးနေတာဆိုရင်လည်း Browser ထဲက Cookies Data တွေကို ရှင်းပေးလိုက်မယ်ဆိုရင် ပိုပြီးမြန်ဆန်လာစေမှာပါ။
ဆက်သွယ်မေးမြန်းလိုပါက







Team ICT.com.mm