ကျပ် ၁၅၀၀တန် CDMA 800 MHz ဖုန်းများအတွက် ကျပ်တစ်သောင်းတန် ငွေဖြည့်ကတ်များကို ဈေးကွက်အတွင်း ရောင်းချခြင်း မပြုတော့ဟု သိရပြီး ယင်းကတ်များမှာ ဝယ်ယူသူ နည်းသောကြောင့် မထုတ်လုပ်ခြင်း ဖြစ်နိုင်ကြောင်း၊ ထိုသို့ တစ်သောင်းတန် ငွေဖြည့်ကတ်များ ထပ်မံ မထုတ်လုပ်တော့သည်မှာ သြဂုတ်လ အတွင်းကပင် ဖြစ်သည်ဟု ဆိုသည်။
ဈေးကွက်အတွင်း ကျပ်တစ်သောင်းတန်နှင့် ငါးထောင်တန် ဖုန်းကတ်များ၏ ရောင်းအား မှာလည်းများစွာ ကွာခြားသည်ဟု အရောင်းဆိုင် အချို့က ပြောသည်။ “ရောင်းအား ကတော့ တော်တော် ကွာပါတယ်။ စီဒီအမ်အေ ၈၀၀ငွေဖြည့်ကတ် တစ်သောင်းတန် နှစ်ကတ် ရောင်းရတဲ့အချိန်မှာ ငါးထောင်တန် ငွေဖြည့်ကတ် ရှစ်ကတ် ရောင်းရတယ်ဆိုတော့ ရောင်းအားက ၈၀း၂၀ ရာခိုင်နှုန်းလောက် ရှိတာပေါ့”ဟု ဆိုသည်။
၁၅၀၀တန် ဖုန်းကိုင်ဆောင်သူ တစ်ဦးကလည်း “ငွေဖြည့်ကတ်ကို ကျပ် ၅၀၀၀တန်ပဲ ဖြည့်တာ များပါတယ်။ အချို့ကတော့ ပြောကြတယ်။ ၅၀၀၀တန် ငွေဖြည့်ကတ်က ဖုန်းဘီလ် အကုန်မြန်တယ်လို့ ထင်ရတယ်ပေါ့၊ ဒါပေမယ့်လည်း ကိုယ်သုံးနိုင်တဲ့ အတိုင်းအတာနဲ့ ချင့်ချိန်ပြီး ဝယ်ယူရတာပေါ့”ဟု ပြောသည်။ အဆိုပါ ကျပ် ၁၀၀၀၀တန် ငွေဖြည့်ကတ်မှာ ၁၅၀၀တန် CDMA 800 MHz ဖုန်းများ အတွက်သာ ထုတ်လုပ်မှု မပြုလုပ်တော့ခြင်းဖြစ်ကြောင်း သိရသည်။
ထုပ်ပါသေးတယ်တဲ့ခင်ဗျာ။ သေချာသိချင်တယ်ဆိုရင်တော့ MEC ရဲ့ 1212 call centerကို ဖုန်းဆက်မေးကြည့်လိုက်ပါ။