Apps, Business, Featured, Lifestyle, Review

အွန်လိုင်းမှာ အလုပ်များကို အတူတကွ စီမံခန့်ခွဲဖို့ Apps ငါးခု

အွန်လိုင်းမှာ အလုပ်များကို အတူတကွ စီမံခန့်ခွဲဖို့ Apps ငါးခု

ကျွန်တော်တို့ အလုပ်တွေကို စီမံခန့်ခွဲပြီး ရည်မှန်းချက်တွေကို ပြည့်မြောက်အောင် စုဖွဲ့လုပ်ဆောင်တဲ့ နည်းများဟာ အဖွဲ့အစည်းရဲ့ သဘောသဘာ၀နဲ့ သီးခြား စတိုင်များ အဖြစ် ကွဲပြားနေပါတယ်။ အလုပ်တွင်ကျယ်စွာ ပြီးမြောက်ဖို့အတွက် Software Developerတွေဟာ အလုပ်တွေကို စီမံခန့်ခွဲဖို့အပြင် အဖွဲ့၀င်များ စီမံကိန်းများ လုပ်ဆောင်ရာမှာ ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ချက်များ ပါရှိတဲ့ ၀က်ဆိုက်အခြေပြု  ပူးပေါင်းဆောင်ရွက်မှု Appsများကို အာရုံစိုက် တီထွင်နေကြပါတယ်။

Basecampဟာ အလုပ်များကို ထိရောက်စွာ စီမံခန့်ခွဲနို်တဲ့ ၀က်ဆိုက်အခြေပြု Appsများကို အစောဆုံး တီထွင်သူတွေထဲမှာ တစ်ယောက်ဖြစ်ပေမယ့် အဲဒီနယ်ပယ်ဟာ Deviceတိုင်းနဲ့ အသုံးပြုသူများအတွက် ဘုံအလုပ်ခွင်လိုအပ်ချက်ကို ဖြေရှင်းပေးဖို့ လျှင်မြန်စွာ ကြီးထွားလာနေပါတယ်။ အများသုံး၊ တစ်ကိုယ်ရေသုံး အတွက် အခမဲ့ အခပေး Appsအသစ်များစွာ ထွက်ပေါ်လာပေမယ့် နာမည်အကြီးဆုံး Appsငါးခုကို ဖော်ပြပေးလိုက်ပါတယ်။

1. Asana

Asanaဟာ အလုပ်များ အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်တဲ့ Productivity Appအသစ်တစ်ခုဖြစ်ပြီး အလုပ်များကို ခွဲဝေ တာ၀န်ချထားနိုင်ပါတယ်။ စုဖွဲ့မှုကောင်းကောင်းနဲ့ အလုပ်လုပ်နိုင်မှာပါ။ လူသုံးဆယ် အခမဲ့ သုံးနိုင်ပြီး စီမံကိန်းများနဲ့ ပိုမိုကြီးမားတဲ့ အဖွဲ့အစည်းများအတွက် Add Onများကို ရောင်းချပေးနေပါတယ်။ မိုဘိုင်း၀က်ဆိုက်ကို ဘရောက်စာတိုင်းမှာ သုံးနိုင်အောင် ဒီဇိုင်းလုပ်ထားပြီး အခုလောလောဆယ်မှာ Asanaဟာ iPhone Appပြုလုပ်ပေးထားပါတယ်။ Asanaဟာ ပင်မအလုပ်တွေနဲ့ ဆင့်ပွားအလုပ်များကို ခွဲခြားပေးနိုင်လို့ အကျိုးရှိစေမှာပါ။ အလုပ်တာ၀န်ခွဲဝေမှုနဲ့ အရေးကြီးအလုပ်အဆင့် သတ်မှတ်ချက်များက အဖွဲ့အစည်းအတွက် စီမံကိန်းကို ဒီဇိုင်းရေးဆွဲနိုင်မှာ ဖြစ်ပါတယ်။

2. Basecamp

Basecampဟာ ပရော်ဖက်ရှင်နယ်တွေကြားထဲမှာတော့ လွန်ခဲ့တဲ့ ဆယ်နှစ်ကတည်းက နာမည်ကြီးတဲ့ အဖွဲ့လိုက် စီမံကိန်း ပူးပေါင်းလုပ်ဆောင်တဲ့ Toolဖြစ်ပြီး အလုပ်များကို စီမံခန့်ခွဲဖို့ အတွက် လူသုံးအများဆုံး Appတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ Basecampရဲ့ 37signalsမှ Classicလို့ ခေါ်တဲ့ မူလ ထုတ်ကုန်ဟာ တစ်ခါသာ Setupလုပ်ရတဲ့ အခမဲ့ စီမံကိန်းကို ပံ့ပိုးပေးထားပေမယ့် အသုံးပြုသူများဟာ Basecampအသစ်ကို ပြောင်းသုံးကြပါတယ်။ Basecampမှာ အုပ်စုတွင်း ဆက်သွယ်မှု၊ ထုတ်လုပ်မှုနဲ့ အဖွဲ့များရဲ့ အလုပ်များကို စောင့်ကြည့်နိုင်တဲ့ Pageတစ်ခုပေါ်မှာ စဉ်ဆက်မပြတ် သတင်းအချက်အလက်များ ပြသပေးနေတဲ့ Timelineပါရှိပါတယ်။ Basecampကို ၄၅ ရက်ကြာ အခမဲ့ သုံးနိုင်ပါတယ်။ စီမံကိန်းအရေအတွက်အလိုက်၊ အသုံးပြုသူအရေအတွက်အလိုက် Highrise, Campfireစတဲ့ Suiteများကို ရောင်းချပေးနေပါတယ်။

3. Podio

Citrix Systemsရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ Podioဟာ Appsများစွာကို ပံ့ပိုးပေးထားပါတယ်။ စီမံကိန်းများအတွက် ပြုလုပ်ပေးထားတဲ့ Podio Appဟာ အလုပ်များကို ဘယ်သူမဆိုလွယ်ကူစွာ Drag and Dropပြုလုပ်နိုင်စေပါတယ်။ Podio Template များက မတူညီတဲ့ စီမံကိန်းများစွာကို သိမ်းထားဖို့နဲ့ ပြောင်းလဲဖို့အတွက် ရိုးရှင်းတဲ့ Toolsများကို ပြုလုပ်ပေးထားပါတယ်။ ဥပမာအားဖြင့် အင်ဂျင်နီယာ စီမံကိန်းများဟာ ဈေးကွက် စီမံကိန်းများနဲ့ ယှဉ်ရင် မတူညီတဲ့ စံနှုန်းများရှိပါတယ်။ သင့်ရဲ့ အဖွဲ့အစည်းတစ်ခုလုံးအတွက် Podioရဲ့ Intranet Appဟာ ဆက်သွယ်ဖို့နဲ့ သတင်းအရင်းအမြစ်တွေကို ရယူဖို့အတွက် လုပ်ငန်းခွင်တစ်ခုကို ပြသပေးထားပါတယ်။ Podioကို လူငါးယောက် အခမဲ့ သုံးနိုင်ပေမယ့် စွမ်းဆောင်ချက်များစွာ ပါတဲ့ အခပေး Podio Teams, Business စတာတွေကို ၀ယ်ယူသုံးရမှာပါ။

4. Trello

Fog Creek Softwareက တီထွင်တဲ့ Trelloဟာ အလုပ်များ ပြုလုပ်ဖို့အတွက် Whiteboardတစ်လျှောက်မှာ ကဒ်များကို Drag and Dropပြုလုပ်ရတဲ့ ဆက်သွယ်မှုနဲ့ အလုပ်များ စီမံခန့်ခွဲဖို့ ဖြစ်ပါတယ်။ အလုပ်များ တာ၀န်ခွဲဝေဖို့ အတွက် အဖွဲ့၀င်များရဲ့ Avatarsများကို Drag and Dropပြုလုပ်နိုင်ပါတယ်။ Trelloရဲ့ ၀က်ဆိုက်အခြေပြု Appဟာ အခမဲ့ ဖြစ်ပြီး နောက်ပိုင်းမှာလည်း အခပေး အဖြစ် ပြောင်းလဲဖို့ အစီအစဉ်မရှိပါဘူး။ iOSနဲ့ Androidတို့အတွက် စမတ်ဖုန်း Appများကို ပြုလုပ်ပေးထားပါတယ်။ အခြား စီမံကိန်း ပူးပေါင်းဆောင်ရွက်တဲ့ Toolsများလို မဟုတ်ဘဲ Trelloဟာ အဖွဲ့၀င်များကို စီမံကိန်းတစ်ခုလုံးကို မြင်တွေ့စေခြင်းနဲ့ မဲပေးခြင်း စတဲ့ လူမှု ဂိမ်းကစားခြင်း နည်းစနစ်များကို အသုံးပြုထားပါတယ်။ B2B Demand Management Software Company ဖြစ်တဲ့ Optifyမှ ဥပမာ တစ်ခုအနေနဲ့ မလိုအပ်တဲ့ အလုပ်များ လျှော့ချဖို့နဲ့ ထုတ်ကုန် ဖွံ့ဖြိုးတိုးတက်စေဖို့ Trelloကို ရွေးချယ်လိုက်ကြတာပါ။

5. Wiggio

Wiggioဟာ အလုပ်တစ်ခုကို မတူညီတဲ့ အဖွဲ့များစွာမှ လူများ အတူတကွ ပြုလုပ်နိုင်ဖို့ ဒီဇိုင်းလုပ်ထားတာပါ။ ကောလိပ်ကျောင်းများမှာ ရေပန်းစားပြီး သူ့ရဲ့ အရှိန်ဟာ စီးပွားရေးလုပ်ငန်းများထဲမှာပါ ရောက်ရှိလာပါတယ်။ Wiggioဟာ အခမဲ့ ၀က်ဆိုက်အခြေပြု Appဖြစ်ပေမယ့် အဖွဲ့ခွင့်ပြုချက်တွေကို စီမံဖို့ ညွှန်ကြားချက်များနဲ့ လူမှု ခွဲခြမ်းစိတ်ဖြာမှုတွေလို Add On Premium Featuresများပါတဲ့ iPhone Appကို ရောင်းချပေးနေတာပါ။ Wiggioဟာ လူတိုင်းကို အလုပ်များ ထည့််သွင်းဖို့နဲ့ Web Conferencing အပါအ၀င် ပူးပေါင်းလုပ်ဆောင်မှုနဲ့ ဆက်သွယ်မှု Toolsetများကို သုံးပြီး အဖွဲ့၀င်များကြားမှာ ဆက်သွယ်ဖို့ ပြုလုပ်ပေးထားပါတယ်။ Wiggioကို သုံးသူ အဖွဲ့တစ်ခုက အဖွဲ့များစွာမှ လူများ အချင်းချင်း အပြန်အလှန် ဆက်သွယ်ဖို့ အတွက် Wiggioကို အသုံးပြုတာဖြစ်ပါတယ်လို့ ပြောပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *