News

စီးကရက်ဖြတ်ရန် နည်းလမ်း ၂၅ သွယ်

အမေရိကအပါအဝင် ကမာၻပေါ်ရှိလူအများအပြား ဆေးလိပ်စွဲနေကြကြောင်း သိရှိရသည်။ အမေရိကတွင် အမျိုးသား လေးယောက်၌ တစ်ယောက်၊ အမျိုးသမီးငါးယောက်၌ တစ်ယောက် ဆေးလိပ်သောက်ကြသည်။ ဆေးလိပ်မသောက်တတ်သူများအဖို့ စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ရာပင် ဖြစ်သည်။ စီးကရက်သည် အမေရိကတွင် နံပါတ်တစ် လူသတ်သမားဖြစ်နေသည်။ စီးကရက်သောက်ခြင်းဖြင့် နှလုံးရောဂါ၊ ကင်ဆာနှင့် သွေးပေါင်ချိန်တက်ခြင်း စသည့်ရောဂါအများဖြစ်ပွားကြောင်း သိနေကြသော်လည်း နီကိုတင်း၏ ဆွဲဆောင်မှုကြောင့် ဆေးလိပ်ဖြတ်ရန်ခက်ခဲနေကြသည်။ ထို့ကြောင့် စီးကရက်စွဲနေသူများ ကျန်းမာသက်ရှည် နေနိုင်စေရန် စီးကရက်ဖြတ်နည်းများကို တင်ပြလိုက်ပါသည်။

၁။ စီးကရက်သောက်ရတာကို ဘာကြောင့်နှစ်သက်လဲဆိုတာ အရင်ဆုံးချရေးလိုက်ပါ။
၂။ စီးကရက်စွဲနေရင် ဘာလို့ဖြတ်ဖို့ခက်ခဲလဲ ဆိုတာကိုလည်း ရေးလိုက်ပါဉီး။
၃။ ပြီးရင်တော့ စီးကရက်ဖြတ်မယ့်နေ့ရက်ကို သတ်မှတ်လိုက်ပါတော့။
၄။ စီးကရက်ကိုဘာကြောင့် ဖြတ်သင့်လဲဆိုတာကိုလဲ ရေးလိုက်ပါ။
၅။ စီးကရက်ကို တဖြည်းဖြည်းနဲ့ မသောက်ဘဲနေနိုင်လာပြီ ဆိုရင်တော့ စီးကရက်တွေ ဘူးလိုက်ဝယ်တာမျိုး မလုပ်ပါနဲ့တော့။

၆။ စီးကရက်သောက်နေတဲ့အချိန်မှာ သင်ဘာလုပ်နေလဲဆိုတာကို သတိထားလိုက်ပါဉီး။ စီးကရက်သောက်ချင်လာတဲ့ စိတ်ဟာ ဘယ်လောက်ဆိုးလဲဆိုတာကိုလဲ ရေးမှတ်လိုက်ပါဦး။
၇။ စီးကရက်ဆာလာတဲ့ အခါ စီးကရက်အစား တစ်ခြားတစ်ခုခုနဲ့ အစားထိုးဖို့ ပြင်ဆင်ထားလိုက်ပါဦး။
၈။ သင်သတ်မှတ်ထားတဲ့ ဆေးလိပ်ဖြတ်မယ့်နေ့ကိုရောက်လာရင်တော့ ဆေးလိပ်၊ စီးကရက် အပါအဝင် Smoking နဲ့ ပတ်သက်တဲ့အရာအားလုံးကို လွင့်ပစ်လိုက်ပါတော့။
၉။ အလုပ်ခွင်မှာ အနားယူတဲ့အချိန် ဆေးလိပ်သောက်မယ့်အစား Computer Game တစ်ခုခုကိုပဲ စိတ်ပါလက်ပါဆော့နေလိုက်ပါ။
၁ဝ။ နောက်တစ်ချက်ကတော့ စီးကရက်သောက်မယ့်အစား ရေနွေးကြမ်းပဲ ဖြစ်ဖြစ် သောက်နေခြင်းက ကျန်းမာရေးအတွက် ပိုအကျိုးရှိပြီး သင့်ကို အသက်ရှည်စေမှာပဲ ဖြစ်ပါတယ်။

၁၁။ ဆေးလိပ်၊ စီးကရက် သောက်တတ်တဲ့ အကျင့်ဆိုးကြီးကို ရံဖန်ရံခါ (တစ်လမှ တစ်ခါ) သာ လုပ်တတ်တဲ့ အကျင့်လေး အဖြစ်ပြောင်းလဲ ပစ်လိုက်ပါ။
၁၂။ ပီကေ၊ သစ်ကြံပိုးခေါက်၊ ခံတွင်းမွေးတဲ့ အရာတစ်ခုခု စတာတွေကို သင်နဲ့အမြဲဆောင်ထားလိုက်ပါ။
၁၃။ ကျန်းမာရေးနဲ့ ညီညွတ်အောင် သမားတော်၊ ဆရာဝန် တစ်ယောက်ယောက်နဲ့ ပြသလိုက်ပါဦး။
၁၄။ စီးကရက်တွေ သောက်နေမယ့်အစား အာဟာရဖြစ်မယ့် အစားအသောက်တွေ၊ အသီးအနှံ စတာတွေကိုပဲ စားသောက်သင့်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်ပြီး သင့်အတွက်လည်း အကျိုးရှိတာပေါ့။
၁၅။ အတိတ်မှာ ဆေးလိပ်တွေသောက်ပြီး ကျန်းမာရေးဆိုးဝါးခဲ့တာတွေကို တွေးတောနေလိုက်ပါ။

၁၆။ စီးကရက်ဖြတ်ရခက်တာတော့ အမှန်ပါပဲ။ ဒါကြောင့် စီးကရက် သောက်ချင်နေတဲ့ စိတ်ကြီးကို ဖြေဖျေက်ဖို့အတွက် စီးကရက်သောက်လေ့ရှိတဲ့ အချိန်ကိုပြောင်းလဲ ပစ်ဖို့လိုပါတယ်။ အလုပ်ပြီးတဲ့အချိန် သောက်စားရင်း ဆေးလိပ်သောက်တယ်ဆိုရင် အဲဒီအစား လမ်းလှေျာက်ရင်း ဆေးလိပ်သောက်တာမျိုးပေါ့။
၁၇။ သင့်သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်၊ အလုပ်ရှင်၊ သင့်မိသားစုနဲ့ ကလေးတွေကိုပြောပြလိုက်ပါ။ စီးကရက်လှေျာ့သောက်လိုက်လို့ သင်ဘယ်လို အကျိုးရှိခဲ့တယ် ဆိုတာတွေပေါ့။
၁၈။ အထက်က အဆင့်တွေ လုပ်ကိုင်နေရင်းနဲ့ သင်လုံးဝ မနေနိုင်လို့ ဆေးလိပ်ကို အရင်အတိုင်း ပြန်သောက်မိနေရင် အထက်က အဆင့်တွေကို အရင်အတိုင်း ထပ်လုပ်လိုက်ပါဦး။ ဒါဟာ သင့်ကျန်းမာရေးအတွက် ဖြစ်ပြီး လူ့ဘဝမှာ အချိန်ကြာကြာနေဖို့ အခွင့်အရေးတစ်ခု ဖြစ်နေလို့ပါပဲ။
၁၉။ စီးကရက်မသောက်ဖြစ်လို့ မသုံးဖြစ်တဲ့ ပိုက်ဆံတွေကို စုဘူးကြီးတစ်ခုနဲ့ စုထားလိုက်ပါ။
၂ဝ။ လက်ဖက်ရည်၊ ကော်ဖီစတဲ့ ကဖင်းဓာတ်ပါတဲ့ အရာတွေကို သောက်တာလည်း လှေျာ့ပါဦး။ အဆိုပါ ကဖင်းဓာတ်တွေက စီးကရက်ဆာတဲ့ အဓိကအကြောင်းရင်း ဖြစ်နေလို့ပါပဲ။

၂၁။ Smoking-Free ဇုန်တွေမှာ တကယ်ပဲ Smoking မလုပ်မိအောင် ကိုယ့်ကိုယ်ကို ထိန်းပါ။ ကိုယ့် ပတ်ဝန်းကျင်မှာလည်း ဆေးလိပ်စွဲတဲ့လူတွေ ရှိရင် ၎တို့ကို ဆေးလိပ်မသောက်အောင် စည်းရုံးရေးဆင်းဖို့ လိုပါတယ်။
၂၂။ ဆေးလိပ်ကိုအားတိုင်း သောက်နေမယ့်အစား Snack Food တစ်ခုခုနဲ့ အစားထိုးလိုက်ပါ။ တစ်ချို့ Snack Food လေးတွေဟာ အရသာလည်း ရှိပြီး ကျန်းမာရေးနဲ့လည်း ညီညွတ်တာကို တွေ့ရပါတယ်။
၂၃။ စီးကရက်တွေ တော်တော်လှေျာ့လာနိုင်တဲ့အခါ Stamina တွေကောင်းလာပါပြီ။ အမောခံနိုင်လာပြီ ဖြစ်တဲ့အတွက် အားကစားတွေ လုပ်ပါ။ မိမိကိုယ်မိမိ ကြံ့ခိုင်နေခြင်းအားဖြင့် သာယာတဲ့ဘဝလေးကို ရယူလိုက်ပါ။
၂၄။ စီးကရက်မသောက်ဘဲလည်း တော်တော်လေး နေနိုင်လာပြီဆိုရင်တော့ ဆေးလိပ်ကို လုံးဝ စွန့်လွတ်လိုက်ပါတော့။
၂၅။ နောက်ဆုံးမှာတော့ စီးကရက်တွေသောက်လို့ ကျန်းမာရေးမကောင်း ဖြစ်နေတဲ့ လူမဟုတ်တော့ဘဲ စီးကရက်ကိုလုံးဝ စွန့်လွတ်ပြီး လူသစ်၊ စိတ်သစ်ဖြစ်သွားပြီ ဆိုတဲ့အကြောင်း သင့်ပတ်ဝန်းကျင်ကို အသိပေးလိုက်ပါ။ ဒါဟာသင့်ကို ရုပ်ပိုင်းရော၊ စိတ်ပိုင်းပါ အသစ် အသစ်တွေချည်းပဲ ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။

Ref : http://www.rd.com/health/wellness/25-ways-to-stop-smoking-cigarettes/

Leave a Reply

Your email address will not be published. Required fields are marked *