Automobile

2011 Infiniti QX56

ဒီတစ်ပတ် မိတ်ဆက်ပေးမယ့် ကားကတော့ 2011 Infiniti QX56 ကားလေးပါ။ ဘယ်သွားသွား ဘယ်လာလာ အကြမ်းခံနိုင်တဲ့ ကားအမျိုးအစား ဖြစ်ပါတယ်။ အင်ဂျင်ကို စွမ်အားပြည့် မောင်းနှင်နိုင်ဖို့အတွက် အဓိကထား တီထွင် ထုတ်လုပ်ထားတာပါ။ 5.6-liter Direct Injection V8 Gasoline Engineကို တပ်ဆင်ပေးထား ပြီး မြင်းကောင်ရေအား 400ကို ထုတ်လုပ်ပေးနိုင်ပါတယ်။ 7 Speed Auto ဂီယာကို အသုံးပြုနိုင်မှာ ဖြစ်ပြီးတော့ လျှပ်စစ်ဖြင့် ထိန်းချုပ် မောင်းနှင်စနစ် Electronic Controlလည်း ပြုလုပ်နိုင်ပါသေးတယ်။ 4-Wheel Drive အမျု်ိးအစား ဖြစ်ပြီး ၂၀လက်မနှင့် ၂၂လက်မ ရှိတဲ့ အလူမီနီယံ Alloyတွေကို တပ်ဆင်ပေးထားပါတယ်။

လုံခြုံရေးအတွက် လေအိတ်တွေ၊ ခါးပတ်တွေ ပါ၀င်ပါတယ်။ လုံခြုံရေး လေအိတ်စနစ်တွေမှာ အာရုံခံ Sensorတွေကို တပ်ဆင်ပေးထားပါတယ်။ ၄င်း Sensorတွေက စီးနင်း မောင်းနှင်သူရဲ့ အနေအထား၊ လုံခြုံရေးခါးပတ် အသုံးပြုခြင်း၊ မပြုခြင်းအပေါ်မှာ မူတည်ပြီးတော့ လုံလောက်တဲ့ လေအိတ် ဖောင်းပွမှုကို ပေးစွမ်းနိုင်ပါတယ်။ တကယ်လို့ ဒရိုင်ဘာရဲ့ ဘေးခုံမှာ စီးနင်းသူ မရှိဘူးဆိုပါတော့ ဒရိုင်ဘာအတွက်ပဲ လေအိတ်ကို ထုတ်ပေးမှာ ဖြစ်ပါတယ်။

အတွင်းပိုင်း အကုန်လုံးကိုတော့ Leatherတွေနဲ့ ဒီဇိုင်း ဆင်ပေးထားပါတယ်။ Steeringကိုလည်း Leather အုပ်ပေးထားပါတယ်။ နောက်ထိုင်ခုံတွေကို ခေါက်ထားလို့ ရတဲ့အတွက် ပစ္စည်းတွေ တင်ဖို့အတွက်လည်း နေရာ တော်တော်များများ ရှိပါတယ်။ ဖျော်ဖြေရေးအတွက် Audio Speakerတွေ Wooferတွေ တပ်ဆင်ထားတဲ့အပြင် FM Radio, CD/DVD Playerတွေကိုလည်း အသုံးပြုနိုင်ပါသေးတယ်။ Wirelessကနေတစ်ဆင့် Bluetooth ချိတ်ဆက်ပြီးတော့လည်း သီချင်းတွေကို နားထောင်နိုင်ပါသေးတယ်။ နောက်ပြီး USB Port တစ်ခုလည်း အသုံးပြုနိုင်ပါသေးတယ်။ လမ်းပြစနစ်၊ လုံခြုံရေးစနစ်၊ Bluetooth စနစ်၊ လေအေးပေးစနစ် အပါအ၀င် အခြား Settingအားလုံးကို ခိုင်းစေနိုင်တဲ့ (၈)လက်မ အရွယ်အစားရှိတဲ့ Touch-Screen တစ်ခု ပါရှိပါတယ်။

ကားရဲ့ အပြင်ပိုင်းမှာ ကားရဲ့ဘေးပတ်လည် အခြေအနေတွေကိ်ု စောင့်ကြည့် လေ့လာပေးမယ့် ကင်မရာလေးလုံးကို တပ်ဆင် ထားပါတယ်။ ၄င်းကင်မရာတွေက ကားရဲဲ့ ၃၆၀ ဒီဂရီအထိ စောင့်ကြည့့်ပေးမှာ ဖြစ်ပြီး တစ်ခုခု ထူးခြားပြီဆိုရင်တော့ ဒတ်ရှ်ဘုတ်မှာ ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကားပါကင် ထိုးတဲ့အခါမှာ ပိုပြီး လုံခြုံ စိတ်ချမှု ရှိစေပါတယ်။ လမ်းရဲ့ အခြေအနေတွေက ခန့်မှန်းလို့ မရပါဘူး။ ဒါပေမယ့် QX က ဘယ်လမ်းတွေမှာမဆို ဘီးယက်အား ကောင်းကောင်းနဲ့ မောင်းနှင်နိုင် ဖို့အတွက် လုပ်ဆောင်ပေးနိုင်ပါတယ်။ စိတ်၀င်စားစရာ ကောင်းတဲ့ အချက် တစ်ချက်ကတော့ မိမိနေရာကို စိတ်ကြိုက် အအေးနှုန်းကို ကိုယ်တိုင် ချိန်ညှိပေးနိုင်တဲ့ Advanced Climate Control System စနစ် ပါ၀င်ပါတယ်။ ဒရိုင်ဘာ၊ ရှေ့ထိုင်ခုံ၊ နောက်ထိုင်ခုံ နေရာတွေမှာ အအေးဓာတ် အမျိုးမျိုးကို စိတ်ကြိုက် ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။

Infiniti QX56 မှာ 2WD နဲ့ 4WD ဆိုပြီး မော်ဒယ်နှစ်မျိုး ရှိပါတယ်။ QX56 2WD မှာတော့ အထက်မှာ ဖော်ပြထားတဲ့ ပစ္စည်းတွေ အကုန် ပါ၀င်ပြီး QX56 4WDမှာတော့ ၄င်းပစ္စည်းတွေအပြင် Infiniti All-Mode 4WD နဲ့ ရှေ့မှန်မှာ ကပ်နေတဲ့ ဖုန်တွေ၊ မိုးရေတွေ၊ နှင်းတွေကို ဖယ်ရှင်းပေးမယ့် Windshield Wiper Deicerတွေ ထပ်တိုး ပါ၀င်မှာ ဖြစ်ပါတယ်။ နှင်းထူတဲ့ လမ်းတွေ၊ ဖုန်ထူတဲ့ လမ်းတွေမှာလည်း ဘီးယက်အား ကောင်းကောင်းနဲ့ မောင်းနှင်နိုင်မယ့် စနစ်တွေလည်း ပါ၀င်ပါတယ်။ ဈေးနှုန်း ကလည်း 4WDက ပိုပြီး ဈေးမြင့်ပါတယ်။

2011 Infiniti QX56 ကားဈေးနှုန်းကို ဆက်သွယ် စုံစမ်းချင်တယ် ဆိုရင်တော့ – Golden Dragon Trading၊ ဖုန်း ၀၉-၇၃၂-၅၄၃-၅၅သို့ ဆက်သွယ် စုံစမ်းနိုင် မှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *