News

စတိဗ်မက်ကွင်း၏ 12 Years A Slave ဇာတ်ကား တိုရွန်တို ရုပ်ရှင်ပွဲတော်တွင် အကောင်းဆုံး ဇာတ်ကားဆုရရှိ

၃၈ကြိမ်မြောက် တိုရွန်တို အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်တွင် ဗြိတိန်ဒါရိုက်ိတာ စတိဗ်မက်ကွင်း၏ 12 Years A Slave ဖြစ်ရပ်မှန် ဇာတ်ကားသည် အကောင်းဆုံး ဇာတ်ကားဆု ရရှိခဲ့ကြောင်း သိရသည်။

12 Years A Slave ဇာတ်ကားသည် ၁၈၄၁ခုနှစ်တွင် ဝါရှင်တန်ဒီစီ၌ ပြန်ပေးဆွဲခံရပြီး ကျွန်အဖြစ် ရောင်းစားခံရသည့် နယူးယောက်မှ လူမည်းတစ်ဦးဖြစ်သူ ဆော်လမွန်နော့သ်အပ်၏ ကိုယ်တွေ့ဖြစ်ရပ်မှန်များကို အခြေခံ ရိုက်ကူးထားသည့် ဇာတ်ကားဖြစ်သည်။ လူ၀ီစီးယားနား ပြည်နယ်ရှိ စိုက်ခင်းများတွင် ကျွန်အဖြစ် ၁၂နှစ်ကြာ လုပ်ကိုင်ခဲ့ရသည့် နော့သ်အပ်၏ နေ့စဉ်ဖြစ်ရပ်များကို ရိုက်ကူးထားခြင်းဖြစ်သည်ဟု ဆိုသည်။

တိုရွန်တို ရုပ်ရှင်ပွဲတော်တွင် အဆိုပါ ဇာတ်ကားကို ပွဲဦးထွက် ပြသခဲ့ရာ တခဲနက် အားပေးမှုကို ရရှိခဲ့သည်။ ရုပ်ရှင်ေ၀ဖန်သူများ၏ အမွှမ်းတင်မှု ရရှိထားသော ယင်းဇာတ်ကားသည် အော်စကာဆုအတွက် စောင့်ကြည့်ရမည့် ဇာတ်ကားအဖြစ် ရေပန်းစားခဲ့သည်ဟု သိရသည်။

“12 Years A Slave ဇာတ်ကားဟာ လူ့ဂုဏ်သိက္ခာ၊ လွတ်လပ်မှုနဲ့ ကမ္ဘာမှာ ကျွန်တော်တို့ ဘာကိုလိုအပ်မှု အရှိဆုံးဆိုတာကို ဆွေးနွေးမှု မျက်နှာစာ ဖွင့်လှစ်ပေးမယ့် အတိတ်ရဲ့ လက်ဆောင်တစ်ခုပါပဲ”ဟု နော့သ်အပ်အဖြစ် သရုပ်ဆောင်ခဲ့သည့် Chiwetel Ejioforက ပြောကြားခဲ့သည်။

Chiwetel Ejiofor၊ မိုက်ကယ်ဖက်စ်ဘန်ဒါ၊ ဘန်နီဒက်ကမ်ဘာဘိချ်၊ ပေါလ်ဒါနိုနှင့် ဘရက်ပစ်တို့ ပါ၀င်ထားသည့် ယင်းဇာတ်ကားကို အမေရိကန်တွင် အောက်တိုဘာ ၁၈ရက်၌ ဖြန့်ချိသွားမည် ဖြစ်ကြောင်း သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *