ကျွန်မတို့ ရန်ကုန်မှာ ညနေ ၄ နာရီကျော်လို့ ရုံးသမားတွေ အိမ်ပြန်ဖို့ ပြင်နေချိန်မှာ နယူးယောက်ပြည်နယ်သားတွေ မိုးလင်းကာစ ကွေးလို့ ကောင်းတုန်းအချိန်ပေါ့။ ဒါတွေကို သိစရာမလိုပေးမယ် သိချင်တဲ့သူများလည်း ရှိနေမှာပါ။ Paw Print.net ရဲ့ World Time v5.5.2.748 သို့မဟုတ် v6.0.0.941 ဆော့ဖ်ဝဲက ကမ္ဘာ့နိုင်ငံများရဲ့ Local Time ကို ပြပေးပါလိမ့်မယ်။ အဲဒီနိုင်ငံအချို့ရဲ့ မြို့ကြီးမြို့ငယ်တွေအတွက်ပါ ကြည့်လို့ရလို့ Locations ၆၅၀ ကျော်ပါတယ်။ လိုအပ်ရင် မြို့အသစ်အတွက်လည်း ထပ်ထည့်နိုင် ပါတယ်။ ဖိုင်အရွယ်အစား 4MB နဲ့ တန်ဖိုး ၁၀ ဒေါ်လာဆိုပေမယ့် အခမဲ့ သုံးနိုင်တဲ့ ဆော့ဖ်ဝဲတစ်ခုလည်း ဖြစ်ပါတယ်။ အချိန်နာရီ (clock)တိုင်းမှာ day light saving time rule, latitude, longitude, city, region, country, location code စသည် ပါဝင်ပြီး ၁၂ နာရီ သို့မဟုတ် ၂၄ နာရီ ခြားနားချက်ကိုလည်း ပြပေးထားပါတယ်။ ဒါတင်မက ကမ္ဘာ့မြေပုံကို 2D, 3D ပြပေးနိုင်ပြီး လိုအပ်ရင် အချိန်ကို alarm ပေးနိုင်ပါတယ်။ NTP(Network Time Server) ကနေ သင့်ကွန်ပျူတာနာရီကို တိုက်ကြည့်နိုင်ပါတယ်။ နောက်ဆုံး Julian date, the hours of daylight, stop watches စသည်တို့ကိုလည်း သုံးလို့ရပါတယ်။ ဒါပေမယ့် version နဲ့ သင် တကယ် ဝယ်သုံးတဲ့အပေါ် မူတည်ပြီး လုပ်ဆောင်ချက်တွေတော့ ကွာပါလိမ့်မည်။ အထက်ပါ World Time ဆော့ဖ်ဝဲလိုပဲ လက်ရှိ ကမ္ဘာ့နိုင်ငံအသီးသီးမှာ (local time) ဘယ်နှနာရီရှိနေပြီဆိုတာ နှိုင်းယှဉ်ကြည့်ဖို့ http://www.timeanddate.com/ worldclock/ ကို ဖွင့်ကြည့်ပါ။ Yangon ရဲ့ နာရီပေါ် မူတည်ပြီး အခြားနိုင်ငံများရဲ့ အချိန်ကို တွက်စရာမလိုဘဲ အမြန်ကြည့်နိုင် ပါတယ်။
ကမ္ဘာ့နိုင်ငံများရဲ့ အချိန်နာရီ

19
Feb