News

Yum! Brands, Inc.နှင့် Yoma Strategic Holdings တို့ က မြန်မာနိုင်ငံတွင်ပထမဆုံးသော KFC အား ဖွင့်လှစ်မည်

Yum! Brands, Inc.နှင့် Yoma Strategic Holdings တို့ က မြန်မာနိုင်ငံတွင်ပထမဆုံးသော KFC အား ဖွင့်လှစ်မည်

Yum! Brands, Inc.နှင့် Yoma Strategic Holdings တို့ က မြန်မာနိုင်ငံတွင်ပထမဆုံးသော KFC အား ဖွင့်လှစ်မည်။စင်္ကာပူနိုင်ငံ၊ ၂၀၁၄ခုနှစ်၊ အောက်တိုဘာလ ၁၃ရက် – ယနေ့တွ င် Yum! Brands, Inc. (NYSE: YUM) သည် Yoma Strategic Holdings Ltd နှင့်အတူ Yoma Strategic Holdings Ltd အား KFC လုပ်ငန်းလုပ်ပိုင်ခွင့်ရသူအဖြစ် ပူးပေါင်းကာ မြန်မာနိုင်ငံတွ င် KFC အသင့်စား စားသောက်ဆိုင်ခွဲလုပ်ငန်းကို ၂၀၁၅ခုနှစ်တွ င် ဖွ င့်လှစ်ရန် ရည်ရွယ်ချက်များကို ကြေညာခဲ့ပါသည်။
KFCသည် ကမ္ဘာ့အကြီးဆုံးစားသောက်ဆိုင်ခွဲလုပ်ငန်းများထဲမှ တစ်ခုဖြစ်သည်။ ကမ္ဘာတစ်ဝှမ်း ရောင်းရငွေပေါင်း နှစ်စဉ် အမေရိကန်ဒေါ်လာ(၂၃)ဘီလီယံရှိပြီး စားသောက်ဆိုင်ဲခွပေါင်း(၁၈,ဝ၀ဝ)ကို နိုင်ငံပေါင်း(၁၁၈)နိုင်ငံတွင် ဖွ င့်လှစ်ထားသည်။ KFC သည် နိုင်ငံတကာအသင့်စား စားသောက်ဆိုင်ခွဲ လုပ်ငန်းများစွာထဲတွင် မြန်မာနိုင်ငံသို့ စောလျင်စွာဝင်ရောက်သည့် လုပ်ငန်းအဖွဲ့ဖြစ်သည်။“KFCလုပ်ငန်းမြန်မာနိုင်ငံကို ဝင်ရောက်ဖို့ ရည်ရွယ်ချက်ကိုကြေညာရခြင်းဟာ ကျွန်တော်တိုု့အဖွဲ့အတွက် အချက်အချာကျတဲ့ ခြေလှမ်းတစ်ရပ်ပဲ ဖြစ်ပါတယ်” ဟု KFCရဲ့ အလုပ်အမှုဆောင်အရာရှိချုပ် Micky Pantက ပြောကြားခဲ့သည်။“ကျွန်တော်တို့အကုန်လုံးဟာ ယခုလိုယုံကြည်စိတ်ချရတဲ့ ဒေသခံလုပ်ငန်းလုပ်ပိုင်ခွင့်ရသူနဲ့ ပူးပေါင်းလုပ်ကိုင်ရပြီး အရသာရှိတဲ့ KFC အတွေ့အကြုံကို မြန်မာနိုင်ငံကို ယူလာခွင့်ရတာ အများကြီးဝမ်းသာမိပါတယ်” ဟုပြောပါသည်။Yoma Strategic Holdings ရဲ့ အလုပ်အမှုဆောင်ဥက္ကဋ္ဌ ဦးသိမ်းဝေက“ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့ စားလေ့စားထရှိတဲ့ အဓိကအသားက ကြက်သားပဲဖြစ်တယ်။ ပြီးတော့ မြန်မာပြည် မှာ လူတော်တော်များများက KFC အမှတ်တံဆိပ်နဲ့ Colonel Sander ရဲ့ဟင်းခတ်အမွှေးအကြိုင် (၁၁)မျိုးပါတဲ့ Original Recipeကြက်ကြော်ကိုသိပြီး လက်ခံပြီးဖြစ်တယ်။KFCကလည်း အခုဆိုရင်တစ်ကမ္ဘာလုံးနေရာအနှံ့မှာရှိပြီးဖြစ်တယ်။KFC နဲ့ဒီလိုလက်တွဲလုပ်ကိုင်ရခြင်းကို ကျွန်တော် အများကြီးအားရမိပါတယ်။ KFC လုပ်ငန်းဟာ Yoma Strategic ရဲ ့ရှေ့လျှောက် မြန်မာပြည်တွ င်း စားသောက်ကုန်လုပ်ငန်းမှာ တိုးချဲ့သွားမဲ့အစီအစဉ်အတွက် အဓိကစီးပွားရေး လုပ်ငန်းတစ်ခုလို့တောင် ပြောလို့ရပါတယ်” ဟု ပြောပါသည်။မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးဆဲနိုင်ငံများအနက် စားသုံးသူဈေးကွက်တွင် အလားအလာကောင်းသော နိုင်ငံဖြစ်သည်။လူဦးရေသန်း(၅၀)ရှိပြီး လက်ဝယ်သုံးစွဲငွေ ပိုမိုများပြားလာသည့် မြန်မာနိုင်ငံသည် KFC အသင့်စား စားသောက်ဆိုင်ခွဲ လုပ်ငန်းအတွက် ရေရှည်တွင်သင့်လျော်သည့် နေရာဖြစ်သည်။ “နိုင်ငံတကာအသင့်စား စားသောက်ဆိုင်ခွဲ လုပ်ငန်းတစ်ရပ်အတွက် မြန်မာနိုင်ငံဟာ အထူးသင့်လျော်တယ်။

မြန်မာနိုင်ငံရဲ့စားသုံးသူလူဦးရေဟာ လက်ရှိ(၂.၅) သန်းကနေ၂၀၃၀ပိုင်းမှာ (၁၉)သန်းအထိပွားများလာပြီး
သုံးဲစွငွေလည်း(၃)ဆလောက်မြင့်တက်မယ်လို့ သုံးသပ်ထားကြပါတယ်။ဒေသတစ်ဝှမ်းခြုံကြည့်ရရင်
မြန်မာနိုင်ငံအတွက် အများကြီးအလားအလာကောင်းပါတယ်” ဟု ဦးသိမ်းဝေ က ဆက်လက်ပြောကြားခဲ့သည်။“စားသုံးသူနှင့် လက်လီလုပ်ငန်းဟာ ရှေ့လျှောက် Yoma Strategic အတွက် ဗျူ ဟာမြောက်တဲ့လုပ်ငန်းများဖြစ်ပါတယ်။ KFC အသင့်စား စားသောက်ဆိုင်ခွဲ လုပ်ငန်းဟာ ကျွန်တော်တို့ရဲ့ လုပ်ငန်းအသစ်တွေထဲမှာ အဓိကအရေးပါတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပါတယ်” ဟု၎င်းက ထပ်လောင်းပြောကြားပါသည်။
Mckinsey Global Institute, Myanmar’s moment Unique opportunities, major challenges
Yum! Brands, Inc.(www.yum.com) အကြောင်း
လူးဝီဗေးမြို့ ကင်တာကီပြည်နယ် အခြေစိုက် Yum! Brands, Inc. သည် နိုင်ငံပေါင်း(၁၂၅)နိုင်ငံတွ င်
စားသောက်ဆိုင်လုပ်ငန်းဲခွပေါင်း(၄၀ဝ၀၀) ကျော်ကို ဖွင့်လှစ်ထားသည်။ Yum! သည် Fortune 500
စာရင်းတွင်နံပါတ်(၂၁၆)ရှိပြီး နှစ်စဉ်ရောင်းရငွေ အမေရိကန်ဒေါ်လာသန်း(၁၃၀ဝ၀)ရရှိသည်။ ၂၀၁၄ခုနှစ်တွင် Corporate Responsibility မဂ္ဂဇင်း၏ စံပြစီးပွားရေး လုပ်ငန်းအဖွဲ့ပေါင်း (၁၀ဝ)စာရင်းဝင်ဖြစ်ခဲ့သည်။ Yum! Brands, Inc. မှပိုင်ဆိုင်သော KFC ၊ Pizza Hut နှင့် Taco Bell အမှတ်တံဆိပ်များသည် ကမ္ဘာတစ်ဝှမ်းအောင်မြင်သော အမှတ်တံဆိပ်များဖြစ်ပြီး ကြက်ကြော်လုပ်ငန်း၊ ပီဇာနှင့် မက္ကကိုစတိုင် အစားအစာများကို ရောင်းချလျက်ရှိသည်။ အမေရိကန်နိုင်ငံပြင်ပတွ င် Yum! Brands, Inc. သည် တစ်နေ့ဆိုင်သစ်(၅)ဆိုင်နှုန်းဖြင့် ဖွင့်လှစ်လျက်ရှိပြီး နိုင်ငံတကာ လက်လီစားသုံးပစ္စည်း ဈေးကွက်တွင် ဦးဆောင်လျက်ရှိသည်။
Yoma Strategic Holdings Ltd. (www.yomastrategic.com) အကြောင်း
Yoma Strategic Holdings သည် မြန်မာနိုင်ငံ၏အိမ်ခြံမြေလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ မော်တော်ယာဉ်နှင့် ဇိမ်ခံခရီးသွားလုပ်ငန်းတို့တွင် ဦးဆောင်နေပြီး စင်္ကာပူ စတော့အိတ်ချိန်းတွင် ပါဝင်သော စီးပွားရေးလုပ်ငန်းစုကြီး ဖြစ်ပါသည်။ SPA Group နှင့်အတူ ပူးပေါင်း၍ မြန်မာ့ဈေးကွက် တွင်အခြားသော စီးပွားရေးလုပ်ငန်းသစ်များ ချဲ့ထွင်လုပ်ဆောင်လျက်ရှိပါသည်။ Yoma Strategic Holdings သည် မြန်မာ့ လက်လီစားသုံးပစ္စည်းလုပ်ငန်းသို့ ပထမဆုံးခြေလှမ်းအနေဖြင့် Asia Beverages Co.Ltd တွင်ရင်းနှီးမြှုပ်နှံထားပါသည်။၂၀၁၃ခုနှစ်တွင် မြန်မာနိုင်ငံ၏ပထမဆုံးသော နိုင်ငံတကာအဆင့်မီ ကုန်တိုက်ဖြစ်သော Parksonအား FMI Centerတွ င် Yoma
Strategic Holdings မှ ဖွင့်လှစ်ခဲ့ပါသည်။Yum! Brands, Inc. နှင့် Yoma Strategic Holdings အစုရှယ်ယာရှင်များနှင့်သတင်းစာနယ်ဇင်းများစုံစမ်းရန်၊ YUM! BRANDS Ms Laurie Schalow, Tel: +1.502.874.8200 Email: [email protected] STRATEGIC HOLDINGS LTD.
အစုရှယ်ယာရှင်များစုံစမ်းရန်
Ms Jane Kwa, Tel: (65) 9117-0433 Email: [email protected]
စာနယ်ဇင်းများစုံစမ်းရန်
Ms Sylvia Saw McKaige, Email: [email protected]
နိုင်ငံတကာသတင်းဌာနများCogent Communications တွင်စုံစမ်းရန်
Ms Shirley Wong, Tel: (65) 6704-9276 Mob: (65) 9752-2269 Email: [email protected]
Mr Gerald Woon, Tel: (65) 6704-9268, Mob: (65) 9694-8364 Email: [email protected]
မြန်မာသတင်းဌာနများ TODAY Ogilvy Public Relations Myanmar တွင်စုံစမ်းရန်
ဒေါ်လှမြတ်မွ န်၊ Tel: 95-09-5096881၊ Email: [email protected]
Mr Shane Neubronner၊ Tel: 95-09-421151418၊ Email: [email protected]

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *