News

၂၀၁၆ ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန် အပြေးပြိုင်ပွဲအတွက် စက်တင်ဘာလ ၁၅ရက်၂၀၁၅မှ စတင်၍ စာရင်းပေးသွင်းနိုင်ပြီ။

နှစ်စဉ် ကျင်းပလျက်ရှိသည့် မာရသွန် အပြေးပြိုင်ပွဲကိုလေးကြိမ်မြောက်အဖြစ် ဇန်နဝါရီလ ၁၇ ရက် ၂၀၁၆ တွင် ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲစီစဉ်သူများက ပြိုင်ပွဲဝင်ဦးရေ အယောက် ၅ဝ၀ဝ ကျော် ပါဝင်ယှဉ်ပြိုင်သွားမည်ဟု ရည်မှန်းသည်။ ပြိုင်ပွဲမှရရှိသောငွေများကို “Run for Chi ldren” ခေါင်းစဉ်ဖြင့် ပြန်လည်လှူဒါန်းသွားမည်။ Yoma Strategic Holdings Ltd.(Yoma Strategic) မှ ဝမ်းမြောက်ဂုဏ်ယူဖွယ်သတင်းတစ်ရပ်အနေဖြင့် လေးကြိမ်မြောက် ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြေးပွဲကြီး (YYIM) ကို (၁၇)ရက် ဇန်နဝါရီ ၂၀၁၆တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။ ပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ရန်အတွက် စက်တင်ဘာလ (၁၅)ရက် အင်္ဂါနေ့နံနက်(၉)နာရီမှ စတင်စာရင်းပေးသွင်းနိုင်ပြီ ဖြစ်သည်။

၂၀၁၅ခုနှစ်က မြန်မာနိုင်ငံသားနှင့် နိုင်ငံတကာ ပြိုင်ပွဲဝင် (၄၀ဝ၀) ကျော်ပါဝင်သော အကြီးဆုံးမာရသွန် ပြေးပွဲကြီးကို စီစဉ်နိုင်ခဲ့ရာ ပူးပေါင်းစီစဉ်သူများ၊ First Myanmar Investment (FMI) နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) တို့အနေဖြင့် ၂၀၁၆ခုနှစ်တွင် ပြိုင်ပွဲဝင်ဦးရေ (၅၀ဝ၀) ကျော် ပါဝင်ယှဉ်ပြိုင်မည်ဟု ရည်မှန်းထားသည်။ မြန်မာနိုင်ငံ၏ အကြီးကျယ်ဆုံးသော အားကစားပွဲတစ်ခုအဖြစ်သို့ အချိန်တိုအတွင်း ရောက်ရှိလာခဲ့သည့် မာရသွန်အပြေးပြိုင်ပွဲကြီးတွင် (YYIM) အနေဖြင့်အပြေးပြိုင်ပွဲဝင်များ၊ထောက်ပံ့ပေးသူများ၊ အခမဲ့ပရဟိတလုပ်အားပေးကူညီသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ လူထုအားလုံးနှင့်အတူ ပူးပေါင်းပါဝင်နိုင်စေပါသည်။ မြန်မာနိုင်ငံတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော မာရသွန်ပြိုင်ပွဲကြီးသည် “Run for Children” ခေါင်းစဉ်ဖြင့် ထောက်ပံ့လှူဒါန်းမှုများကို ယခင်နှစ်ကစတင်ခဲ့ပြီး ၂၀၁၆ပြိုင်ပွဲတွင်လည်း ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ပါသည်။ ရွေးချယ်ထားသည့် လူမှုကူညီထောက်ပံ့ရေး ပရဟိတသံတမန်များနှင့်ပြည်သူလူထုတို့ ပူးပေါင်းပြီး ချို့တဲ့နွမ်းပါးသော ကလေးငယ်များအတွက် ရန်ပုံငွေရှာဖွေသွားမည်ဖြစ်သည်။

“လွန်ခဲ့တဲ့ ၄ နှစ်ကတည်းက ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲ အခမ်းအနားကို ဖွင့်လှစ်ဖို့အတွက် Yoma Strategic နဲ့အတူ ကျွန်တော်တို့ ပူးပေါင်း လုပ်ကိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ လူအများ ကြိုက်နှစ်သက်တဲ့အားကစားနည်းတစ်ခု စတင်ဖို့အတွက် ပြင်ဆင်နေတဲ့ ဒီလိုအချိန်အခါ ပြန်လည်ရောက်ရှိလာတာကို တွေ့ရတာ ဝမ်းသာအားရမိပါတယ်” ဟု ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်ကပြောသည်။ “ယခုပြိုင်ပွဲဟာ နိုင်ငံတကာ စင်မြင့်ပေါ်သို့ အလျင်အမြန် တိုးတက်နေတဲ့ ရန်ကုန်မြို့ကြီးနဲ့ လူမှုဝန်းကျင်တာဝန်သိ စိတ်ဓာတ်တွေနဲ့အတူ မတူကွဲပြားလှတဲ့ လူမျိုးပေါင်းစုံ အတူတကွပါဝင်ပြီး ရင်းနှီးဖော်ရွေစွာ ပါဝင်ယှဉ်ပြိုင်နိုင်ခြင်းကို ပြသဖို့အတွက် အခွင့်အလမ်းကောင်း တစ်ခု ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

YYIM2015 မာရသွန်အပြေးပြိုင်ပွဲမှ ရရှိခဲ့သော ရန်ပုံငွေများကို သန်လျင်မြို့နယ် ဆုတောင်းပြည့်လူငယ်ဖွံ့ဖြိုးရေးကျောင်းတွင် ပညာသင်ယူနေထိုင်လျက် ရှိသော ကလေးငယ်များ ဘဝအဆင့်အတန်းမြှင့်တင်ရေးအတွက် အသုံးပြုခဲ့ပါသည်။ မြန်မာကျပ်ငွေ (၁၁) သန်းတန်ဖိုးရှိ ရေသန့်စင်စနစ် ဝယ်ယူတပ်ဆင်လှူဒါန်းခဲ့ခြင်းဖြင့် ကလေးသူငယ်ဦးရေ (၁၅၀ဝ) ကို သန့်ရှင်း၍ ကျန်းမာရေးကို အထောက်အကူပြုသော ပတ်ဝန်းကျင်တွင် ကောင်းမွန်စွာ ပညာသင်ကြားစေနိုင်ခဲ့ပြီ ဖြစ်သည်။ ရန်ကုန်မြို့တွင်း (၆) နေရာမှ မူကြိုကလေးငယ် အယောက်(၁၀ဝ)ကျော်တက်ရောက်နေသည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဝင်ငွေနည်းမိသားစုများအတွက် အခမဲ့နေ့ကလေးထိန်းကျောင်း ပိုမိုအဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန်အတွက် မြန်မာငွေကျပ် သန်း(၂၀) လှူဒါန်းခဲ့ပါသည်။ ပဋိပက္ခများဖြစ်ပွားခဲ့သော ဒေသများမှ မိဘမဲ့ကလေးငယ် (၁၀၄၄) ယောက်ကို ပညာသင်ကြားပေးလျှက်ရှိသော ကော့မှူးမြို့နယ်၊ ဆင်ခြံကျေးရွာရှိ အောင်ဇဗ္ဗူ လူငယ်ဖွံ့ဖြိုးရေးဂေဟာသို့လည်း မြန်မာငွေကျပ် (၉)သန်းကိုလည်း လှူဒါန်းခဲ့ပါသည်။

” အခုဆိုရင်၂၀၁၆ ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန် အပြေးပြိုင်ပွကို စတင်တော့မှာ ဖြစ်ပါတယ်။ ဒါဟာ လေးနှစ်အတွင်းမှာ ဒီအပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကြီး ဘယ်လောက်အထိ တိုးတက်ဖြစ်ထွန်းလာခဲ့သလဲဆိုတဲ့ သက်သေပါပဲ။ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ YCDC နဲ့ ပူးပေါင်းဆောင်ရွက်ရင်းနဲ့ ပြိုင်ပွဲဝင်အရေအတွက် များသထက် များအောင် ဆွဲဆောင်နိုင်ခဲ့ပါတယ်။ အပြေးအားကစားကို ခုံမင်နှစ်ခြိုက်ကြတဲ့ ကမ္ဘာ့နေရာအနှံ့က လူတွေကို ပိုပြီး စုစည်းမိလာတယ်။ ဒီပွဲရဲ့အရေးကြီးတဲ့ အပိုင်းကတော့ ” Run for Children ” လို့ ကျွန်တော်တို့ခေါ်တဲ့ လူ့အဖွဲ့အစည်းအတွက် ပြန်လည်ကူညီထောက်ပံ့ဖို့ အားလုံးဝိုင်းပြီးဆောင်ရွက်ပေးရတာပါပဲ။ ပြိုင်ပွဲဝင်တွေနဲ့ ပြည်သူတွေဆီက ရလာတဲ့ ရန်ပုံငွေတွေကို လူငယ်တွေရဲ့ဘဝ အမှန်တကယ် တိုးတက်ပြောင်းလဲလာအောင် လှူဒါန်းထောက်ပံ့သွားမှာပါ ” ဟု Yoma Strategic ၏ CEO ဖြစ်သူ Mr. Melvyn Pun က ပြောကြားခဲ့သည်။

YYIM 2016 လူမှုကူညီထောက်ပံ့ရေး သံတမန်များ

လူမှုကူညီထောက်ပံ့ရေး ရန်ပုံငွေ ရှာဖွေရန်နှင့် လှူဒါန်းမည့် နေရာများဖြစ်သော ဆုတောင်းပြည့်လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်းနှင့် အောင်ဇဗ္ဗူ လူငယ်ဖွံ့ဖြိုးရေး ဂေဟာတို့အကြောင်း လူအများသိစေရန် ရည်ရွယ်ချက်ဖြင့် မနှစ်က စတင်မိတ်ဆက်ခဲ့သော လူမှုကူညီထောက်ပံ့ရေး အစီအစဉ်များကို ယခုနှစ်တွင်လည်း ထပ်မံဆောင်ရွက်သွားမည် ဖြစ်သည်။ ” Run for Children ” ခေါင်းစဉ်ဖြင့် ပြုလုပ်သော လူမှုထောက်ပံ့ရေး အစီအစဉ်မှ မိဘမဲ့ကလေးများ၊ ပဋိပက္ခဒေသများမှ ကလေးသူငယ်များ စုစုပေါင်းအရေအတွက် (၂၅၀ဝ) ကျော်ကို ပညာသင်ကြားရေးနှင့် နေထိုင်ရေးအထောက်အပံ့များ ပေးလျှက်ရှိသည်။ YYIM 2016 စီစဉ်သူများ အနေဖြင့် မာရသွန်ပြိုင်ပြိုင်ပွဲတွင် ပါဝင်သူများအား တိုက်တွန်းလိုသည်မှာ လှူဒါန်းသွားမည့် အဖွဲ့အစည်းများအတွက် တကိုယ်ရည် လှူဒါန်းသွားခြင်းဖြင့်လည်း ကုသိုလ်ယူနိုင်မည်ဖြစ်ပါသည်။

ရွေးချယ်ထားသည့် သံတမန်များနှင့် မည်သို့ ပူးပေါင်းလှူဒါန်းနိုင်သည်ကို ပြိုင်ပွဲဝင်များနှင့် ပြည်သူလူထု၏ စိတ်ဝင်စားမှုပေါ် မူတည်ပြီး လာမည့် ရက်သတ္တပတ်များတွင် ထုတ်ပြန်ကြေညာသွားပါမည်။ ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန် အပြေးပြိုင်ပွအဲကြောင်း ရန်ကုန်မြို့တွင် ကျင်းပသည့် တစ်ခုတည်းသော အကြီးမားဆုံး အပြေးပြိုင်ပြိုင်ပွဲကြီး ဖြစ်ပါသည်။ YYIM ၏ အဓိက ရည်ရွယ်ချက်မှာ ပြည်တွင်းသာမက နိုင်ငံတကာရှိ အပြေးပြိုင်ပွဝဲင်အားကစားသမားများနှင့် လူထုတို့ အပြေးအားကစားမှ တဆင့် ပိုမိုချစ်ကြည်ရင်းနှီးလာစေရန် ဖြစ်သည်။ အပြေးပြိုင်ပွဲဝင်များသည် မြို့ပြဆန်မှုနှင့် ကျေးလက်အငွေ့အသက်များ ရောနှောနေသေးသော ရန်ကုန်မြို့ကို ဖြတ်၍ အမျိုးမျိုးသော ရင်သပ်ရှုမောဖွယ်မြင်ကွင်းများကို ကြည့်ရှုခံစားနိုင်မည့် နေ့တစ်နေ့အဖြစ် ကမ္ဘာ့မာရသွန် အပြေးပြိုင်ပွဲ ပြက္ခဒိန်တွင် မှတ်တမ်းတင်ထားနိုင်မည်မှာ အသေအချာပင်ဖြစ်သည်။

YOMA STRATEGIC HOLDINGS LTD. အကြောင်း

(WWW.YOMASTRATEGIC.COM) Singapore Securities Exchange Trading Limited (SGX-ST) ၏ Main Board စာရင်းဝင်ဖြစ်သော Yoma Strategic Holdings Ltd. သည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း၊ လက်လီလုပ်ငန်း၊ မော်တော်ယာဉ်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ အဆင့်မြင့် ခရီးသွားဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နေသာ ထိပ်တန်းစီးပွားရေး ကော်ပိုရေးရှင်းတစ်ခုဖြစ်သည်။ Yoma Strategic Holdings Ltd. သည် မိတ်ဖက်ဖြစ်သော SPA အုပ်စုနှင့်အတူ ပူးပေါင်းကာ လုပ်ငန်းစုံကော်ပိုရေးရှင်းကြီးအဖြစ် မြန်မာနိုင်ငံ၏ စီးပွားရေးနယ်ပယ်အသီးသီးတွင် လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေပါသည်။

FIRST MYANMAR INVESTMENT အကြောင်း First Myanmar Investment Co.,Ltd.(FMI) ကို မြန်မာနိုင်ငံတွင် ပထမဆုံးအများနှင့်သက်ဆိုင်သည့် ကုမ္ပဏီများအနက် ကုမ္ပဏီတစ်ခု အဖြစ် ၁၉၉၂ ခုနှစ် တွင် စတင်တည်ထောင်ခဲ့ပါသည်။ လက်ရှိအချိန်တွင် အစုရှယ်ယာရှင် (၆၅၀ဝ) ကျော်ရှိပြီး စတင် တည်ထောင်ခဲ့ချိန်မှစ၍ အမြတ်အစွန်းနှင့် အမြတ်ဝေစုခွဲဝေမှု စဉ်ဆက်မပြတ်ရှိခဲ့ပါသည်။ FMI ကုမ္ပဏီသည် ဘဏ္ဍာရေး ဝန်ဆောင်မှုကဏ္ဍ၊ အိမ်ရာဖော်ထုတ်တည်ဆောက်ရေးကဏ္ဍ နှင့် ကျန်းမာရေးကဏ္ဍ ဟူသော အဓိကကဏ္ဍ(၃)ရပ်တွင် ရင်းနှီးမြှုပ်နှံမှု များ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။ ဤကုမ္ပဏီသည် နိုင်ငံတကာထိပ်တန်းကုမ္ပဏီများဖြစ်သည့် မစ်ဆူဘီရှီ၊ အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးကော်ပိုရေးရှင်း၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ လစ်ပိုဂရု(ပ်)၊ တယ်လီနော နှင့် ပါက်ဆန်တို့နှင့်လည်း အကျိုးတူလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *