မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်လာသည့်နှင့်အမျှ ပြုပြင်ပြောင်းလဲမှုများနှင့်အတူ မြန်မာပြည်တွင်း စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ပေါ်ပေါက်လာကြပြီး အသေးစားနှင့် အလတ်စား လုပ်ငန်းရှင်များအတွက် ပိုမို အောင်မြင်စေရန် ရည်ရွယ်၍ ဂျာမနီနှင့် ပူးပေါင်းဆောင်ရွက်မှုနဲ့အတူ Yangon Business Support Services Fair ပြပွဲကို မေလ ၂၄ ရက်နေ့ ၂၀၁၄ ခုနှစ်တွင် မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ရန်ကုန်မြို့ Co-operative Business Center ၅ လွှာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုပြပွဲတွင် အသေးစားနှင့် အလတ်စား လုပ်ငန်းရှင်များအတွက် အခွင့်အလမ်းများ များစွာ ရရှိခဲ့ပါသည်။ ပြပွဲတွင် ပြခန်းပေါင်း ၃၀ ခန်း ဝင်ရောက် ပြသကြပြီး သက်မွေးမှုသင်တန်းကျောင်းဖြစ်သည့် Center for Vocational Training သင်တန်းကျောင်းမှ Capacity Development Training ဖြစ်သည့် သင်တန်းများနှင့်အတူ နှစ်စဉ် သင်ကြားလျက်ရှိသော အလုပ်သင် ပညာရေးစနစ်ဖြင့် သင်ကြားနေသော သင်တန်းအမျိုးအစား ၅ မျိုးသည်လည်း ဝင်ရောက် ပြသခဲ့ကြောင်း သတင်းရရှိပါသည်။
အသေးစားနှင့် အလတ်စား လုပ်ငန်းများသည် နိုင်ငံစီးပွားရေး၏ အဓိက မောင်းနှင်အားတစ်ခုပင် ဖြစ်ပါသည်။ SMEများ တိုးတက်မှုသည် တိုင်းပြည်စီးပွားရေး တိုးတက်မှုနှုန်းအား ဦးဆောင်နေသကဲ့သို့ အားလုံးပါဝင်သည့် ဖွံ့ဖြိုးတိုးတက်မှု အပါအဝင် ဆင်းရဲချမ်းသာ ကွာဟမှုနည်းပါးစေခြင်း၊ အလုပ်အကိုင် ဖန်တီးနိုင်ခြင်း စသည့် အဓိကကျသော ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များနှင့်လည်း ဆက်စပ်မှုရှိနေကြောင်း လေ့လာတွေ့ရှိခဲ့ရပါသည်။ SME များအား အားပေးမှု အစီအစဉ်များသည် မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံ တစ်ခုအတွက် နည်းဗျူဟာ နမူနာပုံစံများဖြစ်ပြီး အစိုးရနှင့် ပြည်သူ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အသေးစားနှင့် အလတ်စား လုပ်ငန်းရှင်များ အများအပြား ပေါ်ထွန်းလာစေရေးကို ရှေးရှုပြီး ယခုလို ပြပွဲများ ခင်းကျင်းပြသသည်များကို စဉ်ဆက်မပြတ် ပြုလုပ်သွားသင့်ကြောင်းနှင့် မြန်မာနိုင်ငံအတွင်းရှိ အသေးစားနှင့် အလတ်စား လုပ်ငန်းရှင်များ ပိုမိုအောင်မြင်လာမည်ဖြစ်ပါကြောင်း ပြောကြားလိုက်ရပါတော့သည်။
မနောဖြူလေး