Featured, Mobile, News, Review

မိုက်ကရိုဆော့ဖ်ရဲ့ ကမ္ဘာ့ဈေးအပေါဆုံး စမတ်ဖုန်း

မိုက်ကရိုဆော့ဖ်ရဲ့ ကမ္ဘာ့ဈေးအပေါဆုံး စမတ်ဖုန်း

မိုက်ကရိုဆော့ဖ်က ကမ္ဘာ့ဈေးအပေါဆုံး စမတ်ဖုန်းကို ပြသလိုက်ပါတယ်။ နိုကီယာ ၂၁၅ ဖြစ်ပြီး ၂၉ ဒေါ်လာသာ ကျသင့်ပါတယ်။ မိုက်ကရိုဆော့ဖ်က ၂၁၅ ကို ကမ္ဘာ့ဈေးအသက်သာဆုံး အင်တာနက် ဆက်သွယ်မှုပါတဲ့ ဖုန်းလို့ ပြောပါတယ်။

ဒေါ်လာ နှစ်ဆယ်တန် နိုကီယာ ၁၀၅ ကို မနှစ်က ရောင်းချခဲ့ပေမယ့် ၂၁၅ရဲ့ အားသာချက်က အင်တာနက်ဆက်သွယ်မှုနဲ့ ကင်မရာပါရှိတာပါ။

ဈေးအလွန်သက်သာပေမယ့် နိုကီယာ ၂၁၅ကို အသုံးပြုသူတွေအတွက် Opera Mini Browser, Bing Search, MSN Weather, Twitter, Facebookတို့ကနေ အွန်လိုင်းသုံးလို့ရပါတယ်။ အဲဒီဖုန်းမှာ Facebook Messengerလည်းပါရှိလာပြီး စဉ်ဆက်မပြတ် ဆက်သွယ်မှု ပြုလုပ်နိုင်ပါတယ်။

ဒါပေမယ့် ဒီဖုန်းကို အမေရိကန်မှာ ရောင်းချမှာ မဟုတ်ပါဘူး။ နိုကီယာ ၂၁၅ ကို အရှေ့အလယ်ပိုင်း၊ အာဖရိက၊ အာရှနဲ့ ဥရောပရှိနိုင်ငံအချို့မှာ ဒီနှစ်ပထမသုံးလအတွင်း ရောင်းချမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ အလွန်ဈေးသက်သာတဲ့ မိုဘိုင်းဖုန်းနဲ့ ဒစ်ဂျစ်တယ် ၀န်ဆောင်မှုများကြောင့် ပထမဆုံး အနေနဲ့ အင်တာနက် အသုံးပြုလာနိုင်မယ့် ဘီလီယမ်နဲ့ချီတဲ့ လူသားတွေကို ၀မ်းမြောက်၀မ်းသာစွာ မြင်တွေ့ရဖို့ အခွင့်အရေးရှိနေပါတယ်လို့ Microsoft Devices Groupမှ ဒုတိယ ဥက္ကဌ Jo Harlowက မီဒီယာတွေကို ပြောကြားသွားပါတယ်။

စမတ်ဖုန်းကို အစိမ်းရင့် ၊ အနက်၊ အဖြူ ရောင်များ ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။ ဘက်ထရီက Standbyအသုံးပြုရင် ၂၉ ရက်ကြာ အသုံးခံပါတယ်။ လျှပ်စစ် ရရှိမှု မတည်ငြိမ်တဲ့ နိုင်ငံတွေအတွက်တော့ မရှိမဖြစ် စမတ်ဖုန်း ဖြစ်ပါတယ်။

Microsoft, Samsungနဲ့ အခြား စမတ်ဖုန်း ထုတ်လုပ်သူတွေဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေက လူတွေအတွက် တန်ဖိုးနည်းဖုန်းတွေကို အပြိုင်အဆိုင် ထုတ်လုပ်နေကြပါတယ်။ အနောက်နိုင်ငံတွေမှာ စမတ်ဖုန်း ရောင်းချရမှု နည်းလာတဲ့အတွက် မိုဘိုင်းဖုန်း ထုတ်လုပ်သူတွေဟာ ဖုန်းရောင်းကောင်းဖို့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို အာရုံထားလာပါတယ်။

ပြီးခဲ့တဲ့နှစ်က Mozillaက Firefox OSမောင်းနှင်တဲ့ ၂၅ ဒေါ်လာတန် စမတ်ဖုန်းကို ရောင်းချဖို့ အစီအစဉ်ကို ကြေညာခဲ့ပေမယ့် အခုထက်ထိ မရောင်းချနိုင်သေးပါဘူး။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *