ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ Networking နည်းပညာရပ်များကို စိတ်ဝင်စားသော မြန်မာလူငယ်များအတွက် Wireless Network Essentials Course(WNE) အမှတ်စဉ် (၈) သင်တန်းကို ၂၀၁၄ ခုနှစ်၊ ဇူလှိုင်လ (၂၆) ရက်နေ့ ၌ စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။
ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ NGO များ၌ အလုပ်လုပ်နေသော Network Engineer များ၊ IT Officer များ Wireless အကြောင်းလေ့လာနေသူများ၊ ကျောင်းသူကျောင်းသားများ အထူးတက်ရောက်သင့်ပါသည်။ သင်တန်း၌ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အလုပ်အမှုဆောင် ဦးဇော်ဝင်းထွန်း မှ သင်ကြားပေးမည်ဖြစ်သည်။
ပါဝင်မည့် အကြောင်းအရာများ…
About Wireless Local Area Network and WLAN Configuration
Ad-host,WLAN (Point to Point, Point to Multipoint, Repeater)
Using Outdoor Antenna Airmax sector 5GHz with Rocket Titanium ( Short and Long )
WiFi HotSpot Creating for Software and Hardware
WiFi Controller Device and Access Point CPE
Wireless IP Camera Configuration with Cloud
Zentyal Server, Pfsense Hotspot and Radius WiFi
Local VPN Network Configuration
Basic Mobile WiFi Network
VOIP Gateway and IP Soft Phones
MikroTik Router Board Configuration…အစရှိသည်တို့ကို စာတွေ့လက်တွေ့ သင်ကြားလေ့လာရမည် ဖြစ်သည်။
သင်တန်းကာလ – ၂၀၁၄ ခုနှစ်၊ ဇူလှိ်ုင်လ (၂၆) ရက် မှ သြဂုတ်လ (၂၄) ရက်အထိ (စနေ၊တနင်္ဂနွေ)
သင်တန်းအချိန် – နေ့လည် ဝ၁းဝ၀ နာရီ မှ ၄း၃၀ နာရီအထိ
သင်တန်းကြေး – ၉၀,ဝ၀ဝိ/ (ကိုးသောင်းကျပ်)
MCPA Member (50%) – ၄၅,ဝ၀ဝ (လေးသောင်းငါးထောင်ကျပ်)
သင်တန်းသားဦးရေ – (၁၅) ဦး
သင်တန်းနေရာ – အဆောင် (၄)၊ အခန်း (၄)၊ MICT Park၊ MCPA Lab Room၊ လှိုင်မြို့နယ်။
သင်တန်းတက်ရောက်လိုသူများ အနေဖြင့် ၂၀၁၄ ခုနှစ်၊ ဇူလှိ်ုင်လ (၂၆) ရက်နေ့ညနေ (၄) နာရီ နောက်ဆုံးထား၍ MCPA ရုံးခန်းသို့ လာရောက်စာရင်းပေးသွင်းနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ ဖုန်းနံပါတ် – ၆၅၂၂၇၆၊ ဝ၉-၇၃၀၈၈၃၀ဝ သို့ စုံစမ်းမေးမြန်းနိုင်ပါသည်။
Wireless Network Essentials Course (WNE)” အမှတ်စဉ် (၈) သင်တန်း

07
Jul