Microsoft က Windows Phone 8.1 ကို Update ပြုလုပ်ပေးဖို့ပြင်ဆင်နေပါတယ်။ Update မှာ Start Screen မှာ နောက်ခံ ဓာတ်ပုံ ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။ Tiles တွေကို ဖောက်ထွင်းပြီးနောက်ခံ ဓာတ်ပုံကို မြင်ရမှာ ဖြစ်ပါတယ်။ Windows Phone 8.1 ရဲ့ Start Screen ကို Screenshot ရိုက်ထားတဲ့ ဓာတ်ပုံကို အောက်မှာလေ့လာနိုင်ပါတယ်။
ဒီလို Start Screen မှာ နောက်ခံဓာတ်ပုံထည့်သွင်းနိုင်တာဟာ Default အားဖြင့် On ထားမှာ မဟုတ်ပါဘူး။ Apps တိုင်းရဲ့ Tile တွေဟာလည်း ဖောက်ထွင်းမြင်ရမှာ မဟုတ်ဘူးလို့ သိရပါတယ်။ Games, Office, Xobx Music တို့လို Apps တွေရဲ့ Tiles တွေဟာ ဖောက်ထွင်းမြင်ရမှာ မဟုတ်ပါဘူး။ Microsoft ရဲ့ တီထွင်နေမှုဟာ Third-Party App တစ်ခုဖြစ်တဲ့ Skinery နဲ့ ဆင်တူပါတယ်။ Windows Phone 8.1 မှာ Windows Phone 8 ရဲ့ Start Screen မှာ အသုံးပြုထားတဲ့ အရောင်တွေကိုပဲ အသုံးပြုထားပါတယ်။ Microsoft က ဧပြီလအစောပိုင်းမှာ ပြုလုပ်မယ့် Build Developer Conference မှာ Windows Phone 8.1 ကို Developer တွေကို ပြသမယ်လို့ မျှော်လင့်ရပါတယ်။