Opinion

မီလျံနာတွေ ဖြစ်တော့မည်

ပြည်တွင်း အခွန်များ ဦးစီးဌာနမှ ဖွင့်လှစ်ပေးနေသော အောင်ဘာလေ သိန်းဆုများနှင့် ပတ်သက်၍ ဈေးကွက်က တောင်းဆိုလာပါက လက်ရှိအမြင့်ဆုံး သိန်း ၁,၅၀၀ဆုထက် ပိုမို တိုးမြှင့်ပေးသွားမည် ဖြစ်ကြောင်း၊ နိုင်ငံတော်အတွက်လည်း ဝင်ငွေရသည့် အလုပ်ဖြစ်ကြောင်း၊ အခုခေတ်တွင် အမြဲတမ်း Strict လုပ်ထား၍ မရကြောင်း၊ လက်ရှိမှာလည်း ဆုငွေများကို တိုးပေးထားကြောင်း၊ ဈေးကွက်က တောင်းဆိုလာသည့်အပေါ် မူတည်၍ ပြောင်းလဲပေးသွားမည် ဖြစ်ကြောင်းဖြင့် ယခုလအတွင်း နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စု ဝန်ကြီးများနှင့် မီဒီယာများ တွေ့ဆုံပွဲတွင် ဘဏ္႑ာရေးနှင့် အခွန်ဝန်ကြီး ဌာနပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ ၂၀၀ကျပ်တန် ထီလက်မှတ်များကို ၂၀၀၈ခုနှစ်၊ ဒီဇင်ဘာလ ၁ရက်နေ့မှ စတင် ရောင်းချပေးခဲ့ပြီး ကျပ်သိန်း ၁၀၀၀ဆုကို ၂၀၀၉ခုနှစ်၊ ဇန်နဝါရီလ ၁ရက်နေ့ကစပြီး ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ပါသည်။ ၂၀၁၂ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့တွင် ဖွင့်လှစ်သည့်

(၂၇၇)ကြိမ်မြောက် အောင်ဘာလေ သိန်းဆုဖွင့်ပွဲတွင် ကျပ်သိန်း ၁၅၀၀သို့ တိုးမြှင့်ပေးခဲ့ပြီး၂၀၁၂ခုနှစ်၊ နိုဝင်ဘာလ ၁ရက်နေ့မှစ၍ ကျပ်သိန်း ၁၅၀၀ဆုကြီး၏ အက္ခရာနှင့် ရှေ့ဂဏန်း နှစ်လုံး အစဉ်လိုက်တူ ဆုများကို တစ်ဆုလျှင် ကျပ် ၅၀၀၀၀ သတ်မှတ်ပေးခဲ့ပါသည်။ ၂၀၁၃ခုနှစ်၊ မတ်လ ၁ရက်နေ့တွင် ဖွင့်လှစ်မည့် အကြိမ် ၂၉၀မြောက် ထီဖွင့်ပွဲတွင် “က” အက္ခရာမှ “အ” အထိ ဗျည်း ၃၃လုံး ဖွင့်လှစ်ပေးသွားမည် ဖြစ်ပြီး ဆုမဲပေါင်း (၂၅၁၂၅)ဆု ခွဲဝေပေးသွားမည် ဖြစ်ပါသည်။၂ကျပ်ဖိုးနှင့် သိန်းထီထိုးခဲ့ရသည့် ခေတ်မှသည် ထီတစ်စောင် ၂၀၀ကျပ် အထိဖြစ်လာသည်။ ၂၀၀ကျပ်က အခွန်ရုံးတွေမှာပဲ ဝယ်လို့ရသည်။ တန်းစီ ဝယ်ရသည်။ ဆိုတော့ ထီဆိုင်တွေကိုပဲ အားပေးရတော့သည်။ ထီလှည်းလေးတွေက နေရာတိုင်းမှာ ရှိသည်။

ရပ်ကွက်တိုင်း၊ လမ်းတိုင်း၊ ဈေးတိုင်းသို့ ရောက်သည်။ သွားရင်း လာရင်း ခလုတ်တိုက်နိုင်သည်။ ထီတစ်စောင် ၂၀၀နှင့်တော့ မရ။ သူတို့လည်း အမြတ်တော့ တင်မည် ဖြစ်သည်။ ၂၅၀နှင့် ရတယ်ဆိုတာကတော့ ရှားရှားပါးပါးပဲ။ အများအားဖြင့် ထီတစ်စောင် ၃၀၀ကျပ်တော့ ပေးရပြီး အနိမ့်ဆုံးနှစ်စောင်တွဲသာ ရှိတတ်သည့်အတွက် ထီတစ်ခါထိုးရင် ၆၀၀ကျပ်တော့ ရင်းရမည်။ ထီ ဖွင့်ခါနီးရင်တော့ ၄၀၀လောက်အထိ ဖြစ်သွားတတ်သည်။ ထီလက်မှတ် ရောင်းချရငွေ၏ ၄၀ရာခိုင်နှုန်းသည် နိုင်ငံတော် ဘဏ္႑ာငွေ ဖြစ်သည့်အတွက် ပညာရေး ကျန်းမာရေးများတွင် သုံးစွဲမည် ဖြစ်သဖြင့် လှုသည်ဟုလည်း သဘောထား၍ ရပါသည်။ လက်ရှိတွင် ထီဆုကြီးသည် ကျပ်သိန်း ၁၅၀၀ဖြစ်သည့်အပြင် ထပ်မံ တိုးဦးမည်ဟုလည်း ကြားသိရသည့်အတွက် ထီတစ်စောင် ကျပ် ၃၀၀ဆိုလည်း ထိုးပျော်သည်ဟုသာ…။

Leave a Reply

Your email address will not be published. Required fields are marked *