Android Overclock
Android Overclock App က သင့်ရဲ့ စမတ်ဖုန်း စွမ်းဆောင်ရည်ကို လျှင်မြန်စွာ မြှင့်တင်ပေးနိုင်သည့်အပြင် ဘက်ထရီသက်တမ်း ကိုလည်း ကြာရှည်ခံအောင်ပြုလုပ်ပေးနိုင်ပါတယ်။ ဖုန်းအတွင်းပိုင်းမှာရှိတဲ့ CPU ရဲ့ အမြန်နှုန်းကို စိတ်ကြိုက်ထိန်းချုပ်နိုင်ပြီး စမတ်ဖုန်းရဲ့ Profiles ကိုလည်းပြင်ဆင်ခွင့်ပေးထားပြီး Time, Temperature, Battery, Screen On/Off အစရှိတာတွေကိုလည်းပြင်ဆင်နိုင်ပါသေးတယ်။ ဒီ Android Overclock App ကိုအသုံးပြုဖို့အတွက် သင့်ရဲ့စမတ်ဖုန်းက Root ပြုလုပ်ပြီးသား ဖြစ်ရပါမယ်။ ဖုန်းရဲ့ Voltage ကိုတွက်ချက်ပေးနိုင်ပြီး မလိုအပ်တဲ့ Cache တွေကိုလည်းရှင်းလင်းဖယ်ရှားပေးပါတယ်။ Android Overclock App ရဲ့ဖိုင်အရွယ်အစားက 1.3M ဖြစ်ပြီး Android OS 2.1နှင့်အထက် မှာအသုံးပြုနိုင်ပါတယ်။ Android Overclock App ကိုသုံးစွဲချင်ရင်တော့ Google Play Store မှာ $1.99 နဲ့ဝယ်ယူအသုံးပြုနိုင်ပါတယ်။
Myanmar Sittuyin
Total Gameplay Studio က ဖန်တီးထုတ်လုပ်ထားတဲ့ Myanmar Sittuyin App ဟာအွန်လိုင်းဂိမ်း အမျိုးအစားဖြစ်ပါတယ်။ မြန်မာစစ်တုရင်ဂိမ်းကစားနည်းဟာဆိုရင် အရှေ့တောင်အာရှမှာ ရှေးယခင် ကတည်းကပင်တည်ရှိခဲ့တဲ့ ကစားနည်းဖြစ်ပါတယ်။ Myanmar Sittuyin ဂိမ်းထဲမှာ စစ်တုရင်ကစားနည်း၊ ကျားထိုးကစားနည်း(Checkers)၊ ဇယ်ခုံကစားနည်း(Carrom) ဆိုပြီး ဂိမ်းအမျိုးအစားသုံးမျိုး ထည့်သွင်း ပေးထားပါတယ်။ ဂိမ်းရဲ့ ရုပ်ထွက်ပိုင်းကလှပသေသပ်ပြီး 2D နဲ့ 3D နှစ်မျိုးစလုံးကစားနိုင်အောင် ဖန်တီးပေးထားတာ တွေ့ရပါတယ်။ စစ်တုရင်ကစားနည်းကို ပုံစံအမျိုးမျိုးနဲ့ကစားနိုင်အောင်စီစဉ်ပေးထားပြီး မြန်မာမှုပြုထားတဲ့ မြန်မာနန်းတွင်းပုံစံအပြင် ထိုင်းရိုးရာပုံစံ၊ ဘီလူးရုပ်ပုံစံနဲ့ ရှေးခေတ်ဗြိတိသျှစစ်တပ်ပုံစံ အစရှိတာတွေနဲ့ Myanmar Sittuyin App ကို စွဲမက်ဖွယ်ကောင်းအောင် ဖန်တီးပေးထားပါသေးတယ်။ ဒီ App ရဲ့ဖိုင် အရွယ်အစားကတော့ 39M ရှိပြီး Android OS 3.2 နှင့်အထက်မှာ ကစားနိုင်ပါတယ်။ Myanmar Sittuyin App ကို Google Play Store မှာ အခမဲ့အသုံးပြုခွင့်ပေးထားပါတယ်။
Gallery Designs
ဒီဇိုင်းဖန်တီးမှု Features တွေနဲ့ပေါင်းစပ်ဖန်တီးထားတဲ့ Gallery Designs App ကို ပြီခဲ့တဲ့ မတ်လ ၂၃ရက်နေ့မှာ Google Play Store မှာ အခမဲ့အသုံးပြုနိုင်အောင် ဖြန့်ချိပေးထားပါတယ်။ Gallery Designs က ဓာတ်ပုံတွေကိုလွယ်ကူစွာကြည့်ရှူ့နိုင်တဲ့ အကောင်းဆုံး Photo Viewer App တစ်ခုဖြစ်ပြီး ဓာတ်ပုံတွေကို မိမိစိတ်ကြိုက် ဒီဇိုင်းပုံစံတွေနဲ့ ပြင်ဆင်ဖန်တီးနိုင်အောင်ပြုလုပ်ပေးထားပါတယ်။ SD Card ထဲမှာသိမ်းထားတဲ့ ဓာတ်ပုံတွေကိုလည်း သင်ကိုယ်တိုင် Special Effects တွေနဲ့ အချိန်စက္ကန့်ပိုင်းအတွင်းမှာ ပြုလုပ်နိုင်ပါတယ်။ အမှတ်တရဓာတ်ပုံတွေကို စာသားများနဲ့ရေးမှတ်ထားဖို့အတွက် ဘာသာစကားပေါင်း ၂၀ ကျော်ကိုလည်း ထည့်သွင်းပေးထားပါတယ်။ Gallery Designs Version 1.0.2 ရဲ့ဖိုင်အရွယ်အစားကတော့ 11MB ရှိပြီး Android OS 2.3 နှင့်အထက်မှာ အသုံးပြုနိုင်ပါတယ်။ Gallery Designs App ကိုဖန်တီးရေးဆွဲသူကတော့ Creative Touch ပဲဖြစ်ပါတယ်။
iPhone Keyboard
Android စမတ်ဖုန်းနဲ့တက်ဘလက်တွေမှာ iPhone Keyboard ကိုအသုံးပြုချင်သူတွေအတွက် Google Play Store မှာအခမဲ့ဒေါင်းလုပ်ရယူခွင့် ပေးထားပါတယ်။ အဆိုပါ iPhone Keyboard ဟာ Apple ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ iPhone 5s Keyboard Application အမျိုးအစားဖြစ်ပါတယ်။ ဖိုင်အရွယ်အစားက 1.9M ရှိပြီး Android OS 2.2 နှင့်အထက်မှာ အသုံးပြုနိုင်ပါတယ်။
Audi Lock Screen
Audi ကားတွေကိုကြိုက်နှစ်သက်သူတွေအတွက် မိမိရဲ့စမတ်ဖုန်း Lock Screen မှာအလှဆင် နိုင်ဖို့အတွက် Audi Lock Screen App ကိုအသုံးပြုနိုင်ပါတယ်။ Audi Lock Screen ရဲ့ဒီဇိုင်းပုံစံဟာ iPhone 5s Lock Screen နဲ့ဒီဇိုင်းပုံစံဆင်တူပါတယ်။ ရိုးရှင်းလှတဲ့ Android Lock Screen နေရာမှာ Audi ကားအမျိုး အစားပေါင်းများစွာပါဝင်တဲ့ Audi Lock Screen ကိုအစားထိုးအသုံးပြုလိုက်ခြင်းအားဖြင့် သင်ဟာ Audi ကား ကြိုက်နှစ်သက်သူ အမာခံပရိသတ်တစ်ယောက်အနေနဲ့ သိသာထင်ရှားစေမှာပါ။ မတ်လ ၂၅ရက်နေ့ကမှ Google Play Store မှာစတင်ဖြန့်ချိခဲ့တဲ့ Audi Lock Screen ရဲ့ဖိုင်အရွယ်အစားဟာ 3.1 M ရှိပါတယ်။ Audi Lock Screen ကိုအခမဲ့ရယူအသုံးပြုနိုင်ပြီး Android OS 2.2 နှင့်အထက်မှာအသုံးပြုနိုင်ပါတယ်။