News, Review

Transcend JetFlash 380G

Transcend JetFlash 380G

Shwe Lamin Nagarမှ ပေးပို့လာသော သတင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

သုံးစွဲသူများ အံ့သြသွားလောက်တဲ့ ဒီဇိုင်းနှင့် ထပ်မံရောက်ရှိလာတဲ့ Transcend JetFlash 380G နှင့် မိတ်ဆက်ပေးပါရစေ။ ဒီ Transcend JetFlash 380G လေးမှာဆိုရင် USB ခေါင်း (၂) မျိုးနှင့် ပွဲထွက်လာပါတယ်။ Smart Phone, Tablet တို့အတွက် Mini USBနှင့် Desktop & Laptop တို့အတွက် Full USB တို့ဖြင့် ဆင်ယင်ထားတဲ့အတွက် ဒေတာပြောင်းရွေ့မှုတွင် ပိုမိုလွယ်ကူစေမှာအမှန်ပါ။ ရွှေရောင်လေးနှင့် ဆင်ယင်ထားပြီး Mini USB ခေါင်းလေးကို အနက်ရောင် ဖိုင်ဘာအဖုံးနှင့် ဖုံးအုပ်ထားတဲ့အတွက် တစ်မျိုးဆန်းသစ်နေမှာပါ။ Transcend Products များဟာဆိုရင် ဒီဇိုင်းလှပရုံတင်မကဘဲ အရည်အသွေး၊ အကြမ်းခံမှုမှာပါ ပြောစရာမလိုလောက်အောင် အဖက်ဖက်က ပြည့်စုံစေပါတယ်။

Transcend JetFlash 380G ဟာ ရေစိုခံ Products ဖြစ်ပြီး ဒေတာ ပြောင်းရွေ့ရာတွင် အဆင်ပြေစေအောင် USB 2.0 ကိုထည့်သွင်းပေးထားပါတယ်။ Transcend JetFlash 380G မှာ ပျောက်ဆုံးသွားတဲ့ သင့်ရဲ့တန်ဖိုးရှိလှတဲ့ ဒေတာတွေကို Recover ပြုလုပ်ဖို့အတွက် Recover Software ပါဝင်သည့်အပြင် Transcend Elite data management Software ပါဝင်ပါသည်။ ဒီ JetFlash လေးဟာ  OTG ဖြစ်တဲ့အတွက် Android Devices များနှင့် အဆင်ပြေစေပါတယ်။ Warranty ကိုလည် Lifetime ပေးထားတဲ့အတွက် ယုံကြည်စိတ်ချစွာအသုံးပြုနိုင်ပါတယ်။ ရွှေလမင်းနဂါးကုမ္ပဏီမှ တရားဝင်ဖြန့်ချီနေပြီး မြန်မာနိုင်ငံအမြို့မြို့ အနယ်နယ်ရှိ ကွန်ပျူတာဆိုင်ကြီးများနှင့် ဖုန်းဆိုင်များတွင် ရရှိနိုင်ပါသည်။  Transcend JetFlash 380G –  8 GB – 9100 Kyats, 16 GB – 12900 Kyats, 32 GB – 20300 Kyats။

Leave a Reply

Your email address will not be published. Required fields are marked *