Education, Lifestyle

Training Company Instructor Course နှင့် Post Graduate for Young Entrepreneurs Program

Training Company Instructor Course နှင့် Post Graduate for Young Entrepreneurs Program သင်တန်းဆင်းပွဲ

CVT Myanmar သင်တန်းကျောင်းသည် အကျိုးအမြတ်ကို မရည်ရွယ်သော (INGO) အဖွဲ့အစည်းမှ အသက်မွေးဝမ်းကျောင်းပညာ ဒီပလိုမာအဆင့်ထိသင်တန်းများကို စာတွေ့လက်တွေ့ ပူးတွဲသင်ကြားပေးနေသော အလုပ်သင် သင်တန်းပုံစံ (Dual Education/Apprenticeship) ဖြင့် အကောင်အထည်ဖော် သင်ကြားနေပါသည်။ သင်တန်းများမှာ

  • Cabinet Maker (ပရိဘောဂပြုလုပ်မှု အတတ်ပညာသင်တန်း)
  • Metal Worker (သတ္တုပစ္စည်းထုတ်လုပ်မှု အတတ်ပညာသင်တန်း)
  • Electrician (လျှပ်စစ်ကျွမ်းကျင်မှု အတတ်ပညာသင်တန်း)
  • Commercial Assistance (စီးပွားရေးပညာ အထောက်အကူပြု သင်တန်း)
  • Hotel & Gastronomy Assistance (ဟိုတယ်နှင့် ဧည့်ဝတ်ပြုမှုဆိုင်ရာ အတတ်ပညာသင်တန်း)

တို့ကို MRCS ကြက်ခြေနီရုံး အဆောက်အဦးတွင် ၂၀ဝ၂ ခုနှစ်မှ စတင်၍ နှစ်စဉ်ပုံမှန် ဖွင့်လှစ်သင်ကြားလျက်ရှိပါသည်။ ယခုကျင်းပသော အခမ်းအနားမှာ ယင်းဖော်ပြပါ ပုံမှန်သင်တန်းများအပြင် ထပ်မံတိုးချဲ့၍ အခမဲ့ ဖွင့်လှစ်သင်ကြားပေးသော Pilot Training Course များဖြစ်သည့်

  • Post Graduate for Young Entrepreneurs Program
  • Training Company Instructor Course
  • CVT Certified Instructor Course

သင်တန်း သုံးခုအနက်မှ Training Company Instructor Course နှင့် Post Graduate for Young Entrepreneurs Program သင်တန်းနှစ်ခုမှ သင်တန်းသားများအား သင်တန်းဆင်း အောင်လက်မှတ်ပေးပွဲ ဖြစ်ပါသည်။ Training Company Instructor Course သည် CVT Myanmar နှင့်အတူ လက်တွဲလုပ်ကိုင်လျက်ရှိသော Companyများမှ Managerအဆင့်များ၊  Supervisorအဆင့်များ အပြင် ကုမ္ပဏီပိုင်ရှင်များအား လုပ်ငန်းတွင် လိုအပ်သော သင်ကြားရေးနည်းစနစ်များကို လေ့ကျင့်သင်ကြားပေးသော သင်တန်းဖြစ်သည်။ Post Graduate for Young Entrepreneurs Program သင်တန်းမှာ အသေးစားနှင့် အလတ်စား ကိုယ်ပိုင်လုပ်ငန်းများ စတင်ထူထောင်လုပ်ကိုင်နေသော အသက် ၃၅ နှစ်အောက် လုပ်ငန်းရှင်များ ဒီပလိုမာ(သို့) ဒီဂရီရရှိထားသူ လူငယ်များအတွက် လိုအပ်သော လုပ်ငန်းအုပ်ချုပ်မှုနှင့် စီးပွားရေးဆိုင်ရာ ပညာရပ်များကို လက်တွေ့နှင့် ဆက်စပ်ပြီး လေ့ကျင့် သင်ကြားပေးသော သင်တန်းဖြစ်ပါသည်။

သင်တန်းနှင့် ပတ်သက်သော သိကောင်းစရာများကို အမှတ်(၄၂)၊ သုံးလွှာ၊ မြန်မာနိုင်ငံကြက်ခြေနီရုံး၊ ကမ်းနားလမ်း၊ ဗိုလ်တထောင်မြို့နယ် အသေးစိတ် သိရှိလိုပါက ဖုန်းနံပါတ် ဝ၁-၃၈၃၆၇၆ နှင့် ဝ၉-၇၃၁၆၆၂၀၆ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *