Genre – Action, Romance
No. of Episodes – 12
Studio – JC Staff
Score – 2.5 out of 5
Romance နှင့် Action Series သစ် တစ်ခုဖြစ်တဲ့ La storia della Arcana Famiglia (English Title – The Story of the Arcane Family) ရဲ့ ဇာတ်လမ်းအကျဉ်းနှင့် Artwork တွေကိုပဲ ရုတ်တရက် ကြည့်လိုက်မယ်ဆိုရင် Shounen Action ဇာတ်လမ်း တစ်ခုလို့ ထင်ရနိုင်ပေမဲ့ တကယ်တမ်းကျတော့ La storia della Arcana Famiglia ဟာ Otome game နှင့် Visual Novel ကို မှီငြမ်းထားတဲ့ ဇာတ်လမ်းဖြစ်ပြီး တိုက်ခိုက်ခန်းထက် ဇာတ်ကောင်စရိုက်နှင့် Arcana Family မိသားစုဝင်တွေရဲ့ နေ့စဉ် အဖြစ်အပျက်တွေကို ပိုမိုအသားပေးထားတဲ့ Animation Series တစ်ခု ဖြစ်နေတာကို တွေ့ရမှာပါ။ Arcana မိသားစုဝင် တွေဟာ ဇာတ်ကောင်ဒီဇိုင်းကို ကြည့်ပြီး Shounen Action တွေမှာလို Hitman တွေလို့ ထင်ရနိုင်ပေမည့် သူတို့ရဲ့ အဓိက တာဝန်ကတော့ Italian Style ရေးဆွဲ ဖန်တီးထားတဲ့ Regalo အမည်ရ ကျွန်းလေးကို ကာကွယ်စောင့်ရှောက် ရသူတွေ ဖြစ်ပါတယ်။ Arcana Family ဇာတ်လမ်းမှာတော့ ခေါင်းဆောင် Mondo (Pa Pa)၏ သမီး Felicita နှင့်အတူ အခြား Family Member ဝင် (၂)ယောက်နှင့် Felicita ၏ သူငယ်ချင်းဖြစ်သူ Liberta နှင့် Nova တို့က အဓိက ဇာတ်ကောင်များအဖြစ် ပါဝင်ထားသလို Otome Game များ ထုံးစံအတိုင်း စိတ်ဝင်စားဖွယ် အမျိုးသားဇာတ်ပို့ အမြောက်အမြားလည်း ပါဝင်ထားပါတယ်။
Arcana Family မိသားစုဝင်တွေရဲ့ အဓိက ထူးခြားချက်ကတော့ Tarot Cards တွေကနေ တစ်ဆင့် Arcana လို့ခေါ်တဲ့ စွမ်းအင်တွေ ရရှိထားခြင်းဖြစ်ပြီး ဇာတ်ကောင်တစ်ယောက်ချင်းဆီက Tarot Card တစ်မျိုးဆီကနေ မတူညီတဲ့ သဘာဝလွန် စွမ်းအားတွေ ရရှိထားခြင်းဖြစ်ပါတယ်။ Strength Tarot ရဲ့အစွမ်းကို ပိုင်ဆိုင်သူက စွမ်းအား မြင့်မားမှာဖြစ်သလို အခြား ကိုယ်ပျောက်နိုင်ခြင်း၊ မှတ်ဉာဏ်များ ပြောင်းလဲနိုင်ခြင်း အစရှိတဲ့ အစွမ်းတွေ ပိုင်ဆိုင်ထားကြပါတယ်။ ဇာတ်ကောင် ဒီဇိုင်းတွေ အနေနှင့် တစ်ယောက်နှင့်တစ်ယောက် ပုံစံကွဲပြားပြီး ထူးခြားမှုရှိအောင် ရေးဆွဲထားနိုင်တဲ့အတွက် Episode အနည်းငယ် ကြည့်ရှုပြီးတာနဲ့ အဓိကအရေးပါတဲ့ ဇာတ်ကောင်တွေရဲ့ နာမည်နှင့် သူတို့ကို ကိုယ်စားပြုတဲ့ Tarot Card တွေကို အလွယ်တကူ မှတ်မိနိုင်မှာ ဖြစ်ပါတယ်။ Liberta နှင့် Nova တို့ရဲ့ Tarot Card တွေကတော့ Fool နှင့် Death တို့ အသီးသီးဖြစ်ကြပြီး မင်းသမီးဖြစ်တဲ့ Felicita ကတော့ အခြားသူတွေရဲ့ အတွင်းစိတ်နှလုံးသားကို ဖတ်ရှုနိုင်တဲ့ The Lovers Arcana အစွမ်း ရရှိထားသူ ဖြစ်ပါတယ်။
Shounen Action ဇာတ်လမ်းအများစုလိုတော့ Arcana အစွမ်းတွေကို အမြဲတမ်း အသုံးချနေတာ တွေ့ရမှာ မဟုတ်ဘဲ Arcana ability တွေကို တိုက်ပွဲမှာ အသုံးပြုဖို့ထက် ဇာတ်လမ်းပိုင်းကို ပံ့ပိုးတဲ့ Plot Device တွေ အနေနဲ့ အဓိက အသုံးပြုထားတာ တွေ့ရမှာပါ။ ဇာတ်လမ်း အစမှာ ကတည်းက Felicita ကို လက်ထပ်ဖို့ အတွက် အမည်ရပြိုင်ပွဲမှာ Arcana Duello အစွမ်း ပိုင်ဆိုင်သူတွေ ဝင်ရောက်တိုက်ခိုက်ရမယ်လို့ Arcana family ခေါင်းဆောင်နှင့် Felicita ၏ ဖခင်ဖြစ်သူ Mondo က ကြေငြာခဲ့ပေမယ့် Arcana Duello ဟာ ဇာတ်လမ်း ပြီးခါနီးမှာမှ စတင်ထားတဲ့အတွက် ပရိသတ် မျှော်လင့်ထားသလောက်တော့ ဇာတ်လမ်း အရမ်းမသွက်ပေမဲ့ Action နှင့် Romance ရောစပ်ထားတဲ့ ပရိသတ်တွေတော့ သဘောကျမည့် Anime Series သစ်တစ်ခု ဖြစ်ပါတယ်။