Apps, Business, Education, Featured, Lifestyle, Review, Web

နည်းပညာနယ်ပယ်မှာ လွှမ်းမိုးမှု အရှိဆုံး လူငယ် သုံးဆယ်

mark zuckerberg

နည်းပညာလောကဟာ အိုပယ် ဝါဒ ကို ကျင့်သုံး တယ်လို့တောင်ပြောရမလို ဖြစ်နေပါပြီ။ အတွေ့အကြုံထက် ရည်ရွယ်ချက်ကြီးတဲ့ လူငယ်တွေကို နေရာပေးလာပါတယ်။ အောင်မြင်မှု ရရှိခဲ့ခြင်းထက် အတွေးအခေါ် ဆန်းသစ်မှုကို ဦးစားပေးလာပါတယ်။ အစဉ်အလာထက် ဆန်းသစ်တီထွင်မှုက နေရာရလာပါတယ်။

ဒီဆောင်းပါးမှာ ဖော်ပြမယ့် သူတွေဟာ အသက်သုံးဆယ်မကျော်မီမှာပဲ အောင်မြင်လာကြတဲ့ သူတွေ ဖြစ်ပါတယ်။ အဲဒီသူတွေဟာ လာမယ့်နှစ်အနည်းငယ်အတွင်းမှာ နည်းပညာရပ်၀န်း ဖြစ်တဲ့ Silicon Valleyကို ရယူနိုင်မှာ ဖြစ်တယ်လို့ ယုံကြည်မိပါတယ်။

လူငယ်နည်းပညာရှင်များ ကို အသက် ကြီးစဉ်ငယ်လိုက် စီပြီး ဖော်ပြလိုက်ပါတယ်။

Mark Zuckerberg
Age: 29
Founder/CEO of Facebook

နည်းပညာနယ်ပယ်မှာ အောင်မြင်နေတဲ့ လူငယ်တွေထဲမှာ Facebook တည်ထောင်သူ Mark Zuckerberg က အထင်ရှားဆုံး ဖြစ်ပါလိမ့်မယ်။ လူသန်းပေါင်း ၁၂၀၀ကို Facebook အသုံးပြုအောင် စွဲဆောင်နိုင်ရုံသာမက တည်နေရာကို Share လုပ်တဲ့ Glancee Appနဲ့ WhatsAppလို ကြီးမားတဲ့ စီးပွားရေးလုပ်ငန်းကိုလည်း ၀ယ်ယူပြီး စီးပွားရေး နယ်ပယ်ကို ချဲ့ထွင်နေပါတယ်။

mark zuckerberg

mark zuckerberg

Tristan Walker
Age: 29
Founder/CEO of Walker & Company

Walkerက ကိုယ်ပိုင် Company ထူထောင်ဖို့ Foursquare မှ ထွက်ခွာခဲ့တာပါ။ သူ့ရဲ့ Company ဟာ အခုဆိုရင် ဒေါ်လာ ၂.၄ သန်း အထောက်အပံ့ ရရှိနေပါပြီ။ Walker & Company က လူမည်းများအတွက် မုတ်ဆိတ်ရိတ် ဓား နဲ့ ကရင်များကို အွန်လိုင်းကနေ ရောင်းချပေးနေပါတယ်။ ၀န်ထမ်း နှစ်ယောက်နဲ့သာ လည်ပတ်နေခြင်း ဖြစ်တာက အံ့သြစရာ ဖြစ်ပါတယ်။

2

Dustin Moskovitz
Age: 29
Co-founder of Asana

Facebook ကို ပူးတွဲတည်ထောင်ခဲ့ရုံသာမက Dustinဟာ Asana (အီးမေးမလိုဘဲ အဖွဲ့လိုက် လုပ်ကိုင်နိုင်တဲ့ App)၊ Good Ventures Fondation နဲ့ Vicarious Systems (လူတွေရဲ့ ဦးနှောက် အလုပ် လုပ်သလို လုပ်ကိုင်နိုင်တဲ့ Machine Learning Software) ကို တီထွင်နေသူ လူငယ် ဖြစ်ပါတယ်။ Asana ဟာ ဒေါ်လာ ၃၈.၂ သန်းကို ရန်ပုံငွေ ရရှိပြီးဖြစ်ပြီး ၀န်ထမ်းပေါင်း ရှစ်ဆယ်ကျော်နဲ့ လည်ပတ်နေပါတယ်။ Good Ventures ကလည်း ဒေါ်လာ ၅၅ သန်း ရန်ပုံငွေ ရရှိနေပါပြီ။ Vicarious Systemsက ဒေါ်လာ သန်းခြောက်ဆယ်ကျော် ရရှိနေပြီး လူခြောက်ယောက်ထဲနဲ့ လည်ပတ်နေပါတယ်။

3

Joe Green
Age: 29
Co-founder of Causes

Greenဟာ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်း များအတွက် ဒေါ်လာ သန်းလေးဆယ်ကျော် ထောက်ပံ့ပြီးပါပြီ။ Green ဟာ Mark Zuckerbergရဲ့ လက်ရုံးတစ်ယောက်လည်း ဖြစ်ပါတယ်။ သူဟာ Harvard တက္ကသိုလ်မှာ Zuckerberg နဲ့ အတူတူနေခဲ့သူလည်း ဖြစ်ပေမယ့် Facebook မှာ အလုပ် လုပ်ဖို့ ကို ငြင်းဆန်ခဲ့သူလည်း ဖြစ်ပါတယ်။ သူဟာ Causesကို Facebook Appနဲ့ ပူးတွဲ အလုပ်လုပ်ဖို့ ကြိုးစားနေပါတယ်။ Causes ဟာ ဒေါ်လာ ၁၆.၄ သန်း ရန်ပုံငွေ ရရှိနေပြီး ၀န်ထမ်း ၇၇ ယောက်နဲ့ လည်ပတ်နေပါတယ်။

4

Kristen Titus
Age: 29
Girls Who Codeရဲ့ ယခင် ဒါရိုက်တာ တစ်ဦး ဖြစ်ပြီး အခုအချိန် မှာ အကြံပေးအဖြစ် လုပ်ကိုင်နေပါတယ်။

နည်းပညာလောကမှာ ကျား၊ မ ခွဲခြား ဆက်ဆံခံရမှု ကို တိုက်ဖျက်ဖို့ ပြင်းထန်စွာ ကြိုးစားနေသူ ဖြစ်ပါတယ်။ Girls Who Code အဖွဲ့ဟာ ငယ်ရွယ်တဲ့ မိန်းကလေးများကို ပညာသင်ပေးပြီး ကျား၊ မ မညီမျှတဲ့ နည်းပညာ နယ်ပယ်မှာ အလုပ် လုပ်နိုင်ဖို့ ကူညီပေးနေပါတယ်။ မကြာခင်ကပဲ Kristen Titus Consulting မှာ အကြီးအကဲရာထူးကို ရရှိခဲ့ပါတယ်။ စီမံခန့်ခွဲခြင်း၊ ရန်ပုံငွေရှာဖွေခြင်း၊ ဆက်သွယ်ရေး စတာတွေနဲ့ ပတ်သက်တဲ့ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းများအပြင် စီးပွားဖြစ် အဖွဲ့အစည်းများကို အကြံပေးနေပါတယ်။

5

Adam D’Angelo
Age: 29
Founder/CEO of Quora

သူတည်ထောင်ထားတဲ့ အမေး အဖြေ Company ဟာ အခုဆိုရင် ဒေါ်လာ သန်းကိုးရာ တန်ကြေး ရှိနေပါပြီ။ ၀န်ထမ်း ကိုးဆယ်ကို ခန့်အပ်ထားနိုင်ပြီး ဒေါ်လာ ၁၄၁ သန်း ရန်ပုံငွေ ရရှိနေပါပြီ။ Facebook စတင် တည်ထောင်စဉ်မှာ ပါ၀င်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

6

John Zimmer
Age: 29
Co-founder/President of Lyft

အငှားကား ခေါ်ဆိုမှုကို ၀န်ဆောင်မှုပေးတဲ့ Uber Appကို တီထွင်သူဖြစ်ပြီး ဒေါ်လာ ၃၃၂.၅ သန်း ရန်ပုံငွေ ရရှိနေပြီ ဖြစ်ပါတယ်။ Lyft မှာ ၀န်ထမ်း ၅၉၆ ယောက် အလုပ်လုပ်နေကြပါတယ်။

7

Aaron Levie
Age: 28
CEO/ Cofounder of Box

Levie ရဲ့ Online File Sharing and Cloud Service ဟာ မကြာမီမှာ အများပိုင် ဖြစ်လာမယ်လို့ မျှော်လင့်ရပြီး ဒေါ်လာ သန်း ၂၅၀ တန်ကြေးရှိနေပါပြီ။ နှစ်စဉ် ဒေါ်လာ ၁၂၄ သန်း အမြတ်ငွေ ရရှိနေပါတယ်။ Box ဟာ မကြာမီက ဒေါ်လာ ၄၁၄.၁ သန်း ရန်ပုံငွေ ရရှိခဲ့ပြီး ၀န်ထမ်း ၁၁၈၃ ဦး နဲ့ လည်ပတ်နေပါတယ်။

8

Mike Krieger
Age: 28
Co-founder of Instagram

Mikeကို Instagramရဲ့ ဝိညာဉ်လို့ လူသိများပါတယ်။ မိုဘိုင်းဖုန်းများကနေ လှပတဲ့ ဓါတ်ပုံများ Upload လုပ်နိုင်ဖို့ စွမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ အသက်သုံးဆယ် အရွယ် Kevin Systrom နဲ့ အတူ Kriegerဟာ တည်နေရာကို Share လုပ်တဲ့ Burbn Appကို အတူတကွ တီထွင်ခဲ့ပြီးနောက် ၂၀၁၀ ခုနှစ်မှာ Instagramကို တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

9
Lisa Falzone
Age: 28
Co-founder of Revel Systems

Lisaက Popeyesလို iPad Point-of-Sale မှတစ်ဆင့် Squareကို သူမပိုင် ငွေကြေးနဲ့ Runဖို့ ပြုလုပ်နေပါတယ်။ Revelဟာ ဒေါ်လာ ၁၃.၈ သန်း ထောက်ပံ့ငွေ ရရှိနေပြီး ၀န်ထမ်း ၁၃၄ ယောက်နဲ့ လည်ပတ်နေပါတယ်။

10

Josh Kushner
Age: 28
Founder of Thrive Capital and Oscar

Kushnerဟာ Google မှ အင်ဂျင်နီယာများနဲ့ Tumblrမှ CTOတို့ကို စွဲဆောင် သိမ်းသွင်းနိုင်ခဲ့ပါတယ်။ Oscarဟာ ရန်ပုံငွေ ဒေါ်လာ သန်း ၇၀ ကျော် ရရှိနေပြီး ၀န်ထမ်း ၅၂ ယောက်နဲ့ လည်ပတ်နေပါတယ်။ Customers များ ငွေပေးချမှု လွယ်ကူစေတဲ့ ကျန်းမာရေး အာမခံ ၀န်ဆောင်မှုကို ပြုလုပ်နေပါတယ်။

11

Robby Stein
Age: 28
Director of Product at Yahoo
ယခင် Google ၀န်ထောင်းဟောင်းဖြစ်သူ Robby ဟာ Stampedကို တည်ထောင်ခဲ့ပါတယ်။ Yahooက Stampedကို ၀ယ်ယူလိုက်တဲ့အတွက် သူဟာ Yahoo မှာ တာ၀န်ထမ်းဆောင်နေပါတယ်။ Stampedဟာ သူငယ်ချင်းများနဲ့ အကြံပြုချက်များကို Share လုပ်နိုင် ရှာဖွေနိုင်တဲ့ App ဖြစ်ပါတယ်။ Yahooက မ၀ယ်ယူခင်မှာ ဒေါ်လာ သုံးသန်း ပိုင်ဆိုင်နေပြီ ဖြစ်ပါတယ်။

12

Sam Altman
Age: 28
President of Y Combinator/Co-founder of Loopt

တည်နေရာကို Share လုပ်တဲ့ Social Network App ဖြစ်တဲ့ Loopt ကို တီထွင်ခဲ့သူ ဖြစ်ပါတယ်။ Loopt ကို Green Dot Corporationက မ၀ယ်ယူမီမှာ Looptဟာ ဒေါ်လာ ၃၉.၁ သန်း ရန်ပုံငွေ ရရှိပြီး ဖြစ်ပါတယ်။

13

Arash Ferdowsi
Age: 28
Co-founder /CTO of Dropbox

၃၁ နှစ်အရွယ် ပူးတွဲတည်ထောင်သူ Drew Houston နဲ့ Arash တို့ဟာ ဖိုင်များ Share လုပ်နည်းနဲ့ သိမ်းဆည်းတဲ့ ပုံစံကို ပြောင်းလဲ ပေးနိုင်တဲ့ Dropboxကို တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ Dropboxဟာ အခုဆိုရင် ငါးမိနစ်မှာ ဖိုင်တစ်သန်းကို သိမ်းဆည်းနေကြတဲ့ Cloud Storage ဖြစ်နေပါပြီ။ Dropboxဟာ ဒေါ်လာ သန်း ၁၁၀၀ ရန်ပုံငွေ ရရှိနေပြီး ၀န်ထမ်း ၆၉၄ ယောက်ကို အလုပ်ပေးထားနိုင်ပါပြီ။

14

Eric Migicovsky
Age: 27
Founder of Pebble
Migicovskyရဲ့ စမတ်နာရီဟာ လူသုံး အများဆုံး ချပ်၀တ်တန်ဆာ ကွန်ပြူတာ တစ်ခု ဖြစ်နေပါပြီ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က Kickstarter စီမံကိန်းကနေ အလှူငွေကောက်ခံခဲ့ပါတယ်။ Pebble ဟာ အခုဆိုရင် ဒေါ်လာ ၂၅.၇ သန်း ရန်ပုံငွေ ရရှိနေပြီး ၀န်ထမ်း ၃၅ ယောက်နဲ့ လည်ပတ်နေပါတယ်။

15

Sara Haider
Age: 27
Android Engineer at Secret
Haiderဟာ Secret Appကို မတီထွင်မီမှာ Google, Twitterတို့မှာ အလုပ်လုပ်ခဲ့ပါတယ်။ Secret Appကို iOS မှာတင်မက Android Platform သို့ပါ နယ်ချဲ့နိုင်ခဲ့ပါတယ်။ Secretဟာ ဒေါ်လာ ဆယ်သန်းရန်ပုံငွေ ရရှိနေပါပြီ။

16

David Karp
Age: 27
Founder/CEO of Tumblr

Karpဟာ Contentများကို Publish လုပ်တာထက်စာရင် User Dashboardကို ပိုမို စိတ်၀င်စားစရာ ကောင်းအောင် ပြုလုပ်ခြင်းဖြင့် Bloggingကို Social အမှန်တကယ်ကျအောင် ပြုလုပ်နိုင်ခဲ့ပါတယ်။ Tumblrကို Yahooက ၂၀၁၃ ခုနှစ်မှာ ဒေါ်လာ သန်း ၁၁၀၀နဲ့ ၀ယ်ယူခဲ့ပါတယ်။ Karpမှာ ဒေါ်လာ သန်းနှစ်ရာကျော်တန်တဲ့ ကိုယ်ပိုင် ကွန်ရက်တစ်ခု ရှိပါသေးတယ်။

17

Ted Livingston
Age: 26
Founder/CEO of Kik Messenger

Ted ရဲ့ Messaging Appဟာ လူစိတ်၀င်စားမှု များပြားခဲ့ပြီး အထူးသဖြင့် ဆယ်ကျော်သက်များကြားမှာ ရေပန်းစားပါတယ်။ Appကို အသုံးပြုသူ ၁၂၅ သန်း ရှိနေပြီ ဖြစ်ပါတယ်။ ရန်ပုံငွေ ဒေါ်လာ ၂၇.၅ သန်း ရှိနေပါပြီ။ လုပ်သားငါးဆယ်ကျော်နဲ့ လည်ပတ်နေပါတယ်။

18

Tracy Chou
Age: 26
Software Engineer at Pinterest

သူမဟာ Pinterest ရဲ့ Senior Software Engineer များထဲမှ တစ်ယောက် ဖြစ်ပါတယ်။ Facebook, Googleတို့မှာ အလုပ်သင်အဖြစ် လေ့လာခွင့် ရရှိပြီး Quoraမှာ အလုပ် လုပ်ခဲ့ပြီးနောက်မှာ သူမဟာ Pinterest မှာ အရေးပါသူ တစ်ယောက် ဖြစ်လာပါတယ်။ သူမဟာ နည်းပညာနယ်ပယ်မှာ အလုပ်လုပ်နေတဲ့ အမျိုးသမီး အရေအတွက် စောင့်ကြည့်တဲ့ “Where are the numbers?” ဆိုတဲ့ စီမံကိန်းကိုလည်း ပြုလုပ်နေပါတယ်။

19

Seth Priebatsch
Age: 25
Fonder of SCVNGR; “Chief Ninja “ of LevelUp

Sethက တည်နေရာ အခြေပြု မိုဘိုင်းဂိမ်းကို မတည်ထောင်မီမှာ Princeton တက္ကသိုလ်မှာ တစ်နှစ်နီးပါး ပညာသင်ခဲ့ပါတယ်။ သူ့ Company မှာ ၀န်ထမ်း ၃၈ ယောက် အလုပ် လုပ်နေကြပါတယ်။ သူ့ရဲ့ တည်နေရာ အခြေပြု ဂိမ်းကို နိုင်ငံ သုံးနိုင်ငံ နဲ့ ပြည်နယ် ၄၆ ခုမှာ ကစားနိုင်ပြီ ဖြစ်ပါတယ်။ ဂိမ်းကစားသူများဟာ ပြင်ပရှိ တည်နေရာများကို သွားရောက်နိုင်ရင် ဂိမ်းထဲမှာ အမှတ် ရရှိမှာ ဖြစ်ပါတယ်။ အရေးအကြီးဆုံးကတော့ မိုဘိုင်းငွေ ပေးချေမှုနယ်ပယ်မှာ LevelUpကို တီထွင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ SCVNGRဟာ ရန်ပုံငွေ ဒေါ်လာ ၄၀.၈ သန်း ရရှိပြီး ဖြစ်ပါတယ်။

20

Bobby Murphy, Evan Spiegel
Age: 25, 23
Co-founder of Snapchat

Facebook တည်ထောင်သူ Mark Zuckerbergက Snapchatကို ဒေါ်လာသန်း သုံးထောင်နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ဒီလူငယ် နှစ်ဦးက ပယ်ချခဲ့ပါတယ်။ Snapchat မှာ ၀န်ထမ်း ၅၆ ယောက် အလုပ်လုပ်နေပါတယ်။ Companyဟာ ရန်ပုံငွေ ဒေါ်လာ ၁၂၃ သန်း ရရှိပြီးဖြစ်ပြီး ဒေါ်လာ သန်း နှစ်ထောင် တန်ကြေး ရှိနေပါပြီ။

21

Patrick Collison, John Collison
Age: 25, 23
Co-founder of Stripe

ဒီညီအစ်ကို နှစ်ယောက်ဟာ သူတို့ရဲ့ အွန်လိုင်းငွေပေးချမှု လုပ်ငန်းနဲ့ တစ်နှစ်လျှင် ဒေါ်လာ သန်းထောင်ပေါင်းများစွာ ငွေပေးချမှုများ ပြုလုပ်ပေးနေပါတယ်။ Stripeဟာ လက်ရှိမှာ ဒေါ်လာ သန်း ၁၇၅၀ တန်ကြေး ရှိနေပါပြီ။ ၀န်ထမ်း ၈၃ ယောက် ရှိတဲ့ သူ့ Companyဟာ ရန်ပုံငွေ ဒေါ်လာ သန်း ၁၂၀ ရရှိနေပါပြီ။

22

Daniel Gross
Age: 23
Founder of Greplin/Cue

အရင်တုန်းက Greplinလို့ အမည်ပေးခဲ့ပြီး နောက်ပိုင်းမှာ Cueလို့ အမည်ပြောင်းခဲ့တဲ့ Grossရဲ့ ကိုယ်ရေးလက်ထောက် Appကို Appleက ပြီးခဲ့တဲ့နှစ်က ဒေါ်လာ သန်း ငါးဆယ်နဲ့ ၀ယ်ယူခဲ့ပါတယ်။ ရန်ပုံငွေ ဒေါ်လာ ၄.၇ သန်း ရရှိပြီးနောက်မှာ Appleကို ရောင်းချခဲ့တာ ဖြစ်ပါတယ်။

23

Brian Wong
Age: 23
Co-founder/CEO of Kiip

အသက် ၁၇ နှစ်အရွယ်မှာ ကောလိပ်မှာ ပညာသင်ကြားခဲ့ပြီးနောက် မိုဘိုင်းဖုန်းများမှာ Brandများရဲ့ ကြော်ညာများကို ကြည့်ရှုခြင်းဖြင့် ဆုလက်ဆောင်များ ရရှိနိုင်မယ့် နည်းလမ်းသစ်ကို တီထွင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ Kiipဟာ ရန်ပုံငွေ ဒေါ်လာ ၁၅.၃ သန်း ရရှိပြီးဖြစ်ပြီး ၀န်ထမ်း ခြောက်ဆယ်နဲ့ လည်ပတ်နေပါတယ်။

24

Kelsey Falter
Age: 23
Founder/CEO of Poptip

Kelsey ရဲ့ Social Media များမှာ မဲပေးတဲ့ စနစ်ကို CNN, the NFL, Budweiserနဲ့ မကြာသေးမီက Academy Awardsမှာ အသုံးပြုခဲ့ပါတယ်။ Poptip မှာ ၀န်ထမ်း ၁၁ ယောက် ရှိပြီး ဒေါ်လာ ၂.၄ သန်း ရန်ပုံငွေ ရရှိပြီး ဖြစ်ပါတယ်။

25

Lucas Duplan
Age: 22
Co-founder/CEO of Clinkle

၀န်ထမ်းငှားရမ်းမှုမှာ အမှားအယွင်းလေးတွေ ရှိခဲ့ပေမယ့် သူဟာ ဆီလီကွန်တောင်ကြားမှာ ဒေါ်လာ ၂၅ သန်းတန် Companyကို တည်ထောင်နိုင်ခဲ့ပါတယ်။ ငွေပေးချေတဲ့ ၀န်ဆောင်မှု ဖြစ်ပြီး Product တစ်ခုကို ထုတ်လုပ်နိုင်ခြင်း မရှိသေးပေမယ့် လူစိတ်၀င်စားမှုများစွာ ရရှိခဲ့ပါတယ်။ ၀န်ထမ်း ၁၇ ယောက်ရှိပြီး ရန်ပုံငွေ ဒေါ်လာ ၃၀.၅ သန်း ရရှိနေပါပြီ။

26

Josh Miller
Age: 22
Co-founder of Branch

သူဟာ Princeton ကျောင်းထွက်ဖြစ်ပြီး Twitterနဲ့ အီးမေး Contactsများနဲ့ စကားပြော ဆက်သွယ်နိုင်တဲ့ Branchကို တီထွင်ခဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ Companyကို Facebookက ဒေါ်လာ ၁၅ သန်းနဲ့ ၀ယ်ယူခဲ့ပါတယ်။ သူ့ Companyမှာ ၀န်ထမ်း ရှစ်ယောက်ရှိခဲ့ပါတယ်။ Millerဟာ လက်ရှိမှာ Zuckerberg အတွက် အလုပ် လုပ်ပေးနေတာ ဖြစ်ပေမယ့် Companyကို အရင် သူပိုင်ဆိုင်တဲ့ အချိန်တုန်းက ထားရှိခဲ့တဲ့ အတွေးအမြင်များကို ပြောင်းလဲခြင်း မရှိသေးဘဲ Facebookမှာ အနုတ်လက္ခဏာဆောင်တဲ့ Post များကို တင်လေ့ရှိပါတယ်။

27

Palmer Luckey
Age: 21
Founder of Oculus VR

Palmerက Virtual Reality နည်းပညာကို သူ့ရဲ့ Game Headsetနဲ့ အဆင့်မြှင့်တင်နိုင်ခဲ့ပါတယ်။ Oculus VR ဟာ ရန်ပုံငွေ ဒေါ်လာ ၉၃.၄ သန်း ရရှိနေပြီ ဖြစ်ပါတယ်။ ၀န်ထမ်း ၈၁ ယောက် အလုပ် လုပ်နေပြီး Facebookက ဒေါ်လာ သန်းနှစ်ထောင်နဲ့ ၀ယ်ယူခဲ့ပါတယ်။

28

Sahil Lavingia
Age: 21
Founder of Gumroad

သူဟာ Pinterestကို စွန့်ခွာပြီး Gumroadဆိုတဲ့ Web Toolကို ဖန်တီးခဲ့ပါတယ်။ Mp3လို ဒစ်ဂျစ်တယ် ကုန်ပစ္စည်းများကို အလွယ်တကူ ရောင်းချနိုင်အောင် ပြုလုပ်ပေးခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာ စတင် တည်ထောင်ခဲ့ပြီး အခုဆိုရင် ဒေါ်လာ ၈.၁ သန်း ရန်ပုံငွေ ရရှိနေပြီ ဖြစ်ပါတယ်။ ၀န်ထမ်း ၁၆ ယောက်နဲ့ လည်ပတ်နေပါတယ်။

29

Nick Daloisio
Age: 18
Founder of Summly/Developer of Yahoo! News Digest

ဒီဆယ်ကျော်သက်ဟာ သတင်းကြည့်ရှုတဲ့ ပုံစံကို ဆန်းသစ်ပြောင်းလဲ နိုင်ခဲ့တဲ့အတွက် သူ့ Companyကို Yahooက ၀ယ်ယူခဲ့ပြီး သူ့ကို ငှားရမ်းခဲ့ပါတယ်။ မ၀ယ်ယူခင်မှာ Summlyဟာ ဒေါ်လာ ၁.၅ သန်း ရန်ပုံငွေ ရရှိပြီးပါပြီ။ သူဟာ သတင်းအရင်းအမြစ် ထောင်ပေါင်းများစွာမှ သတင်းအကျဉ်းချုပ်များကို ပံ့ပိုးပေးနိုင်တဲ့ Algorithmကို ရေးဆွဲခဲ့တာပါ။

30

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *