News

မြန်မာနှင့် နိုင်ငံတကာ ဆက်သွယ်ရေးဈေးကွက်ကို ပေါင်းစည်းပေးမည့် တစ်ခုတည်းသော ဒုတိယအကြိမ် နှစ်ပတ်လည် အဖြစ် ကျင်းပမည့် Myanmar Connect ထိပ်သီးဆွေးနွေးပွဲ ကို ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ပူးတွဲစီစဉ်ကျင်းပမည်

မြန်မာနှင့် နိုင်ငံတကာ ဆက်သွယ်ရေးဈေးကွက်ကို ပေါင်းစည်းပေးမည့် တစ်ခုတည်းသော ဒုတိယအကြိမ် နှစ်ပတ်လည် အဖြစ် ကျင်းပမည့် Myanmar Connect ထိပ်သီးဆွေးနွေးပွဲ ကို ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ပူးတွဲစီစဉ်ကျင်းပမည်

လန်ဒန်နိုင်ငံ၊ အင်္ဂလန်မြို့ – ဒုတိယအကြိမ်မြောက်အဖြစ် Myanmar Connect 2014 (၁၆-၁၇ စက်တင်ဘာ၊ ၂၀၁၄၊ နေပြည်တော်) ထိပ်သီးဆွေးနွေးပွဲအား ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ပူးတွဲစီစဉ်ကျင်းပမည်ဖြစ်ကြောင်းကို Capacity Media (Euromoney Institutional Investor ၏ အဖွဲ့ဝင်) မှ ဂုဏ်ယူစွာဖြင့် ကြေညာလိုက်ပါသည်။ နိုင်ငံတစ်နိုင်ငံ၌ မည်သည့် လုပ်ငန်းစီမံကိန်းများတွင်မဆို အစိုးရ၏ ပူးပေါင်းပါဝင်မှုတို့သည် ထိုလုပ်ငန်းများအောင်မြင်ဖို့ရာ အရေးပါလှပါသည်။ ထို့ကြောင့် Myanmar Connect 2014 ထိပ်သီးဆွေးနွေးပွဲတွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၏ ပူးပေါင်းပါဝင်မှုသည် မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ကိုင်ရန် ရည်ရွယ်ထားသော ဆွေးနွေးပွဲတက်ရောက်သူတိုင်းအတွက် လွန်စွာအကျိုးရှိစေမည် ဖြစ်သည်။

Myanmar Connect 2014 မှာ ၂၀၁၃ခုနှစ်တွင် ကျင်းပခဲ့သည့် အရေးပါသော ဆွေးနွေးပွဲကို အခြေခံပြီး ကုန်လွန်ခဲ့သော တစ်နှစ်တာကာလအတွင်း ဆက်သွယ်ရေး လုပ်ငန်းကဏ္ဍ မည်မျှတိုးတက် ပြောင်းလဲ သွားသည်ကို တိကျစွာ လေ့လာသုံးသပ်သွားမည် ဖြစ်ပါသည်။ ဆက်သွယ်ရေး လုပ်ငန်းနယ်ပယ် နှင့် မြန်မာနိုင်ငံ၏ လူမှုရေးစီးပွားရေး တို့ကို တိုးတက်ပြောင်းလဲစေမည့် နည်းဗျူဟာ၊ အခြေခံအဆောက်အအုံ နှင့် ဝန်ဆောင်မှုတို့ကို အဓိကထားပြီး ဆက်သွယ်ရေးစနစ် တိုးတက်ဖွံဖြိုးရေးအတွက် ဈေးကွက်ဦးဆောင်နေသူများမှ အပြန်အလှန် ဆွေးနွေးပြီး အသေးစိတ် သုံးသပ် ဆွေးနွေး သွားမည် ဖြစ်ပါသည်။

နိုင်ငံတကာ မိုဘိုင်းဆက်သွယ်ရေးလိုင်စင်အောင်မြင်ထားသည့် Ooredoo Myanmar နှင့် Telenor Myanmar တို့သည်လည်း ၎င်းတို့၏ ဝန်ဆောင်မှုများအတွက် ၎င်းတို့၏ အခြေခံအဆောက်အအုံတို့ကို စတင်နေသည့်အတွက် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်လည်း စိတ်ဝင်စားမှုအရှိန်အဟုန်များ မြင့်မားနေသည့် ကာလလည်းဖြစ်ပါသည်။ Ross Cormack (Ooredoo Myanmar ၏ အမှုဆောင်အရာရှိချုပ်) နှင့် Petter Furberg (Telenor Myanmar ၏ အမှုဆောင်အရာရှိချုပ်) တို့မှလည်း ရှေ့ဆက်လုပ်ဆောင်မည့် ၎င်းတို့၏ နည်းဗျူဟာများနှင့် ဦးတည်ချက်များကို ဆွေးနွေးပွဲတွင် ပြောကြားသွားမည် ဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံ၏ လက်ရှိ ဆက်သွယ်ရေး ဝန်ဆောင်မှုပေးနေသူ ဖြစ်သည့် MPT ၏ ထိပ်တန်းအရာရှိနှင့် Yatarnapon Teleport Public Company ၏ CEO ဖြစ်သူ ဦးရှိန်းသူအောင် တို့မှလည်း ပါဝင်ဆွေးနွေးသွားမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ တစ်ရှိန်ထိုး ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ နိုင်ငံတကာမှ ကုမ္ပဏီများ ဈေးကွက်သို့ ဝင်ရောက်လာမှုတို့သည် မြန်မာနိုင်ငံ၏ နိုင်ငံတကာလုပ်ငန်း ဝန်ဆောင်မှုပေးသူများအတွက် ဖိအားများ ဖြစ်လာစေနိုင်ပြီး ပိုမိုကောင်းမွန်သော စွမ်းရည်လိုအပ်ချက်လည်း မြင့်မားလာတော့မည် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် လက်ရှိလုပ်ငန်းများဆောင်ရွက်နေသော ထိပ်တန်းအရာရှိများမှလည်း မြန်မာနိုင်ငံ၏ အလားလာရှိသော ဈေးကွက်တိုးတက်မှုအပေါ်အမြင်များ၊ ဆက်သွယ်ရေးဆိုင်ရာ ကွန်ယက်ချိတ်ဆက်မှုများနှင့် ပင်လယ်ရေအောက် ဆက်ကြောင်း တိုးတက်ရန်အတွက် ၎င်းတို့၏ အမြင်များကို ပြောပြသွားမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးနှင့် အင်တာနက်ရရှိမှုတို့ တိုးတက်လာသည်နှင့် အမျှ မြန်မာနိုင်ငံသည်လည်း လူမှုစီးပွားရေးတို့တွင် တိုးတက်ဖွံ့ဖြိုးလာမည် ဖြစ်သည်။ ယခုအချိန်အထိ မြန်မာနိုင်ငံ၏ ငွေကြေးဝန်ဆောင်မှုသည် သိသာစွာ ဖွံ့ဖြိုးတိုးတက်မှု အားနည်းနေဆဲဖြစ်သည်။ ယနေ့ဈေးကွက်တွင် နည်းပညာ ကိရိယာများ တိုးတက်များပြားလာသည်နှင့်အမျှ ဘဏ်များ၊ ဆက်သွယ်ရေး ဝန်ဆောင်မှုပေးသူများနှင့် အိုင်တီနည်းပညာ လုပ်ငန်းရှင်များအနေဖြင့် မိုဘိုင်းငွေကြေး နှင့် ငွေပေးချေမှုဆိုင်ရာ applications တို့ကိုပိုမို မိတ်ဆက်လာနိုင်မည်ဖြစ်ပါသည်။ Myanmar Connect 2014 သည် တက်ရောက်လာသူများအား ဈေးကွက်ဦးဆောင်သူများနှင့် မိတ်ဆက်ပေးသွားမည် ဖြစ်ပြီး ဈေးကွက်၏ စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများကိုပါ ဖမ်းဆုပ်နိုင်မည် ဖြစ်ပါသည်။

မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် မြန်မာနိုင်ငံ၏ စွန့်ဦးစီးပွားရေးသမားတို့၏ ကမ္ဘာနှင့် ရင်ပေါင်တန်းပြီး စီးပွားရေးလုပ်နိုင်စွမ်း၊ ပညာရေးနှင့် အင်တာနက် သုံးစွဲနိုင်မှုတို့အပေါ် များစွာ မူတည်နေခြင်း နှင့် ၎င်းတို့အတွက် applications နှင့် အချက်အခြာကျသော ဝန်ဆောင်မှု လုပ်ငန်းများ အကြောင်းကို Myanmar Connect 2014 တွင် အပြန်အလှန် ဆွေးနွေးသွားမည် ဖြစ်ပါသည်။ Myanmar ICT Development Corporation ၏ ဥက္ကဌ နှင့် မြန်မာ အိုင်တီလောကတွင် အတွေ့အကြုံများစွာရှိသော ဦးသိန်းဦး မှလည်း မြန်မာစွန့်ဦးစီးပွားရေးလုပ်ငန်းအပေါ် ICT နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု၏ အကျိုးသက်ရောက်မှုကိုလည်း ပြောကြားသွားမည်ဖြစ်ကြောင်း Capacity Media မှဂုဏ်ယူစွာဖြင့် ကြေညာအပ်ပါသည်။

Myanmar Connect 2014 တွင် မြန်မာနိုင်ငံသုံးစွဲသူများ၏ လိုအပ်ချက်များကို အဓိကတင်ပြဆွေးနွေးကာ နိဂုံးချုပ် မည်ဖြစ်ပြီး ဆွေးနွေးပွဲတွင် ၎င်းအကြောင်းအရာတို့နှင့် အဓိက ဆက်စပ်ပါတ်သတ်သည့် mAgriculture, mHealth နှင့် mEducation အစရှိသော applications တို့အကြောင်းကို လည်း အသေးစိတ် လေ့လာဆွေးနွေးသွားမည် ဖြစ်ပါသည်။

၂၀၁၄ခုနှစ်တွင် ပါဝင်လာသော ကဏ္ဍအသစ်အနေဖြင့် မြန်မာနိုင်ငံသား အိုင်တီနည်းပညာရှင် တီထွင်သူများနှင့် စွန့်ဦးလုပ်ငန်းရှင်တို့၏ application များနှင့် စိတ်ကူးအကြံအဉာဏ်တို့ကို တက်ရောက်လာသူများအား တင်ပြမည့် The Start-up Showcase အစီအစဉ်လည်းပါဝင်လာမည် ဖြစ်ကြောင်း Capacity Media မှ ဝမ်းမြောက်စွာ ကြေညာ အပ်ပါသည်။

Myanmar Connect 2014 သည် နိုင်ငံတကာ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလုပ်နေသူများအနေဖြင့် မြန်မာနိုင်ငံ၏ လက်ရှိ ဆက်သွယ်ရေးလုပ်ငန်း နယ်ပယ်အကြောင်း အသေးစိတ်လေ့လာနိုင်ရန်နှင့် ၎င်း၏ တိုးတက်မှုအလားအလာကို လေ့လာအကဲဖြတ်ရန်အတွက် သူမတူသည့်အင်မတန်ကောင်းမွန်သော အခွင့်အရေးတစ်ရပ်လည်း ဖြစ်ပါသည်။ အသေးစိတ် အချက်အလက်များနှင့် တက်ရောက်ရန်အတွက် အောက်ပါလင့်တွင် လေ့လာနိုင်ပါသည်။

www.capacityconferences.com/Myanmar-Connect.

Leave a Reply

Your email address will not be published. Required fields are marked *