News

အမျိုးအစားတူ ဆင်းမ်ကတ်အချင်းချင်း ဖုန်းခေါ်ဆိုမှုကို အခမဲ့ သတ်မှတ်ရန် ပြည်ပဆက်သွယ်ရေး ကုမ္ပဏီများစီစဉ်နေ

အမျိုးအစားတူ ဆင်းမ်ကတ်အချင်းချင်း ဖုန်းခေါ်ဆိုမှုကို အခမဲ့ သတ်မှတ်ရန် ပြည်ပဆက်သွယ်ရေး ကုမ္ပဏီများစီစဉ်နေ

နော်ဝေနှင့် ကာတာနိုင်ငံတို့မှ ဆက်သွယ်ရေး အော်ပရေများသည် ၎င်းတို့၏မိုဘိုင်းဆင်းမ်ကတ် အချင်းချင်းခေါ်ဆိုမှုများအတွက် အခမဲ့ဝန်ဆောင်မှုကို ထည့်သွင်းရန် စီစဉ်နေသည်ဟု သတင်းရရှိသည်။ ယင်းကဲ့သို့ ဖုန်းခေါ်ဆိုခ ပေးဆောင်ရန်မလိုသည့် အစီအစဉ်သည် အဆိုပါဆက်သွယ်ရေး အော်ပရေတာနှစ်ခုက ရောင်းချမည့် Package Plan များအနက်မှ တစ်ခုဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ကုမ္ပဏီကို အူရီဒူးမြန်မာ မားကတ်တင်းလာဆင်း သွားပါတယ်။ သူတို့ရဲ့မတူညီတဲ့ ဝန်ဆောင်မှုအမျိုးအစားတွေထဲမှာ အော်ရီဒူးဆင်းမ်ကတ် အချင်းချင်း ဖုန်းခေါ်ဆိုတာကို ပြုလုပ်မယ်ဆို ဖုန်းခေါ်ဆိုခ အခမဲ့ရရှိမယ့် ဝန်ဆောင်မှုမျိုး ပါဝင်ပါတယ်။ အလားတူတယ်လီနော မြန်မာလည်း ဒီအတိုင်းပဲလို့ သိရပါတယ်” ဟု မိုဘိုင်းဖုန်းလုပ်ငန်းရှင် တစ်ဦးကပြောသည်။ Telenor Myanmarနှင့် Ooredoo Myanmar တို့သည် ပြည်တွင်းမိုဘိုင်းဈေးကွက် အတွင်းရှိ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်း များထံ ၎င်းတို့၏ဝန်ဆောင်မှုများနှင့် ပတ်သတ်ပြီး ဈေးကွက်မြှင့်တင်မှုများ ပြုလုပ်နေပြီဖြစ်သည်။

အဆိုပါသတင်းကို Facebook အသုံးပြုသူတစ်ယောက်က “ဘန်ကောက်ကတယ်လီနောမှာလဲ မနက်၅နာရီကနေ ညနေ၅နာရီထိ သူ့ဖုန်းအချင်းချင်းခေါ်ရင် အလကားပါ။ ပြီးအင်တာနက်ကြိုက်သလောက်သုံး တစ်လဘတ်၃၀၀ပါ။ တခြားစိတ်၀င်စားစရာ ပက်ကေ့ချ်တွေလဲ အများကြီးပါ ။ တယ်လီနောပဲ အားပေးကြပါ။” လို့ ကွန်းမန့်ရေးသားထားပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *