Business, Lifestyle, News

iBanking ဝန်ဆောင်မှုအား ဧရာဝတီဘဏ် စတင်မိတ်ဆက်

iBanking ဝန်ဆောင်မှုအား ဧရာဝတီဘဏ် စတင်မိတ်ဆက်

အင်တာနက် ဘဏ်စနစ်ဝန်ဆောင်မှု (iBanking စနစ်) အားဧရာဝတီမှ စတင်ကာဆောင်ရွက်လိုက်ကြောင်း သိရသည်။ iBanking ဝန်ဆောင်မှုမှာ မိမိတို့နေရာ၌ပင် ဘဏ်နှင့်အွန်လိုင်းမှ ချိတ်ဆက်၍ ဘဏ်အကောင့်ဆိုင်ရာ ဆောင်ရွက်ချက်များကို ဆောင်ရွက်နိုင်မည့် အစီအစဉ်ဖြစ်ကြောင်း ဧရာဝတီဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အခုလကနေစတင်ပြီး ဆောင်ရွက်လိုက်တာပါ၊ iBanking ဆိုတာကမိမိတို့ အိမ်ကနေပြီးတော့ ကွန်ပျူတာကနေတစ်ဆင့် အွန်လိုင်းနဲ့ချိတ်ဆက်ပြီး ဘဏ်ရဲ့ ဆောင်ရွက်ချက်တွေကို ကြည့်ရှုနိုင်တဲ့စနစ်ဖြစ်ပါတယ်” ဟုအဆိုပါ တာဝန်ရှိသူကပြောသည်။ အွန်လိုင်းနှင့်ချိတ်ဆက်၍ မိမိတို့ဘဏ်အကောင့်တွင် ငွေစစ်ခြင်း၊ ငွေလွှဲခြင်းစသည့် ဆောင်ရွက်ချက်များ ဆောင်ရွက်နိုင်မည်ဖြစ်သည် ဟုဆိုသည်။ iBanking စနစ်အသုံးပြုလိုသူများ အနေဖြင့်ဧရာဝတီဘဏ်တွင် ဘဏ်အကောင့်တစ်ခုနှင့် iBanking အတွက် အကောင့်တစ်ခု ရှိရမည်ဖြစ်ကြောင်း သိရသည်။ “iBanking အကောင့်အတွက် နီးစပ်ရာ ဧရာဝတီဘဏ်ခွဲတိုင်းမှာ ဆောင်ရွက်ပေးပါတယ်။” ဟုအထက်ပါ တာဝန်ရှိသူကဆက်လက် ပြောကြားသည်။

အကောင့်ဖွင့်ခြင်းအတွက် နှစ်စဉ်ကြေးပေးဆောင်ရမည် ဖြစ်ကြောင်းသိရသည်။ (၂၄) နာရီပတ်လုံး အသုံးပြုနိုင်မည် ဖြစ်ကာဘဏ်ပိတ်ရက်များ ဖြစ်သောစနေနှင့် တနင်္ဂနွေနေ့များတွင်လည်း အသုံးပြုနိုင်မည် ဖြစ်ကြောင်းသိရသည်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *