News

နည်းပညာ ပစ္စည်းများကို လွယ်လွယ်ကူကူ တိုင်းတပါးမှ တင်သွင်းခွင့်ရရင် နယ်စပ် မှောင်ခို ပပျောက်သွားမှာပါဟု ဆိုလာသောအခါ၀ယ်…

၀ယ်သူ များပြီး ရောင်းသူ မရှိဆိုသည့် ဇာတ်လမ်းကိုတော့ မည်သည့် စီးပွားရေး လုပ်ငန်းရှင်များမှ ခင်းကျင်းချင်ကြမည် မထင်ပါ။ သို့ရာ၀ယ် ယင်းသို့ ခင်းကျင်း နေရသည်မှာ မြန်မာပြည်ရဲ့ ကွန်ပျူတာ ပစ္စည်း ရောင်းချသည့်ဆိုင် အများစု ဖြစ်နေကြောင်း သတင်းများ ထွက်ပေါ် နေသည့်အတွက်ကြောင့် အိုင်စီတီ ဂျာနယ်မှ အိုင်ကျူ မီသလောက် လိုက်လံ မေးမြန်း ကြည့်ရာ၀ယ်…
အမ်နင်တွေ ရှိနေတာက တစ်ကြောင်း၊ ပင်လယ် သမုဒ္ဒရာက ဖြတ်ပြီး တင်သွင်း ရသည်က တစ်ကြောင်း၊ လေလိုင်းကို ပိတ်လိုက်သည်က တစ်ကြောင်း၊ တင်သွင်း ချင်သည်များကို နေပြည်တော်သို့ တစ်နေကုန် မောင်းနှင်၍ ခွင့်ပြုချက် ရယူရသည်က တစ်ကြောင်း အစရှိသည့် အခက်အခဲများကြောင့် တိုင်းပြည်အတွက် အခွန် ဆောင်စရာ မလိုသည့် အောက်လမ်း ခေါ် နယ်စပ်မှ တင်သွင်းလာသည့် လမ်းကြောင်းသည်သာ ရွေးချယ်စရာ တစ်ခုအဖြစ် တွင်ကျယ်စွာ အသုံးပြု နေကြကြောင်း သိရှိခဲ့ရသည်။ ယခုအခါ နယ်စပ်မှ တင်သွင်းသည်များကို အခွန်အခ ကောက်ခံမည်ဟုဆိုသော သတင်းများ ထွက်ပေါ်လျက်ရှိသောကြောင့် ကွန်ပျူတာ ဈေးကွက်ထဲမှ အောက်လမ်း ဆရာကြီးများလည်း တင်သွင်းမှုကို ရပ်နားထားသည့်အတွက်ကြောင့် ဈေးကွက်အတွင်း ရောင်းချစရာ ပစ္စည်း ပျက်သလောက် နီးပါး ဖြစ်နေသည်ဟု သတင်းများက ဆိုသည်။

မည်သို့ပင်ဆိုစေကာမူ အခွန်အခ ဆိုသည်မှာ တိုင်းပြည်အတွက် ဖြစ်သဖြင့် ကောင်းသတင်း ကို ဆောင်သည်။ ပြောင်းလဲလာသည့် စနစ်အသစ်၌ ခေတ်မီ တိုးတက်သည့် နိုင်ငံဖြစ်နိုင်ရေးအတွက် အခွန်စနစ်သည် ပြောင်းလဲမှုများစွာ လုပ်ဆောင်ရန် လိုအပ်ကြောင်း နားလည်တတ်ကျွမ်းသော နိုင်ငံ့ ခေါင်းဆောင်များနှင့် ပညာရှင်များက အဆိုရှိခဲ့ကြသည်။
ထို့ကြောင့် အိုင်စီတီ ကဏ္႑ကို တိုးတက်အောင် နည်းလမ်းစုံမှ ကြိုးစား နေသော ယနေ့ မြန်မာနိုင်ငံကြီး၏ ကွန်ပျူတာ ဈေးကွက်အနေအထားကို ကြားသိရသမျှ ထပ်မံတင်ပြချင်သည်။
ကွန်ပျူတာ ဈေးကွက်ရှိ ဖွင့်လှစ် လျက်ရှိသော ဆိုင် ကြီး၊ သေး၊ လတ် မျိုးစုံသည် တစ်လကို အနည်းဆုံး ဆယ်သိန်းအထက် ဌားရမ်းခ ပေးဆောင်ရသည်။ ဆိုင်ခန်းအများစုသည် ပေ ၁၀x၄၀ ခန့်သာသာ ရှိသည်။ ဆိုင်ခန်းဌားရမ်းခနှုန်းကိုပင် ကျေဖို့အတွက် စီးပွားရေး မနည်း လုပ်နေရသည်ဟု ငြီးတွားနေသော်လည်း ဆိုင်ခွဲများ တိုးချဲ့မှုနှုန်း များပြားလာသည်ကို သတိထားမိသည်။
တစ်ဘက်မှလည်း ပင်လယ်ဖြတ်ကာ ကွန်တိန်နာကြီးများဖြင့် တရား၀င် တင်သွင်းဖြန့်ချိ ရောင်းချလျက်ရှိသည့် ကိုယ်စားလှယ်များမှလည်း ရေကြောင်းမှ ဖြတ်ကာ တင်သွင်းလာရသည့် အတွက်ကြောင့် ပစ္စည်းအသစ် တစ်ခု ပြည်တွင်းရှိ အရောင်းဆိုင်များသို့ ရောက်ရှိနိုင်ရန်အတွက် လနှင့်ချီပြီး စောင့်ဆိုင်းရကြောင်း၊ ရောက်ရှိလာသည့် အခါတွင်လည်း ဈေးနှုန်းမှာ အောက်လမ်းက အခွန် မဆောင်ထားသည့် ပစ္စည်းနှင့် ယှဉ်၍ ရောင်းရသည့် အတွက်ကြောင့် ရောင်း မထွက် တော့ကြောင်း သိရသည်။

ငွေပမာဏ မြောက်များစွာ ရင်းနှီး မြှုပ်နှံထားသည်က တစ်ကြောင်း၊ warranty/guarantee တွေ ထားရှိပြီး ပစ္စည်း ပျက်ခဲ့ပါက spare parts အပို ပစ္စည်းများကို နိုင်ငံခြားသို့ ပြန်ပို့ မှာယူ ရသည်များက တစ်ကြောင်းတို့ကြောင့် ကိုယ်စာလှယ်ကြီးများလည်း ငြီးတွားကြပြန်သည်။ ထို့ကြောင့် နယ်စပ်မှ တင်သွင်းလျက်ရှိသော ပစ္စည်းများကို တရား၀င် အခွန်ကောက်ခံမည်ဟု သတင်းများအရ ကွန်ပျူတာ ဈေးကွက် အတွင်း၌ မည်သို့မည်ပုံ အခွန် ကောက်ခံ မည်ကို စိတ်၀င်စားလျက် ရှိကြသည်။

တရား၀င် ဖြန့်ချိခွင့်ရှိသူများ အခွန်အခ ဆောင်ပြီး တင်သွင်းသလို၊ အောက်လမ်းမှ တင်သွင်းသူများလည်း ညီတူညီမျှ အခွန်ဆောင်ပါက မည်သို့ ဖြစ်လာမည် နည်းဟု ဈေးကွက်ထဲ၌ မေးခွန်း များဖြင့် ေ၀ဆာနေသည်။ အကယ်၍ ဖော်ပြပါ အတိုင်း ညီတူညီမျှ ပေးဆောင်ပါက တိုင်းပြည်အတွက် လွန်စွာ အကျိုးရှိမည်မှာ မည်သူမျှ မငြင်းနိုင်ပေ။ ထို့အပြင် Authorized Distributorလို့ အခေါ်များသည့် တရား၀င် ကိုယ်စားလှယ်များအတွက်လည်း ပင်လယ် ဖြတ်စရာ မလိုတော့သည့် အတွက်ကြောင့် အပြောင်းအလဲမြန်သော အိုင်စီတီ ခေတ်ကြီး၏ ၀ယ်လိုအားကို နယ်စပ်မှ ပစ္စည်းများ လျင်မြန်စွာ တင်သွင်းကာ ဖြည့်စည်းပေးနိုင်ပေလိမ့်မည်။ Spare parts၊ အပိုပစ္စည်းများကိုလည်း အလားတူ ကုမ္ပဏီမှ တိုက်ရိုက် လျင်မြန်စွာ မှာယူနိုင်ခြင်းကြောင့် သုံးစွဲသူများ အတွက်လည်း စိတ်ချမ်းမြေ့မှုကို ခံစားနိုင်သည်။

အောက်လမ်းမှ တင်သွင်းသူများ အဖို့လည်း နယ်စပ်မှာ တကူးတက အဆက်အသွယ် ရှာပြီး အချိန်ကုန် ခံစရာ မလိုတော့သည့်အပြင် ၀ယ်ယူ အားပေး သူများကိုလည်း Authorized Dealerများမှ ပစ္စည်း အစစ်အမှန်ကို ရောင်းချပြီး warranty အစစ်အမှန်ကို ပေးဆောင် နိုင်လိမ့်မည်။

ထို့ကြောင့် ဖော်ပြပါအတိုင်း သက်ဆိုင်သူ အားလုံး အဘက်ဘက်မှ လုပ်ဆောင်ကြပါက တိုင်းပြည်အတွက် ဘဏ္႑ာတိုးသည့်အပြင်၊ ၀ယ်ယူ သုံးစွဲသူ (consumer)အတွက်လည်း စစ်မှန်သော အာမခံ ပစ္စည်းများဖြင့် ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပေလိမ့်မည်။ အားလုံးလည်း နိုင်ငံကြီးသား ပီသစွာဖြင့် ရောင်း၀ယ် ဖောက်ကား လုပ်နိုင်ကြပေလိမ့်မည်ဟု မျှော်လင့်ရင်း ကြားသိသလောက်ကို မျှေ၀လိုက် သည်။

Leave a Reply

Your email address will not be published. Required fields are marked *