Tag Heuer က တန်ဖိုးကြီး အရည်အသွေးမြင့် စမတ်ဖုန်း တစ်လုံး ကို ထုတ်လုပ်လိုက်ပါတယ်။ အဲဒီဖုန်း မှာ နည်းပညာ အသစ်တစ်ခုပါရှိလာပါတယ်။ စမတ်ဖုန်း ကို Meridiist Infinite လို့ နာမည်ပေးထားပြီး ကမ္ဘာ့ပထမဆုံး နေရောင်ခြည်စွမ်းအင် နဲ့ အားဖြည့်ပေးနိုင်တဲ့ မျက်နှာပြင် တပ်ဆင်ထားပါတယ်။
Merediist Infinite ကို Company နှစ်ခု ပူးပေါင်းတီထွင်ထားတာဖြစ်ပါတယ်။ Atelier Haute Communication နဲ့ Sunpartner Technologies တို့ ဖြစ်ပါတယ်။ နေရောင်ခြည်စွမ်းအင် ကို စုပ်ယူနိုင်တဲ့ အလွှာ ကို ဖုန်းမျက်နှာပြင် နဲ့ မျက်နှာပြင် ကို ကာကွယ်ထားတဲ့ ဖန်သားပြင်ကြားမှာ ထည့်သွင်းထားတာဖြစ်ပါတယ်။ အဆိုပါအလွှာ က နေရောင်ခြည် ဒါမှမဟုတ် အခြား မီးအလင်းရောင် ကနေ ဖုန်း ကို အားသွင်းပေးနိုင်ပါတယ်။
အဆိုပါ အလွှာ က စမတ်ဖုန်း ကို ဘယ်လောက်အားသွင်းပေးနိုင်သလဲဆိုတာ ကို တော့ ကြေညာခြင်းမရှိသေးပေမယ့် တစ်နေ့လျှင် ဘက်ထရီ ၁၅ ရာခိုင်နှုန်း အားသွင်းပေးနိုင်တယ်လို့ Digital Trends ကို ပြောပါတယ်။
နေရောင်ခြည်စွမ်းအင် နဲ့ အားသွင်းပေးနိုင်တဲ့ Screen ဟာ ဖုန်းမျက်နှာပြင် ကို ကာရံထားတဲ့ Sapphire Glass နဲ့ ၂.၄ လက်မ 320×240 Pixel OLED Display တို့ ကြားမှာ ရှိပါတယ်။ မျက်နှာပြင် ရဲ့ အောက်မှာ ခလုတ် ကီးဘုတ် ရှိပြီး ဖုန်းရဲ့အနောက်ဘက်မှာ 5 Megapixel Camera တပ်ဆင်ထားပါတယ်။ ကိုယ်ထည် ကို Grade 5 Titanium နဲ့ ပြုလုပ်ထားပါတယ်။
Tag Heuer က Merediist Infinite စမတ်ဖုန်း ကို အလုံးရေ (၁၉၁၁) သာ ထုတ်လုပ်ထားပါတယ်။ နေရောင်ခြည် စွမ်းအင် ကနေ အားဖြည့်နိုင်တဲ့ စမတ်ဖုန်း ရဲ့ ဈေးနှုန်း ကို ကြေညာခြင်းမရှိသေးပါဘူး။ နေရောင်ခြည်စွမ်းအင်ကနေ အားသွင်းနိုင်ခြင်း မရှိတဲ့ သာမာန် Merediist စမတ်ဖုန်း ကို ဒေါ်လာ (၅၅၀၀) နဲ့ ရောင်းချပေးနေတဲ့အတွက် နေရောင်ခြည် စွမ်းအင် ကနေ အားဖြည့်နိုင်တဲ့ စမတ်ဖုန်း ရဲ့ ဈေးနှုန်း က ဒီထက် မြင့်မားမှာ ဖြစ်ပါတယ်။
https://www.youtube.com/watch?feature=player_embedded&v=Hp3ODf28PaE