News

Gresso ရဲ့ တန်ဖိုးကြီး Titanium စမတ်ဖုန်း

Gresso က Dual-SIM အသုံးပြုနိုင်တဲ့ တန်ဖိုးကြီး စမတ်ဖုန်းဖြစ်တဲ့ Azimuth ကို ကြေညာလိုက်ပါတယ်။ တိုက်တေနီယမ် ကိုယ်ထည် ဖြင့် ပြုလုပ်ထားပြီး စတီးကီးဘုတ် တပ်ဆင်ထားပါတယ်။ Logo ကို ၁၈ ကာရက် ရွှေ ဒါမှမဟုတ် ရွှေဖြူ နဲ့ ပြုလုပ်ထားပါတယ်။ အရေအတွက် (၉၉၉) ခုသာ ထုတ်လုပ်ထားပြီး လူကိုယ်တိုင် ပြုလုပ်ထားရတာဖြစ်ပါတယ်။

ဖုန်းရဲ့ အစိတ်အပိုင်းတွေကို တပ်ဆင်ဖို့ အချိန်ငါးနာရီ ကြာမြင့်ပြီးဖုန်းတိုင်းမှာ ကိုယ်ပိုင် Serial Number တစ်ခုစီ ပါရှိပါတယ်။ ခလုတ် ၂၁ ခုပါတဲ့ ကီးဘုတ် တပ်ဆင်ထားပါတယ်။ ကီးဘုတ် က ခလုတ် တွေကို နှိပ်ရတာ အလွန် သက်တောင့်သက်သာရှိတယ်လို့ Gresso က ပြောပါတယ်။

Grade 5 Titanium ကိုယ်ထည် ကို ပြုလုပ်ဖို့ အချိန် ကိုးနာရီ ကြာမြင့်ပါတယ်။ အချောသတ် ပြုလုပ်ရတဲ့အချိန် ဟာ လေးနာရီ ဖြစ်ပြီး လူကိုယ်တိုင် ပြုလုပ်ရတာဖြစ်ပါတယ်။

Azimuth ဖုန်း မှာ 2GB RAM ပါရှိပါတယ်။ 1.3 Megapixel Camera , Bluetooth 2.0, 1100mAh Battery ပါရှိပါတယ်။

Gresso ရဲ့ S40 Operating System မောင်းနှင်လည်ပတ်မှာ ဖြစ်ပါတယ်။ ဒေါ်လာ နှစ်ထောင် (ယူရို ၁၂၀၅) နဲ့ ရောင်းချပေးနေပြီဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *