Education, Lifestyle, News

သြစတြေးလျနိုင်ငံ University of Western Sydneyသို့…

သြစတြေးလျနိုင်ငံ University of Western Sydneyသို့...

University of Western Sydneyသည် Australia နိုင်ငံ Sydney မြို့တွင် တည်ရှိပြီး အစိုးရပိုင် တက္ကသိုလ်တစ်ခု ဖြစ်ပါသည်။ ၁၉၈၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး Sydney မြို့၏ Top Universities များထဲတွင် တစ်ကျောင်း အပါအဝင် ဖြစ်သည်။ ကျောင်း၏ Campusများကို Bankstown, Campbeltown, Hawskesbury, Blacktown, Parramatta, Penrithတို့တွင် အခြေပြုထားသည်။ UWSတွင် Undergraduate, Postgraduateနှင့် Higher Research Degreeများကို သင်ယူနိုင်မည် ဖြစ်သည်။ UWS၏ Research Programကို ကမ္ဘာ့အကောင်းဆုံး Research Programအဖြစ် Excellence in Research for Australia (ERA) 2012 Institution မှတ်တမ်းအရ သိရပါသည်။ ထို့ပြင် Australia Research Council (ARC) အဖွဲ့မှလည်း Australiaနိုင်ငံ၏ Research Programတွင် အကောင်းဆုံး တက္ကသိုလ် အဆင့် (၁၁)အဖြစ် သတ်မှတ်ပေးခဲ့သည်။

UWSတွင် Arts, Business, Communication Design and Music, Engineering Information and Communications Technology, Forensics, Health Science and Sport Science, Languages, Linguistics, Interpreting and Translation, Law, Medicine, Nursing, Policing and Criminology, Psychology and Social Sciences, Sciences, Teaching and Educationနှင့် Toursim and Urban Planning စသည့် ဘာသာရပ်များကို တက်ရောက်နိုင်မည် ဖြစ်ပါသည်။ အသစ်အသစ်သော ဘာသာရပ်များကို ကမ္ဘာ့ အဆင့်အတန်းမြင့် အဆောက်အအုံများတွင် အရည်အချင်းပြည့်ဝသော ဆရာ/ဆရာမ များ၏ သင်ကြားမှုနှင့်အတူ လွယ်ကူစွာ လေ့လာဆည်းပူးနိုင်မည် ဖြစ်သည်။

UWS၏ တာဝန်ရှိသူမှ အခြေခံ အထက်တန်း အောင်မြင်ပြီး သင်ကြားနိုင်မည့် Pathway Programများ၊ သင်ယူနိုင်မည့် ဘာသာရပ်များ နှင့် ကျောင်းဝင်ခွင့် သတ်မှတ်ချက်များကို ၂၈ ရက်၊ မတ်လ၊ ၂၀၁၄ ခုနှစ်၊ သောကြာနေ့၊ နံနက် ( ၁၀:၀၀ နာရီ မှ ၁၂:၀၀ ထိ) Australian Visa & Student Services၊ AVSS (Myanmar)တွင် ရှင်းလင်းဆွေးနွေးပေးမည် ဖြစ်ပါသဖြင့် တက်ရောက်ရန် ဖိတ်ကြားအပ်ပါသည်။ အသေးစိတ် အချက်အလက်များ သိရှိလိုပါက အမှတ် ၁၂၇ (အေ)၊ ပထမထပ်၊ အနောက်ရွှေဂုံတိုင်လမ်း၊ ဗဟန်း။ ဖုန်း ဝ၉ ၄၅၀ဝ၀ ၆၉၄၄၊ ဝ၉ ၄၅၀ဝ၀ ၆၉၅၅သို့ ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါကြောင်း myanmarict.wpengine.comမှတစ်ဆင့် မျှဝေပေးလိုက်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *