eBooks သို့မဟုတ် PDF ဖိုင်တွေ အလျှံပယ်ဖြစ်နေတဲ့ ယနေ့ ကွန်ပျူတာနယ်ပယ်မှာ ဖိုင်ကို PDF ပြင်တဲ့ ဆော့ဖ်ဝဲတွေ လိုအပ် နေမှာ အမှန်ပဲ ဖြစ်ပါတယ်။ ကျွန်မအတွက်လည်း အမြဲတမ်းလိုနေတဲ့အရာတစ်ခုဆိုရင်လည်း မမှားပါဘူး။ ဒါပေမယ့် တန်ဖိုးပေးချေပြီး ဝယ်မသုံးနိုင်တဲ့ ရလဒ်က အဲဒီ ပြင်ပြီးတဲ့ ဖိုင်များမှာ ‘A-PDF Split DEMO: Purchase from www.A-PDF.com to remove the watermark’ ဆိုတဲ့ ရေစာအမှတ်အသားက အနှောက် အယှက်ဖြစ်နေရပါတယ်။
ယခု Adolix (http://www.adolix.com/split-merge-pdf/) က ထုတ်လုပ်တဲ့ Adolix Split & Merge PDF သည် free software တစ်ခုဖြစ်တာကို တွေ့ရပါတယ်။ တကယ်လည်း ဘာအနှောက်အယှက်မှ မပေးပါဘူး။ အသုံးပြုရက်ကန့်သတ်မှုလည်း မရှိပါ။ PDF ဖိုင်တွေကို ခွဲတာ (split) နဲ့ ပေါင်းတာ (merge) ကို ဆော့ဖ်ဝဲတစ်ခုထဲက နေ ပြုလုပ်ပေးပါတယ်။ ဒါပေမယ့် သူကလည်း တန်ဖိုး ပေးမဝယ်လို့ ကန့်သတ်ချက်တော့ ရှိပါတယ်။ အဲဒါက PDF ဖိုင်တွေကို စာမျက်နှာ ၅၀ (pages) အထိ ခွဲပေးတာနဲ့ ပေါင်းတာကို ၅ မျက်နှာ သို့မဟုတ် pages ဖိုင် ၅ ဖိုင်သာ ပြုလုပ်ပေးပါတယ်။ ဘာဘဲဖြစ်ဖြစ် သုံးမယ့် PDF ဖိုင်က pages ၅၀ မကျော်ရင် အဆင်ပြေပြေ သုံးနေရမယ့် ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။
Power moto comment