News

SP New Product – Touch T08 mini USB flash drive

ယခုမိတ်ဆက်ပေးမှာကတော့ SP (silicon power) မှအသစ်ထပ်မှန်ထုတ်လုပ်လိုက်တဲ့ color ပေါင်းစုံရှိပြီး မှန်ကူကွက် ပုံစံ သွင်ပြင်ရှိတဲ့ mini USB flash drive-USB 2.0 T08 ပဲဖြစ်ပါတယ်။

အမြင်ကို ဆန်းသစ်ကွဲပြားစေနိုင်မယ့် အလင်းအရိပ်အဖုံးပြောင်းပြန်ရှိပြီး ရိုးရှင်းလှပတဲ့ဒီဇိုင်းလေးက accessories အနေဖြင့်ပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ဆန့်ကျင်ဘက်ကို စောင်းနေသောအနေအထားလေးကြောင့် သယ်ဆောင်ရ၊ ယူဆောင်ရလည်း လွယ်ကူစေမှာဖြစ်ပါတယ်။

T08 ၏အကောင်းမွန်ဆုံးအချက်လေးကတော့ အပေါ်ယံကိုယ်ထည် လေးကို သိပ်သည်းကျစ်လစ် ပေါ့ပါးစွာဖန်တီး ပြုလုပ်ထားသောကြောင့် သယ်ဆောင်ရပိုမို လွယ်ကူစေပြီး ကျောင်းသား/သူများနှင့် ရုံးဝန်ထမ်း များအတွက် အထူးသင့်လျှော်စေမယ့် ပစ္စည်းကောင်းလေးပဲဖြစ်ပါတယ်။ ဒါတွေအပြင် COB Techology ကိုအသုံးပြုထားသောကြောင့် ရေဝင်ခြင်း၊ ဖုန်ဝင်ခြင်းကို ကာကွယ်ပေးနိုင်မှာဖြစ်ပြီး တုန်ခါမူဒဏ်ကိုလဲ ခံနိုင်ရည်ရှိတဲ့ flash drive လေးပဲဖြစ်ပါတယ်။

T08 ကို အဖြူရောင်နှင့် ချယ်ရီပန်းရောင် ရရှိနိုင်မှာဖြစ်ပြီး capacity အနေဖြင့် 4GB မှ 64GB ထိ ရရှိနိုင်မှာဖြစ်ပါတယ်။ တစ်သက်တာအာမခံ ပေးထားသောပြီး SP Widget application ထည့်သွင်းပေးထားသောကြောင့် ပိုမိုအဆင်ပြေစေ နိုင်မှာဖြစ်ပါတယ်။ ဖေဖော်ဝါရီလတွင် စတင်ပြုလုပ်နေပြီ ဖြစ်သော SP’s valentine အရောင်းပွဲတော်မှ များပြားလှပပြီး အစုံလိုက်ထုပ်ပိုးထားသော ပစ္စည်းလေးများကိုလည်း ရောင်းချပေးသွားမည်ဖြစ်ပါသည်။ T08 ကို 8GB = 5700ks, 16GB = 7400ks, 32GB = 13600ks, 64GB = 24700ks ဖြင့် Golden Power Technology – ph: 01 2304848, 2304849, 2304850, 2304851, 2304852 နှင့် ကွန်ပျူတာဆိုင်အများစုတွင် ဝယ်ယူရရှိနိုင်ပါသည် ။

Leave a Reply

Your email address will not be published. Required fields are marked *