News

SP New Product – Armor A65M

SP (Silicon Power) မှ Mac အသုံးပြုသူများအတွက် USB 3.0 ပါဝင်သည့် Hard Disk Armor A65M ထုတ်ကုန်သစ်ကို စတင်မိတ်ဆက်ပေးလိုက်ပါပြီ။

Armor A65M ရဲ့ ထူးခြားချက်များက Mac အတွက် data ကူးပြောင်းနိုင်နှုန်း Max. 5 Gbps (USB 3.0 Mode) နှင့် Max. 480 Mbps (USB 2.0 Mode) ဘဲဖြစ်ပါတယ်။ IP67 အဆင့်ရရှိပြီး U.S စစ်ဘက်ဆိုင်ရာမှ ရေစိုဒဏ်ခံနိုင်မူနှင့် အကြမ်းခံနိုင်မှုတို့ကို အတည်ပြုပေးထားလို့ စိတ်ချစွာအသုံးပြုနိုင်ပါတယ်။ Armor A65M ရဲ့နောက်ထပ်ထူးခြားချက်ဟာ ရေနက်ရိူင်းမူပမာဏ အနက် 1 meter နှင့်အထက်တွင် မိနစ် 30 ကြာရေစိမ်ခံနိုင်ခြင်းဖြစ်ပါတယ်။ ထို့အပြင် အမြင့် 122cm အထိ ပြုတ်ကျဒဏ်ကိုလည်း ခံနိုင်ရည်ရှိပါတယ်။

အပြင်ပိုင်း cover ဒီဇိုင်းကိုတော့ ရောဘာအသားဖြင့် ပြုလုပ်ပေးထားပြီး သင်္ဘော၏ ဦးထည်အောက်ပိုင်း လိုင်းအဆင်းပုံစံအတိုင်း ပြုလုပ်ထားသောကြောင့် နှစ်လိုဖွယ်ကောင်းသော Hard Disk လေးဖြစ်ပါတယ်။ ခရီးသွားသူ၊ outdoor လုပ်ဆောင်နေသူ၊ နေ့စဉ် အသုံးပြုနေသူများ အတွက် ကြိုးသပ်သပ်ကိုင်စရာမလိုတော့ပဲ HDD နဲ့တွဲပြီးသယ်လို့အဆင်ပြေပါတယ်။

Armor A65M မှာ ပါဝင်သော Software များက free HDD Lock Utility software and SP Widget download software (providing 7 major back up and security tools) တို့ဖြစ်ပါတယ်။ Armor A65M Hard Disk နှင့် တွဲဖက်အသုံးပြုနိုင်သော OS (Operating Systems) မှာ အနိမ့်ဆုံးအနေဖြင့် Mac OS 10.5 ဖြစ်ရမည်ဖြစ်ပြီး နောက်ထွက်လာမည့် Mac OS များနှင့်လည်း အသုံးပြုနိုင်ပါတယ်။ Warranty အားဖြင့် 3 years ပေးထားလို့ စိတ်ချယုံကြည်စွာ အသုံးပြုနိုင်ပါတယ်။ Design ဆန်းသစ်မှု၊ လှပသေသပ်မှု၊ အကြမ်းခံပြီး လူကြိုက်များတဲ့ Armor A65M ကို 1TB = $65 နှင့် 2TB = $100 ဖြင့် Golden Power Technology – ph: (01-2304848~52) နှင့် ကွန်ပျူတာဆိုင်အများစုတွင် ဝယ်ယူရရှိနိုင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *