Cameras, Review

နည်းပညာ အသစ်အဆန်းတွေ ပါ၀င်တဲ့ Sony SLT-A99 ကင်မရာသစ် ပြည်တွင်းသို့ ၀င်ရောက်

ပြည်တွင်းမှာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ အစပိုင်းလောက်မှာ စတင် ရောင်းချမည့် Sony SLT-A99 DSLR Camera အကြောင်းကို ဖော်ပြပေးချင်းပါတယ်။ ၂၀၁၂ နှစ်ထုတ် ကင်မရာမော်ဒယ် ဖြစ်ပါတယ်။ A99 ကင်မရာမှာတော့ Professional ကင်မရာသမားတွေအတွက် စိတ်၀င်စားဖွယ်ရာ Featureတွေ ထည့်သွင်းပေးထားတာကို တွေ့ရ ပါတယ်။

Sony A99ရဲ့ အရည်အသွေး
Sony A99 မှာတော့ SLT နည်းပညာကို အသုံးပြုထားပြီး 24.3 Mega Pixel နှင့် 35mm အရွယ်အစားရှိသော Full Frame Exmor CMOS Sensorကို အသုံးပြုထား ပါတယ်။ Continuous Shooting ပိုင်းမှာတော့ 6fps အထိ ရရှိနိုင်မှာ ဖြစ်ပါတယ်။

Dual AF စနစ်
SLT-A99 ကင်မရာက Dual AF System အသုံးပြုထားတဲ့ ကမ္ဘာ့ပထမဆုံး DSLR Camera ဖြစ်ပါတယ်။ AF စနစ် နှစ်ခုကို တစ်ပြိုင်တည်း အသုံးပြုထားတာကြောင့် Sensor နှစ်ခုရဲ့ Focus တွေကို ပေါင်းစပ်ထားပါတယ်။ ဒါကြောင့် ရွေ့လျားနေတဲ့ အရာ၀တ္ထုတွေကိုတောင်မှ မလွတ်တမ်း Focus ဖြတ်ပေးနိုင်မှာ ဖြစ်ပါတယ်။

AF-D Mode
စိတ်၀င်စားဖွယ်ရာ Focus Point ကို 102 ခု အထိ ဖြတ်ပေးနိုင်တဲ့ AF-D Mode ပါ၀င်ပါတယ်။ အရင်က ကင်မရာတွေမှာဆိုရင် မျက်နှာပြင် တစ်ခုတည်းလောက်ကိုသာ Focus ဖြတ်ပေးတာကို တွေ့့ရပါတယ်။ အခု 102 ခု အထိ Focus ဖြတ်ပေးနိုင်တယ်ဆိုတော့ ပုံရိပ်တစ်ခုလုံးကို ခြုံပြီး Focus ဖြတ်ပေးနိုင်တဲ့ သဘောပါ။ ပုံတစ်ခုလုံး ရဲ့ ရွေ့လျားမှုကို မလွတ်တမ်း Focus ဖြတ်ပေးထားမှာ ဖြစ်ပါတယ်။

Full HD Movieတွေ ရိုက်မယ်
ISO အနေနဲ့ 50 ကနေ 25600 အထိ ပြောင်းလဲချိန်ညှိနိုင်ပါတယ်။ Movie ရိုက်ကူးရာတွင်လည်း 60P Progressive အရည်အသွေးဖြင့် ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ Movieတွေကို အဆက်မပြတ် ရိုက်ကူးနိုင်ဖို့ Non-Stop Continuous AR အပြင် Pro-Style အသံဖမ်းယူနိုင်သော လုပ်ဆောင်ချက်များ ပါ၀င်တာကို တွေ့ရပါတယ်။ 35mm ရှိတဲ့ အကြီးဆုံး Image Sensor နဲ့ 1920x 1080 Pixels Full HD Resolution ရှိတဲ့ Movie တွေကို ရိုက်ကူးနိုင်ပါတယ်။

Translucent Mirror Technology
Translucent Mirror Technology ကြောင့် Continuous AF Movieတွေကို ရိုက်ကူးရာမှာတော့ ကိုယ် Target ထားတဲ့ ပုံရိပ်ကိုပဲ ဆက်တိုက် Auto Focus ဖြတ်ပေးနိုင်ပါတယ်။ မိမိ Focus ဖြတ်နေတဲ့ ရုပ်ပုံရဲ့ ရှေ့က ဒါမှမဟုတ် နောက်ကနေပြီး တစ်စုံတစ်ခု ဖြတ်သွားရင်တောင် ကိုယ် Focus ထားတဲ့ အရာကိုပဲ သေသေချာချာ မိအောင် ဖမ်းပေးနိုင်ပါတယ်။ Movie တွေ ရိုက်ကူးနေစဉ်မှာ Image Setting တွေ၊ Sound Settingတွေကို အသံတိတ်ဖြင့် ချိန်ညှိပေးနိုင်မဲ့ Silent Multi Controller တစ်ခု ပါ၀င်ပါတယ်။ Movie ရိုက်နေစဉ်မှာ ဆူညံမှုတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

Dual SD Card Slot
ဓာတ်ပုံတွေ Movieတွေ များများ သိမ်းဆည်းနိုင်ဖို့အတွက် Dual SD Card Slot ထည့်သွင်းပေးထားပါတယ်။ Micro SD Card နဲ့ Memory Sticksတွေကို Support လုပ်ပေးနိုင်ပါတယ်။

ပုံစံသုံးမျိုး လှည့်လည်နိုင်တဲ့ Screen
ပုံစံသုံးမျိုး လှည့်လည် အသုံးပြုနိုင်တဲ့ LCD Screen လည်း ပါ၀င်ပါတယ်။ Low Angle ရိုက်ကူးရာမှာ အထောက်အကူပေးနိုင်ပါတယ်။ LCD Display အတွက်တော့ White Magic နည်းပညာနဲ့ Ultra-low Reflection Structure နည်းပညာတွေကို အသုံးပြုထားပါတယ်။ ဒါကြောင့် နေရောင်ခြည် တိုက်ရိုက် ကျရောက်တဲ့ နေရာမျိုးတွေမှာ ဓာတ်ပုံတွေ ရိုက်ရင်တောင် နေရောင်ခြည်ကြောင့် Screen အလင်းပြန်ပြီး မှုန်ဝါးတာမျိုးတွေ မဖြစ်စေပါဘူး။ နောက်ပြီး အပြင်မှာ မြင်နေတဲ့ ပုံအတိုင်း အရောင်အသွေးအတိအကျ ဖော်ပြပေးနိုင်မှာ ဖြစ်ပါတယ်။

အဆင့်မြင့် View-Finder အသုံးပြုနိုင်တယ်
View-Finder အနေနဲ့ကလည်း ပြင်ပမှ မြင်ကွင်းများကို 100% အပြည့်အ၀ကြည့်ရှုနိုင်သော XGA-OLED True-Finder ကို ထည့်သွင်းပေးထားပါတယ်။ အခြား VGA View-Finderတွေ ထက် ပိုမိုကြည်လင် ပြတ်သားတယ်လို့ ဆိုနိုင်ပါတယ်။ သင့်ရဲ့ မျက်နှာကို View-Finder အနီးကပ်လိုက်ရုံနဲ့ သင်ချိန်ညှိထားတဲ့ Setting အတိုင်း မြင်တွေစေဖို့ လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။

ပေါ့ပါးတဲ့ ကိုယ်ထည်
Camera၏ Body ကိုလည်း အရည်အသွေး ကောင်းမွန်ပြီး ပေါ့ပါးသော Magnesium Alloy သတ္တုအမျိုးအစားဖြင့် ဖွဲ့စည်းတည်ဆောက်ထားပြီး ရာသီဥတုဒဏ်ခံနိုင်သော Weather Sealesများကိုလည်း ထည့်သွင်းပေးထားပါတယ်။

GPS စနစ်
တည်နေရာကို ဖော်ပြပေးနိုင်မယ့် GPS စနစ်ကို Build-in ထည့်သွင်းပေးထားတဲ့အတွက် ကမ်ဘ ာပတ်ပြီး ဓာတ်ပုံ ရိုက်ကူးနေတဲ့ Photographerများ အတွက်တော့ အကြိုက်ဆုံး Feature ဖြစ်မှာ သေချာပါတယ်။

တွဲဖက်သုံးနိုင်တဲ့ Lensများ
A-99 နှင့် တွဲဖက်ပြီး အသုံးပြုနိုင်တဲ့ Lensတွေကတော့ SAL2470ZL, SAL2875, SAL50F14, SAL300F28F28G2, SAL70400G နှင့် SAL500F4G စတဲ့ Lensတွေပဲ ဖြစ်ပါတယ်။

စုံစမ်း ၀ယ်ယူရန်
A-99ကို ဒီဇင်ဘာလပိုင်းမှ စတင်ကာ ကျပ် ၂,၃၉၀,၀၀၀ (ကျပ် ၂၃ သိန်း ၉သောင်း) ဖြင့် TMW Enterprise Ltdရဲ့ Sony Showroomများတွင် ၀ယ်ယူ ရရှိနိုင်မှာ ဖြစ်ပါတယ်။

Full Features
24.3 Mega Pixels
35mm Full Frame Exmor CMOS Sensor
6fps Continuous Shooting
Dual AF System
AF-D Mode
ISO 50-25600
1920x 1080 Pixels
Full HD Resolution Movie
Translucent Mirror Technology

Leave a Reply

Your email address will not be published. Required fields are marked *