Apps, Review

အမေရိကန် TV Series တွေရဲ့ အချိန်ဇယားကို ပြပေးမယ့် Series Guide

အမေရိကန် TV Series တွေရဲ့ အချိန်တွေကို ပြပေးနိုင်တဲ့ Chrome Extension တစ်ခုဖြစ်ပါတယ်။ Series Guide က Chrome Browser ရဲ့ New Tab Page မှာ အမေရိကန် တီဗီ စီးရီး တွေရဲ့ အချိန်ဇယား ကို ပြပေးမှာဖြစ်ပါတယ်။ Search Box တစ်ခုပါရှိပြီး နာမည်ကြီး Torrent Site တွေကနေ တီဗီစီးရီးတွေ ရှာပေးနိုင်ပါတယ်။

အင်တာနက် မှာ ရုပ်ရှင်၊ တီဗီစီးရီး ၊ ဆော့ဝဲ ၊ သီချင်း၊ အီးစာအုပ် မျိုးစုံ ကို Torrent Site တွေကနေ ရယူနိုင်ပါတယ်။ သာမာန် အားဖြင့် ဖိုင်တွေကို အင်တာနက် ပေါ်ကို Upload လုပ်ပြီး Share လုပ်ကြတာဖြစ်ပါတယ်။ Torrent ရဲ့ အလုပ်လုပ်ပုံကတော့ အဲလိုမဟုတ်ဘဲ ကမ္ဘာပေါ်က အင်တာနက် အသုံးပြုသူတွေအချင်းချင်း ဖိုင်တွေကို Share လုပ်တဲ့ P2P နည်းပညာ ကို အသုံးပြုထားတာဖြစ်ပါတယ်။

Torrent တွေကို ဒေါင်းလုပ်လုပ်ဖို့ အတွက် Torrent Downloader or Torrent Client ရှိဖို့လိုပါတယ်။ Internet Download Manager လို ဆော့ဝဲတွေ နဲ့ ဒေါင်းလို့မရပါဘူး။ နာမည်ကြီး Torrent Downloader က UTorrent ဖြစ်ပါတယ်။ Android မှာ KissAssTorrent App ကို အသုံးပြုနိုင်ပါတယ်။ Internet Download Manager လို ဆော့ဝဲ နဲ့ ဒေါင်းချင်ရင် Zbigz.com လို ၀က်ဆိုက်တွေကနေ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။ နာမည်ကြီး Torrent Site တွေက KissAss , Extra Torrent တို့ဖြစ်ပါတယ်။ Torrent တွေရဲ့ အားသာချက်က ရုပ်ရှင် ၊ တီဗီ စီးရီးတို့လို အရွယ်အစားကြီးတဲ့ဖိုင်တွေကို ဒေါင်းလုပ်လုပ်ရင် Resume ရတာ ဖြစ်ပါတယ်။

Install SeriesGuide

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *