News

ကျန်းမာရေးအတွက် အထောက်အကူပေးမယ့် LifeWatch V7 Healthphone

ကျန်းမာရေးအတွက် အထောက်အကူပေးမယ့် V7 Healthphone တစ်မျိုးကို အစ္စရေးနိုင်ငံအခြေစိုက် LifeWatch ကုမ္ပဏီမှ တီထွင် ထုတ်လုပ်လိုက်ပါတယ်။ V7 Healthphone နဲ့သင့်ရဲ့ ကိုယ်ခန္ဓာအပူချိန်၊ Stress Levels၊ သွေးဖိအား၊ နှလုံးခုန်နှုန်း အစရှိတာတွေ ကိုစမ်းသပ်စစ်ဆေးနိုင်တဲ့အပြင် ကိုယ်ခန္ဓာထဲမှာရှိတဲ့ ဂလူးကို့ သကြားဓာတ်ကို စောင့်ကြည့်စစ်ဆေးပေးမယ့် ကိရိယာပစ္စည်းတစ်ခု အနေနဲ့လည်းသုံးလို့ရပါသေးတယ်။ ECG စမ်းသပ်မှုတစ်မျိုးကိုလည်း အချိန် ၃၅ စက္ကန့်အတွင်းမှာ စမ်းသပ်စစ်ဆေးနိုင်ပြီး တိကျတဲ့အဖြေ တစ်ခုကိုလည်း ပေးပါလိမ့်မယ်။ စမ်းသပ်စစ်ဆေးမှုပြုလုပ်နေတဲ့အချိန်မှာ ဖုန်းကိုအလျားလိုက်လက်ဖြင့်ကိုင်ထားပြီး လက်မနှင့် လက်ညှိုးကို ဖုန်းရဲ့ထိပ်ပိုင်းနားမှာရှိတဲ့ Sensors နဲ့ထိကပ်ပေးထားရမှာဖြစ်ပါတယ်။

V7 Healthphone ဟာဆိုရင် အလယ်အလတ်တန်းစား စမတ်ဖုန်းအမျိုးအစားဖြစ်ပြီး 1.3GHz Quad Core အမြန်နှုန်းရှိတဲ့ ပရိုဆက်ဆာကိုတပ်ဆင်ပေးထားပြီး RAM ကတော့ 1GB ဖြစ်ပါတယ်။ ဖုန်းရဲ့မျက်နှာပြင် အကျယ် ၄.၇လက်မအရွယ်အစားရှိပြီး ကင်မရာအရည်အသွေးကတော့ 8-Megapixel ဖြစ်ပါတယ်။ ဘက်ထရီ စွမ်းအားက 2150 mAH ဖြစ်ပြီး Android OS 4.2.2 (Jelly Bean) ကိုအသုံးပြုနိုင်မှာပါ။ ဖုန်းအတွင်းထဲသို့ အချက်အလက် သိမ်းဆည်းပေးဖို့အတွက် 4GB Memory ပါရှိပါတယ်။ LifeWatch V7 ကို ဧပြီလကုန်ပိုင်း လောက်မှာ ဖြန့်ချိပေးမယ်လို့သိရပါတယ်။

author-avatar

About Myo Zin

အမည်ရင်းမှာ မျိုးဇင်ကိုဖြစ်ပြီး Myanmar ICTတွင် နည်းပညာသတင်းများ၊ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းစသည့် IT ပစ္စည်းများအကြောင်း ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *