Education, Lifestyle, News

London School of Commerce ၏ ပညာရေးဟောပြောပွဲ

London School of Commerce ၏ ပညာရေးဟောပြောပွဲ

London School of Commerce (LSC) မှ ပံ့ပိုး၍ ဗြိတိသျှကောင်စီ မြန်မာမှ စီစဉ်တင်ဆက်မည့် ပညာရေးဟောပြောပွဲတစ်ရပ်အား ရန်ကုန်မြို့ အမှတ် (၇၈)၊
ကမ်းနားလမ်းရှိ ဗြိတိသျှကောင်စီ စာကြည့်တိုက်တွင် ဇူလိုင်လ ၁၇ ရက် (ကြာသပတေးနေ့) နံနက် ၁၀နာရီ မှ နေ့လည် ၁၂နာရီ အထိ ကျင်းပသွားမည် ဖြစ်ပါသည်။ ၎င်းဆွေးနွေးပွဲတွင် LSC ၏ Admissions Officer ဒေါ်သီရိမေမှ မြန်မာကျောင်းသားများအတွက် LSC မှပေးနိုင်သောပညာရေးအခွင့်အလမ်းများနှင့် တက်ရောက် နိုင်သော ဘာသာရပ်များ၊ ကျောင်းဝင်ခွင့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြား သွားမည် ဖြစ်သည်။ LSC ၏ တရားဝင်ပြည်တွင်းကိုယ်စားလှယ် ဦးအောင်ကျော်ဆန်း (Crown Education) မှလည်း LSC တွင် တက်ရောက်လိုသည့် ကျောင်းသားများအတွက် ၎င်းမှ ပေးနိုင်သော အကြံဉာဏ်များ၊ ဝန်ဆောင်မှုများကို ပြောကြားသွားမည်ဖြစ်သည်။ ဟောပြောပွဲမှာ မည်သူမဆိုတက်ရောက်နိုင်ပြီး ဝင်ကြေးမှာအခမဲ့ဖြစ်သည်။

နေ့ရက် – ၁၇ ဇူလိုင် ၂၀၁၄ (ကြာသပတေးနေ့)

အချိန် – နံနက် ၁၀းဝ၀ နာရီမှ နေ့လည် ၁၂းဝ၀ နာရီအထိ

နေရာ – Self-Access Centre ၊ ဗြိတိသျှကောင်စီ စာကြည့်တိုက် (၇၈၊
ကမ်းနားလမ်း၊ ရန်ကုန်မြို့)

ဟောပြောပွဲနှင့် ပတ်သက်၍ သိလိုသည်များကို ၂၅၄၆၅၈၊ ၂၅၆၂၉၀-၁ လိုင်းခွဲ ၃၃၁၁ သို့ ဖုန်းဆက်၍ဖြစ်စေ၊ [email protected]
သို့ အီးမေးပို့၍ဖြစ်စေ မေးမြန်းနိုင်ပါသည်။ LSC ၏ ကျောင်းဝင်ခွင့်နှင့် ပတ်သက်၍ သိရှိလိုပါက ဒေါ်သီရိမေ ထံသို့ [email protected] အီးမေးဖြင့် ဆက်သွယ်နိုင်ပြီး LSC ၏ တရားဝင် ဝက်ဗ်ဆိုဒ် ဖြစ်သော www.lsclondon.co.uk တွင်လည်း အသေးစိတ်ကို ဖတ်ရှုလေ့လာနိုင်ပါသည်။

London School of Commerce တက္ကသိုလ်အကြောင်း အကျဉ်း

လန်ဒန်မြို့တွင် ကျောင်းပရိဝုဏ် သုံးခုပိုင်ဆိုင်ထားသော London School of Commerce သည် Business၊ Management နှင့် IT ဘာသာရပ်များကို ဘွဲ့လွန်အထိ သင့်တင့်သော ဈေးနှုန်းများဖြင့် သင်ကြားပို့ချပေးနေပါသည်။ LSC ၏ ပင်မကျောင်းပရိဝုဏ်သည် ကမ္ဘာ့စီးပွါးရေးအချက်အချာ အကျဆုံးနှင့်
ယဉ်ကျေးမှု အမွေအနှစ်များ ရောပြွန်းရာ လန်ဒန်မြို့လည်နှင့် လမ်းလျှောက်သွားလာနိုင်သည့် အကွာအဝေးတွင် ရှိ၍ ကျောင်းသားများ ပညာသင်ယူရန်သာမက အမြင်ပိုမိုကျယ်၍ အလုပ်အကိုင် အခွင့်အလမ်းကောင်းများလည်း ရရှိနိုင်မည်ဖြစ်သည်။ Cardiff Metropolitan တက္ကသိုလ်နှင့် ပူးပေါင်း၍ LSC တွင် အချိန်တိုတို ကျောင်းလခသက်သာစွာဖြင့် MSc နှင့် MBA ဘွဲ့များကိုလည်း ရရှိနိုင်မည်ဖြစ်သည်။ ကျောင်းစာသင်နှစ် တစ်နှစ်တွင် ၃ ကြိမ် ကျောင်းသားလက်ခံ၍ ပထမ intake ကို မတက်ရောက်နိုင်ခဲ့လျှင်လည်း နောက်တစ်နှစ်စောင့်ရန်မလိုပဲ ဒုတိယနှင့် တတိယ ကျောင်းအပ်လက်ခံချိန်များတွင် စာရင်းပေးသွင်းနိုင်သည်။ ABE၊ ACCA နှင့် HND များကို လက်ရှိတက်ရောက်နေသော (သို့) တက်ရောက်ဖြေဆို အောင်မြင်ပြီးသော မြန်မာကျောင်းသားများသည် LSC တွင် ဘွဲ့ကြို ဒုတိယနှစ်၊ တတိယနှစ်များနှင့် ဘွဲ့လွန်များကို တိုက်ရိုက်တက်ရောက်နိုင်မည့် အခွင့်အလမ်းများလည်း ရှိသည်။ LSC သည် ယူကေနိုင်ငံတွင် သာမက နိုင်ငံအနှံ့အပြားတွင် ကျောင်းပရိဝုဏ်များ ဖွင့်လှစ်ထားရှိ၍ နိုင်ငံပေါင်း ၁၃၀မှ ကျောင်းသားကျောင်းသူ ၇၀ဝ၀ ကျော် တက်ရောက်ပြီး နိုင်ငံအသီးသီး၏ ယဉ်ကျေးမှု၊ ထုံးတမ်းစဉ်လာများကိုပါ နှီးနှောဖလှယ်ခွင့် ရရှိမည်ဖြစ်သည်။ မြန်မာကျောင်းသားများအတွက် ကျောင်းလခ တစ်စိတ်တစ်ပိုင်းကို ပညာသင်ဆုအနေဖြင့် ပေးအပ်မည့် အခွင့်အလမ်းလည်းရှိပါကြောင်း သတင်းရရှိပါသည်။

မနောဖြူလေး

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *