ASEAN ၏ ဦးဆောင်စီးပွားရေးလုပ်ငန်းစုကြီးဖြစ်သော SCG သည် စတုတ္ထအကြိမ်မြောက် SCG Sharing the Dream အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် မော်လမြိုင်မြို့ရှိ အထက်တန်းအဆင့် ကျောင်းသား ၁၀ဝ အား ပညာသင်ဆုများကို ယနေ့ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ၎င်းအစီအစဉ်အား SCG ၏ကတိကဝတ် တစ်စိတ်တစ်ပိုင်းဖြစ်သော မွန်ပြည်နယ်၏ တာဝန်သိပြည်သူတစ်ယောက်အနေဖြင့် မြန်မာနိုင်ငံတိုးတက်ဖွံ့ဖြိုးရေးအတွက် အဓိကအခန်းကဏ္ဍမှာပါဝင်သည့် ကျောင်းသား၊ ကျောင်းသူများ နှင့် လူမှုဝန်းကျင်များ၏ ကောင်းမွန်သောဘဝနေထိုင်မှုကို တိုးတက်ရန် လုပ်ဆောင်ခြင်းဖြစ်သည်။ မော်လမြိုင်မြို့ Strand Hotel ၌ ယနေ့နံနက်ကျင်းပခဲ့သော အခမ်းအနားက ကျောင်းသားလူငယ်များ၏ သူတို့မိသားစုအတွက် ကျေးဇူးတရား၊ သူတို့၏လူနေမှုအဖွဲ့အစည်းအတွက် တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့မှုများနှင့် ပညာရည်တိုးတက်မှုမှတ်တမ်းများကို အသိအမှတ်ပြုခဲ့ပါ သည်။
SCG က ပညာသင်နှစ်တစ်နှစ်စာအတွက် ကျောင်းစရိတ်နှင့် အခြားပံ့ပိုးမှုများကို ကာမိစေရန်အတွက် ပညာသင်ဆုကြေးငွေကို ကျောင်းသားတစ်ဦးလျှင် ၂၂၀,ဝ၀ဝ ကျပ်အထိ တိုးမြုင့်ပေးအပ်ခဲ့ပါသည်။ အဆိုပါပညာသင်ဆုများကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်၊ SCG မြန်မာ၏ Country Director ဖြစ်သူ Mr. Chana Poomee နှင့် မွန်ပြည်နယ် အစိုးရဝန်ကြီးတို့မှ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ဤအစီအစဉ်ကိုပံ့ပိုးကူညီပေးကြောင်း ပြသသောအားဖြင့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်က ဤ အခမ်းအနားကို တက်ရောက်ချီးမြုင့်ပေးပြီး “ကျွန်တော်တို့ အစိုးအရအနေနဲ့လည်း တိုင်းပြည်တိုးတက်ရေးအတွက် ပညာရေးဟာအဓိကမဏ္ဍိုင် ဖြစ်တယ်လို့ လက်ခံထားပြီး SCG ရဲ့ Sharing the Dream လိုမျိုး အစီအစဉ်တွေဟာဆိုရင်လည်း ကျွန်တော်တို့လူငယ်တွေရဲ့ ပညာရေးခရီးလမ်းနဲ့ အောင်မြင်မှုအတွက် ထောက်ပံ့မှုမှာ အဓိကကျတဲ့ အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပြီး SCG ရဲ့ အားထုတ်ကြိုးပမ်းမှု အတွက်လည်း ဂုဏ်ယူကြောင်းပြောကြားလိုပါတယ်” ဟု ပြောကြား ခဲ့ပါသည်။
“စတုတ္ထမြောက်နှစ်အဖြစ် SCG Sharing the Dream အစီအစဉ်ကို ဆောင်ရွက်ရတဲ့အတွက် ကျွန်တော်တို့ဂုဏ်ယူပါတယ်။ ဒီဆောင်ရွက်မှုက မြန်မာပြည်သူလူထုကို ထောက်ပံ့ကူညီဖို့နဲ့ ကျောင်းသားလေးတွေရဲ့ ပညာရည်မြင့်မားပြီး ထူးချွန်အောင်မြင်မှုကိုရနိုင်ဖို့ ဆောင်ရွက်သွားမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ကတိကဝတ်ကို အခိုင်အမာအထောက်အကူ ပေးပါတယ်။ ဒီနှစ်ပညာသင်ဆုတွေကိုပါ ထည့်ပေါင်းရင် ၂၀၁၂ ခုနှစ်ကစပြီး မြန်မာကျောင်းသားပေါင်း ၇၀ဝ ကို ကျွန်တော်တို့ ပညာသင်ဆုတွေ ချီးမြှင့်ပေးပြီးဖြစ်တဲ့အကြောင်း ဝမ်းမြောက်ဝမ်းသာစွာ ပြောကြားလိုပါတယ်။ လွန်ခဲ့တဲ့ လေးနှစ်က SCG Sharing the Dream ပညာသင်ဆုရရှိခဲ့သူတွေက ပညာရေးမှာအောင်မြင်မှု တွေရရှိနေတာကို တွေ့ရတာကြောင့် SCG အတွက်တော့ လုပ်ဆောင်ရကျိုးနပ်ပါတယ်။ သူတို့ရဲ့အောင်မြင်မှုတွေကို မျက်မြင်ကိုယ်တွေ့ တွေ့မြင်ရတာလည်း အလွန်ပီတိဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ကျောင်းသား၊ကျောင်းသူတိုင်းရဲ့ အိမ်မက်တွေကိုအလေးထားပြီး အဲဒီအိမ်မက်တွေ တစ်ကယ် အကောင်ထည်ဖော်ရာမှာ ပါဝင်ကူညီချင်ပါတယ်” ဟု Mr. Chana Poomee က အခမ်းအနားတွင် ပြောကြားခဲ့ပါသည်။
“ကျွန်မရဲ့ပညာသင်ကြားရေးစရိတ်စကတွေကို ကာမိစေမယ့် SCG Sharing the Dream ပညာသင်ဆုကို ရရှိခဲ့တဲ့အတွက် ကျွန်မအနေနဲ့ဝမ်းမြောက်မိပါတယ်။ ကျွန်မရဲ့ရည်မှန်းချက်က အထက်တန်းပြဆရာမဖြစ်ဖို့ဖြစ်ပါတယ်။ ကျွန်မအနေနဲ့ အကောင်းဆုံးကြိုးစားသွားမှာပါ” ဟု ယနေ့ပညာသင်ဆုရရှိခဲ့သည့် မော်လမြိုင်မြို့ ထခွဲအ.လ.က (၃) ကျောင်းတွင် တက်ရောက်ပညာသင်ကြားနေသည့် ဒသမတန်းကျောင်းသူ မယွန်းမမက ပြောကြားပါသည်။ ယနေ့အခမ်းအနားတွင် ယခင် SCG Sharing the Dream ပညာသင်ဆုရရှိခဲ့သူများလည်း တက်ရောက်ခဲ့ကြပြီး သူတို့၏ ပညာသင်ယူမှုအတွေ့အကြုံများကို ဝေမျှပေးခဲ့ကြပါသည်။ ၂၀၁၅ခုနှစ် ကျောင်းသား/သူများအတွက် လှုံ့ဆော်အားပေးသောအားဖြင့် ၂၀၁၃ ခုနှစ်၌ SCG ပညာသင်ဆုရှိခဲ့သူ ကျောင်းသား မောင်ကောင်းစည်သူက “ကျွန်တော်ကဆယ်တန်းမှာ (၄) ဘာသာဂုဏ်ထူးဖြင့်အောင်မြင်ခဲ့ပြီး အခု ရေကျောင်းတက္ကသိုလ်သန်လျင်မှာ ပညာသင်ကြားနေပါတယ်။ ဒီနှစ်ပညာသင်ဆုရရှိတဲ့ ညီလေး၊ ညီမလေးတွေကို အခုအချိန်မှာ မြန်မာနိုင်ငံဟာ ခေတ်မီဖွံ့ဖြိုးတိုးတက်လာပြီးဖြစ်လို့ ပညာထူးချွန်တဲ့ကျောင်းသား/သူတွေ အများကြီးလိုအပ်ပါတယ်။
ဒါကြောင့်မို့ ပညာရေးကို တစိုက်မတ်မတ် ကြိုးစားပါလို့ ပြောချင်ပါတယ်။ SCG ကလည်း ချို့တဲ့ပြီး ပညာထူးချွန်တဲ့ ကျောင်းသား/သူတွေကို တစ်ဖက်တစ်လမ်းကနေ ပညာဒါနအားဖြင့်ပါဝင်ပြီး ဆုချီးမြှင့်ပေးလို့ ကျေးဇူးအများကြီး တင်ပါတယ်” ဟုပြောကြားသွားပါသည်။ SCG Sharing the Dream ၂၀၁၅ ခုနှစ်အစီအစဉ်က တစ်ဖန်ပညာသင်ဆု ၂၀ဝ ဆုချီးမြှင့်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ ကွမ်းခြံကုန်း၊ တွံတေး၊ ဆိပ်ကြီးခနောင်တိုင်နှင့် ကော့မှူးမြို့နယ်များမှ ကျောင်းသား ၁၀ဝ နှင့် မွန်ပြည်နယ်၊ မော်လမြိုင်၊ ကျိုက်မရော၊ မုဒုံ၊ ပေါင်နှင့် ချောင်းဆုံမြို့နယ်များမှ ကျောင်းသား ၁၀ဝ တို့အား ထောက်ပံ့ချီးမြုင့်ခဲ့ပါသည်။ ရန်ကုန်တွင်လည်း ပညာသင်ဆုချီးမြုင့်ပွကို International Business Center (IBC) တွင် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်၊ ကြာသာပတေးနေ့တွင်ကျင်းခဲ့ပါသည်။
ယမန်နှစ် Sharing the Dream ဆုရရှိပြီးပညာရေးတွင် ထူးချွန်ခဲ့သော ရန်ကုန်မြို့မှ ကျောင်းသား ၁၀ ဦး ကိုလည်း သူတို့၏ထူးချွန်အောင်မြင်မှုကို အသိအမှတ်ပြုသောအားဖြင့် SCG က ပညာသင်ဆုကြေးငွေပေါင်း ကျပ် ၂,၆၄၀,ဝ၀ဝ ကို ထပ်မံပေးအပ်ခဲ့ပါသည်။ အခမ်းအနားအပြီး SCG မှ တည်ခင်းသော နေ့လယ်စာစားချိန်တွင် ပညာသင်ဆုရရှိသူ ကျောင်းသားများအား အုပ်စုဖွဲ့ဆောင်ရွက်မှုများ၌ ပါဝင်စေပြီး သူတို့၏အနာဂတ် ပညာသင်ယူမှုအတွက် စွမ်းရည်များရရှိအောင် ပံ့ပိုးဆောင်ရွက်ပေးခဲ့ပါသည်။ SCG Sharing the Dream သည် အာဆီယံဒေသရေရှည်တည်တံ့ဖွံ့ဖြိုးရေးအတွက် SCG က စီစဉ်ဆောင်ရွက်နေသော အစီအစဉ်ဖြစ်ပြီး မြန်မာ၊ အင်ဒိုနီးရှား၊ လာအို၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား နှင့် ထိုင်းနိုင်ငံ အပါအဝင် အာဆီယံနိုင်ငံများမှ ကျောင်းသား ၅၀ဝ၀ ကျော်ကို ပညာသင်ဆုများ ပေးအပ်ချီးမြုင့်ထားပြီးဖြစ်ပါသည်။
အာဆီယံရေရှည်တည်တံ့စေမည့် စီးပွားရေးခေါင်းဆောင်များပေါ်ပေါက်လာစေရန်ဟူသော ဦးတည်ချက်အမြော်အမြင်ဖြင့် SCG က မြန်မာပြည်သူလူ၏ဘဝအရည်အသွေး ပိုမိုမြင့်မားစေမည့် SCG ဆောင်ရွက်ချက်များကို ဆက်တိုက်လှုပ်ရှားအကောင်အထည်ဖော်နေမည်ဖြစ်ပါသည်။ ယခုနှစ်အစောပိုင်းကလည်း မြန်မာပြည်မှ တက္ကသိုလ်ကျောင်းသား/သူ ရှစ်ဦးကိုရွေးချယ်ပြီး ထိုင်းနိုင်ငံသို့ခေါ်ယူကာ အတတ်ပညာပိုင်းဆိုင်ရာ ဗဟုသုတများ တိုးပွားလာစေရန်နှင့် အရှိန်အဟုန်ဖြင့်ပြောင်းလဲနေသော နိုင်ငံတကာလုပ်ငန်းဝန်းကျင်တွင် ဝင်ရောက်ရှင်သန်လှုပ်ရှားနိုင်မည့် ကျွမ်းကျင်မှုများကို ဖြည့်ဆည်းပေးနိုင် ရန်တို့အတွက် တစ်လကြာအလုပ်သင်အစီအစဉ်တွင် ပါဝင်စေခဲ့ပါသည်။
မကြာသေးမီကလည်း SCG သည် ရန်ကုန်မြို့နှင့် မော်လမြိုင်တို့ရှိ စာသင်ကျောင်းသို့ မြေငလျင်ဘေးအန္တရာယ်ကာကွယ်ရေးသင်ရိုးများ ဖြန့်ဝေပေးခဲ့ပြီး ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ်ကြုံတွေ့လာချိန်တွင် ပြန်လည်ပြုမူတုန့်ပြန်ရမည့် ပညာပေးအစီအစဉ် များလည်း ပို့ချဆောင်ရွက်ခဲ့ပါသည်။ SCG အကြောင်း အာဆီယံဒေသတွင် ထိပ်တန်း စီးပွားရေးလုပ်ငန်းကြီး တစ်ခုဖြစ်သော SCG တွင် အဓိကလုပ်ငန်းကြီးသုံးခု ဖြစ်သည့် SCG ဘိလပ်မြေ အိမ်ဆောက်ပစ္စည်းလုပ်ငန်း၊ SCG ဓာတုပစ္စည်းလုပ်ငန်းနှင့် SCG စက္ကူလုပ်ငန်းတို့ ပါဝင်ပါသည်။ SCG လက်အောက်တွင် ကုမ္ပဏီ ၂၀ဝ ကျော်နှင့် ဝန်ထမ်းပေါင်း ၅၁,ဝ၀ဝ ကျော်ရှိကာ Consumer များ၏ လက်ရှိနှင့် နောင်အနာဂတ် လိုအပ်ချက်များနှင့် လျော်ညီသည့် တီထွင်ဆန်းသစ်သော ကုန်စည်နှင့်ဝန်ဆောင်မှုများကို ထုတ်လုပ်ဖြန့်ချီပါသည်။
ဒေသတွင်းချဲ့ထွင်မှုအဖြစ် မြန်မာနိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော်က လုပ်ငန်းစတင်ခဲ့ပါသည်။ SCG သည် မြန်မာနိုင်ငံတွင် ပထမဆုံးဘက်စုံပါဝင်သည့် ဘိလပ်မြေစက်ရုံကို တည်ဆောက်ရန် ဘတ်ငွေ ၁၂,၄၀ဝ သန်း ရင်းနှီးမြှုပ်နှံထားပါသည်။ ထိုဘိလပ်မြေ စက်ရုံကို မော်လမြိုင်မြို့တွင်တည်ကာ ၂၀၁၆ နှစ်လည်မှ စတင်လုပ်ငန်းလည်ပတ်နိုင်မည်ဟု မျှော်လင့်ထားသည်။ ဤစီမံကိန်းသည် မြန်မာနိုင်ငံနှင့်အာဆီယံဒေသတွင် ဘိလပ်မြေအိပ်ဆောက်ပစ္စည်းလုပ်ငန်း ကြီးထွားလာမှုကို ကူညီပံ့ပိုးလိုသည့် ကုမ္ပဏီ၏ရည်မှန်းချက်ကို ထင်ဟပ်ဖော်ပြနေပါသည်။ မြန်မာနိုင်ငံတွင် ရရှိနိုင်သော SCG ဘိလပ်မြေထုတ်ကုန်များမှာ SCG Portland ဘိလပ်မြေ Portland Cement Type 1၊ SCG အဖြူရောင် ဘိလပ်မြေ၊ အင်္ဂတေနှင့် “CPAC” တံဆိပ်ဖြင့် ဈေးကွက်တင်သော SCG ၏ အသင့်ရောစပ်ပြီးကွန်ကရစ်တို့ဖြစ်ပါသည်။ ဆောက်လုပ်ရေးပစ္စည်းများကိုမူ မြန်မာနိုင်ငံတွင် SCG နငှ့် COTTO ဟူသော ကုန်အမှတ်တံဆိပ်အမည် နှစ်မျိုးခွဲပြီးရရှိနိုင်ပါသည်။ SCG အမှတ်တံဆိပ်ဖြင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများဖြစ်သည့် ခေါင်မိုး၊ နံရံနှင့် မျက်နှာကြက်၊ သစ်သားအစားထိုး အဆင့်မြင့်အရည်အသွေးထုတ်ကုန်အမျိုးမျိုး ကို ဖြန့်ဖြူးနေပြီး COTTO အမှတ်တံဆိပ်ဖြင့် မျက်နှာပြင်ခင်းခြင်း၊ ပရိဘောဂနှင့် သန့်ရှင်းရေးပစ္စည်းများ ထုတ်လုပ်နေပါသည်။ ထို့အပြင် SCG Trading of SCG Distribution က ဆောက်လုပ်ရေးပစ္စည်းများနှင့် ဘိလပ်မြေများအပါအဝင် ဝန်ဆောင်မှုလုပ်ငန်းများ ကျယ်ပြန့်စွာဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးသို့ ဖြန့်ချိပေးလျက်ရှိပါသည်။