Samsung Galaxy Ace Style ကို တရား၀င်ကြေညာခြင်းမရှိသေးပေမယ့် ဂျာမနီ နိုင်ငံ ဟန်းဘတ်မြို့မှာ ပြသထားတာ တွေ့ရပါတယ်။ စွမ်းဆောင်ရည် အလယ်အလတ် ရှိပြီး အခြား Galaxy Phone များ နဲ့ ဒီဇိုင်း ဆင်တူပါတယ်။ ဈေးနှုန်းကလည်း အလယ်အလတ် ရှိပါတယ်။
Samsung Galaxy Ace Style ဟာ ဈေးသက်သာတဲ့ စမတ်ဖုန်းတွေထဲမှာတော့ Android 4.4 KitKat ကို အသုံးပြုထားတဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်ပါတယ်။ လေးလက်မအရွယ် WVGA Display တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 5 Megapixel Camera တပ်ဆင်ထားပါတယ်။ အရှေ့ဘက်မှာ VGA Camera တပ်ဆင်ထားပါတယ်။ 4GB Internal Storage ပါရှိပါတယ်။ အခြား Hardware Specification တွေကိုတော့ မသိရသေးပါဘူး။
Samsung Galaxy Ace Style ကို နှစ်မျိုးထုတ်လုပ်ပေးထားပြီး Single-SIM နဲ့ Dual-SIM အမျိုးအစားတို့ ဖြစ်ပါတယ်။ ဥရောပမှာ ယူရို ၂၀၀ ကနေ ၃၀၀ (ဒေါ်လာ ၂၇၅ ကနေ ၄၁၀) အတွင်းမှာ ရောင်းချမယ်လို့ မျှော်လင့်ရပါတယ်။ Galaxy Ace Style ကို တရား၀င်ကြေညာမယ့်နေ့ကို စောင့်မျှော်ရမှာ ဖြစ်ပါတယ်။