News

Premier Skills နည်းပြအဆင့် ပညာပေးသင်တန်း ဒုတိယပိုင်း၏ ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်သတင်းယူပါရန် ဖိတ်ကြားခြင်း

Premier Skill

မနက်ဖြန်ခါ သုဝဏ္ဏဘောလုံးကွင်းမှာလုပ်မည့် Premier Skills (မြန်မာ) သင်တန်းပိတ်ပွဲ၏ မီဒီယာများအား ဖိတ်ကြားထား သည့် အချိန်အမှန်မှာ ညနေ သုံးနာရီခွဲ ဖြစ်ပါတယ်။ လေးနာရီမဟုတ်ပါဘူး။ သုံးနာရီခွဲမှာ ကြွရောက်ပေးကြပါရန်
မေတ္တာရပ်ခံပါသည်။

Premier Skills နည်းပြအဆင့် ပညာပေးသင်တန်း ဒုတိယပိုင်း၏ ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်သတင်းယူပါရန် ဖိတ်ကြားခြင်း။ ပရီးမီးယားလိဂ် နှင့် ဗြိတိသျှကောင်စီတို့မှ ပူးပေါင်းစီစဉ်ဆောင်ရွက်သည့် Premier Skills (မြန်မာ) သင်တန်း ၏ ဒုတိယပိုင်းအစီအစဉ်အရ Premier Skills အစီအစဉ် နည်းပြချုပ် Jeremy Weeks (ယခင်၂၀၁၂ခုနှစ် လန်ဒန် Olympic နှင့် Paralympic အားကစားပြိုင်ပွဲ မသန်စွမ်း အားကစားသမား များ၏ ဘောလုံးနည်းပြချုပ်ဟောင်း) မှ ဦးဆောင် ကာ Scott Black (Everton Football Club – အဲဗာတန်ဘောလုံးအသင်း) နှင့် Andrew Foster (Newcastle United Football Club – နယူးကာဆယ်ဘောလုံးအသင်း) တို့မှ မြန်မာပြည်အနှံ့အပြားမှ ရွေးချယ်ထားသော အခြေခံအဆင့် ဘောလုံး နည်းပြ ၃၆ယောက်အား ဖေဖော်ဝါရီလ၂၇ရက် မှ မတ်လ ၄ရက်နေ့အထိ လေ့ကျင့်ပေးခဲ့ပါသည်။ အဆိုပါအစီအစဉ်၏ ပိတ်ပွဲ အခမ်းအနားကို ၂၀၁၅ မတ်လ ၄ ရက် (ဗုဒ္ဓဟူးနေ့) ညနေ ၃:၃၀ နာရီမှ ၅:၃၀ နာရီအထိ သုဝဏ္ဏ လူငယ်လေ့ကျင့်ရေး စခန်း
(သုဝဏ္ဏဘောလုံးကွင်း) တွင် ပြုလုပ်မည် ဖြစ်သောကြောင့် လူကြီးမင်းတို့ သတင်းဌာနမှာ ကြွရောက်သတင်းယူပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။ တက်ရောက်သတင်းယူမည်ဆိုပါက မသီရိရတနာကျော် Digital and Communications Officer ၊ ဗြိတိသျှကောင်စီ – ဖုန်း ဝ၉-၂၆၁-၄၅၁-၁၉၉ – အီးမေးလ် [email protected] သို့ ကျေးဇူးပြု၍ အကြောင်းပြန်ပေးပါရန် မေတ္တာရပ်ခံပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *