၂၀၁၄ ခုနှစ် သြဂုတ်လ ၉ ရက်နေ့ စနေနေ့တွင် လျှပ်စစ်ကျွမ်းကျင်မှု သင်တန်းဌာနမှူး ဆရာဦးကျော်မြတ်ခိုင် ဦးဆောင်သော လျှစ်စစ်ကျွမ်းကျင်မှု အထောက်အကူပြုသင်တန်းမှ ဆရာ ၇ ဦးနှင့်အတူ EL-10A နှင့် EL-10B မှ သင်တန်းသားစုစုပေါင်း ၃၄ ဦးတို့သည် Novotal Hotel နှင့် ရန်ကုန်ဆန်လှူအသင်း အဆောက်အဦးတို့၏ ဆောက်လုပ်ရေးလုပ်ငန်းခွင်များသို့ လေ့လာရေး ခရီးသွားရောက်ခဲ့ကြပါသည်။ Novotal Hotel ဆောက်လုပ် ရေးလုပ်ငန်းသို့ ပထမ လေ့လာမှု သွားရောက်ခဲ့ရာ တာဝန်ခံအင်ဂျင်နီယာများက လျှပ်စစ်မီးကြိုး သွယ်တန်းမှု စနစ်နှင့် လျှပ်စစ်မီးခွဲဝေရေးစနစ်တို့ကို လိုက်လံရှင်းလင်း ပြသပေးခဲ့ကြသည်။ ရန်ကုန်ဆန်လှူ အသင်း အဆောက်အဦတွင်လည်း တာဝန်ခံ ကန်ထရိုက်တာဖြစ်သော ဦးဖြိုးသီဟမှ လျှပ်စစ်မီးကြိုး သွယ်တန်းမှု စနစ်နှင့် လျှပ်စစ်မီးခွဲဝေရေးစနစ်တို့ကို ရှင်းလင်းပြသခဲ့သည်။ ဦးဖြိုးသီဟသည် CVT Myanmar သင်တန်း ကျောင်း၏ EL-4 လျှပ်စစ်ကျွမ်းကျင် သင်တန်းကို တက်ရောက်အောင်မြင်ခဲ့ပြီးသော CVT Myanmar၏ သင်တန်းသားဟောင်းတစ်ဦးလည်း ဖြစ်ပါသည်။
လျှပ်စစ်ကျွမ်းကျင်မှု အတတ်ပညာသင်တန်းမှ သင်တန်းဆရာများနှင့် ကျောင်းသားကျောင်းသူများ လက်တွေ့လေ့ကျင့်ခြင်းနှင့် လုပ်ငန်းခွင်များသို့ သွားရောက်လေ့လာခြင်း

03
Sep