News

“PHP Advanced Developer Class (MVC + OJT)” အမှတ်စဉ် (၂) သင်တန်းဖွင့်လှစ်မည့် အစီအစဉ်

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှကြီးမှူး၍ PHP Advanced Developer Class (MVC + OJT) အမှတ်စဉ် (၂) သင်တန်း တစ်ခုကို မတ်လ (၂၈) ရက်နေ့ ၌ စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။

ပညာသင်ကြားလေ့လာသူများ ၊ Programmer များသည် application များ၊ website များကိုကောင်းမွန်စွာရေးသားနိင်ရန် အခက်အခဲများတွေ့ခြင်းအပြင်၊ ပြည့်စုံသောစိတ်ချရသော စနစ်ကျသောစနစ်များကို ခက်ခဲစွာတည်ဆောက်ရသည်ကိုတွေ့ မြင်ရပါသည်။ လုပ်ငန်းခွင်သို့ဝင်ရောက်ရာတွင် များစွာအဆင်မပြေဖြစ်ကြသည်ကိုလည်း မြင်တွေ့ရသဖြင့် ယခုသင်တန်းအား ဖွင့်လှစ်ရခြင်းဖြစ်ပါသည်။ MVC ဆိုသည်မှာ Model–View–Controller ၏အတိုကောက်ဖြစ်ပြီးလတ်တလောတွင် လွန်စွာခေတ် စားနေသော software architecture တစ်ခုဖြစ်ပါသည်။ MVC သည် Data များကိုသိမ်းဆည်းခြင်း၊ Business Logic များကို ဖော်ဆောင်ခြင်းနှင့် Function များကိုကောင်းစွာ ထိန်းကျောင်းနိင်သော ပုံစံဖြစ်ပါသည်။ Developer များအနေဖြင့် ကောင်းမွန် သော application များကိုစနစ်ကျကျနည်းမှန်လမ်းမှန် မြန်မြန်ဆန်ဆန်ပြုလုပ်နိင်ရန် MVC Framework များကများစွာ အထောက်အကူပြုပေးနိင်ပါသည်။ CakePHP ဆိုသည်မှာ PHP Language ပေါ်တွင်အခြေပြုထားသော Web Application Framework တစ်ခုဖြစ်ပါသည်။ မြန်ဆန်ခြင်း၊ ပေါ့ပါးကောင်းမွန်ခြင်း၊ MVC ပေါ်တွင် အခြေခံခြင်းတို့ကြောင့်လည်း ကမ္ဘာ ပေါ်တွင်လူသုံးအများဆုံး Framework များထဲတွင် ပါဝင်ပါသည်။ CakePHP ၏ Sentence များ၊ function များသည် နားလည်ရ လွယ်ကူပြီး library မြောက်များစွာနှင့် ခိုင်မာသောအွန်လိုင်း ကွန်မြူနီတီလည်းရှိပါသည်။ သင်ကြားသူများ အဆင်ပြေလေ့လာ သင့်သော framework လည်းဖြစ်ပါသည်။ ယခုသင်တန်းသည် Industry အတွက် အဆင်သင့်ဖြစ်စေရန်ရည်ရွယ်သော သင်တန်းလည်းဖြစ်ပါသည်။ သင်တန်းကာလမှာသုံးလခန့် ကြာမြင့်မည်ဖြစ်ပြီး၊ ပထမတစ်လတွင် CakePHP MVC Framework အားလေ့လာသင်ကြားခြင်းနင့် ကျန်ရှိသောလများတွင် လက်တွေအသုံးပြုခဲ့သော/အသုံးပြုမည့် ပရောဂျက်များကိုကိုယ်တိုင် တည်ဆောက် ခွင့်ရရှိမည်ဖြစ်ပါသည်။ ပရောဂျက်များရေးသာနေစဉ်ကာလအတွင်း ဆရာမှဂိုက်လုပ်ပေးသွားမည်ဖြစ်ပါသည်။ ပရောဂျက်အနည်းဆုံးနစ်ခု ပါဝင်မည်ဖြစ်ပါသည်။ Thesis အတွက် ပရောဂျက်တင်မည့် ကျောင်းသားကျောင်းသူများ၊ လက်ရှိအနေအထားမှ အထက်သို့တတ်ရန် ခက်ခဲနေသော PHP Developer များ၊ နိင်ငံခြားတွင် အလုပ်သွားရောက်လုပ်ကိုင်မည့် သူများ၊ လုပ်ငန်းအတွေ့အကြုံလိုအပ်နေသူများ၊ အားနည်းနေသူများ၊ ရာထူး/လစာတိုးရန်လိုလားသော developer များ၊ PHP Developer သင်တန်းဆင်းပြီးသူများ မဖြစ်မနေ တတ်ရောက်သင့်ပါသည်။ ယခုသင်တန်းကိုတတ်ရောက်ခြင်းဖြင့် Version Control စနစ်များအသုံးပြုခြင်း ၊ Database Server/Web Server များကိုချိတ်ဆက်ခြင်း၊ Team member များနှင့်လက်တွဲ လုပ်ကိုင်ခြင်းအစရှိသည့်အကျိူးကျေးဇူးများကိုလည်း ရရှိနိင်ပါသည်။ သင်တန်းပြီးပါက အလုပ်အကိုင်အတွက် များစွာအထောက် အကူပြုမည်ဖြစ်ပါသည်။ ပါဝင်မည့် အကြောင်းအရာများ…..

v Working with SVN Server environment
v Working with MySQL Database Server Environment
v Working with Model-View-Controller (MVC Pattern)
v Working with Libraries
v Working with Forms
v Validation and Error Handling v Arrays, Functions, Session
v Security
v Pagination and Routing
v Working with team environment
v Working with Server Environment
v User Authentication

သင်တန်းကာလ – မတ်လ (၂၈) ရက် မှ ဇွန်လ (၂၇) ရက်အထိ
သင်တန်းအချိန် – ညနေ ၅:ဝ၀ မှ ၈:ဝ၀ နာရီ (ကြာသပတေး၊ သောကြာ)
သင်တန်းကြေး – ၂၀ဝ,ဝ၀ဝ (နှစ်သိန်းကျပ်)
MCPA Member(၅၀%) – ၁၀ဝ,ဝ၀ဝ (တစ်သိန်းကျပ်)
သင်တန်းသားဦးရေ – (၁၅) ဦး
သင်တန်းနေရာ – အဆောင် (၄)၊ အခန်း(၄)၊ MCPA Lab Room၊ လှိုင်မြို့နယ်။
သင်တန်းတက်ရောက်လိုသူများအနေဖြင့် မတ်လ (၂၇) ရက်နေ့ ညနေ (၄) နာရီ နောက်ဆုံးထား၍ MCPA ရုံးခန်းသို့ လာရောက်လျှောက်ထားနိုင်ပါသည်။အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ ဖုန်းနံပါတ် ဝ၁-၆၅၂၂၇၆၊ ဝ၉-၇၃၀၈၈၃၀ဝ သို့ စုံစမ်းမေးမြန်းနိုင်ကြောင်း သတင်းရရှိသည်။
မှတ်ချက်(၂) အတန်းတက်ချိန် ၇၅% မပြည့်မှီပါက သင်တန်းဆင်းလက်မှတ် ပေးအပ်မည်မဟုတ်ပါ…

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *