ဓာတ်ပုံတွေကို ဘယ်လို ကောင်းသည်ထက် ကောင်းအောင် လုပ် ရမယ်လို့ ကြံဆနေသူများအတွက် effects (filters) တွေ အများ ကြီးပါတဲ့ Photo Effects Studio နဲ့ မိတ်ဆက်ပေးလိုက်ရပါ တယ်။ AMS Software (http://www.ams-software. com/) က ထုတ်လုပ်ပြီး တစ်ခုဖြစ်တဲ့ Photo Effects Studio သည် သင့် ဓာတ်ပုံများကို မရေမတွက်နိုင်တဲ့ filters လုပ်ဆောင် ချက်တွေ သုံးပြီး အသွင်ဆန်းစေမှာပါ။ ဒီနေ့ ဓာတ်ပုံခေတ်မှာ မဖြစ် မနေဆောင်ထားသင့်တဲ့ ဆော့ဖ်ဝဲလည်း ဖြစ်ပါတယ်။ ဓာတ်ပုံပြင်တဲ့ ဆော့ဖ်ဝဲလို့လည်း ပြောနိုင်ပါတယ်။
Photo Effects Studio သည် file size 23MB ကျော်ပြီး တကယ့် ပရိုဖက်ရှင်နယ်ဆော့ဖ်ဝဲများလို စွမ်းရည်မြင့်မားတာကို တွေ့ ရပါတယ်။ လုပ်ဆောင်ရ လွယ်ကူပြီး ထည့်သုံးစရာ effects တွေ မထင်မှတ်လောက်အောင် များစွာ ပါဝင်တာကို တွေ့ရပါတယ်။ အကြိမ် ၃၀ အခမဲ့ စမ်းသုံးနိုင်ပါတယ်။
အဓိကအားဖြင့် Editor, Effects, Montage နဲ့ Decoration Mode ဆိုပြီး ရှိပါတယ်။ Decoration Mode က ဓာတ်ပုံ ဘောင်ပါ။ နမူနာပေးထားတဲ့ ဘောင်တစ်ခုခုကို ကလစ်တစ်ချက် နှိပ် လိုက်တာနဲ့ ဓာတ်ပုံကို ဘောင်ခတ်ပြီးသာဆိုပါတော့။ Editor က ပုံ ရဲ့ အလင်းအမှောင်၊ ဖြတ်တောက်တာ၊ လှည့်တာစသည်တို့ကို ပြုလုပ် ပေးပါတယ်။ Effects မှာတော့ အတော်စုံပါတယ်။ Complex, Artistic, Nature, Color, Illumination, Geometric, Basic အုပ်စုများ ရှိပြီ်း အဲဒီအထဲက အကြိုက်ကို နမူနာ ပြရရင် Nature ဖြစ်ပါတယ်။ Nature မှာ ကြယ်တွေ၊ လတွေ ထွက် နေတာ၊ မိုးတွေ ရွာနေတာ၊ နှင်းကျတာ၊ မိုးကြိုးတွေပစ်၊ လျှပ်စီးတွေ လက်နဲ့ တကယ့် သဘာဝ ဓာတ်ပုံဖြစ်အောင် ဖန်တီးနိုင်ပါတယ်။ ည အမှောင် ဖန်တီးချက်ကလည်း ပီဘိ လအရိပ်နဲ့ ညဘက် ရှုခင်းပါ။
ဒီ effects တွေကို နမူနာအနေနဲ့ ရေးရင်တောင် စာမျက်နှာ မဆန့်တော့ပါ။ ဝယ်နိုင်ရင် ပြေးဝယ်ချင်တဲ့ ဓာတ်ပုံဆော့ဖ်ဝဲ တစ်ခု ဖြစ်ပါတယ်။ ကဲ သင်လည်း ရန်ကုန်မြို့မှာ ဆီးနှင်းတွေ ကျနေ တဲ့ပုံကို သဘာဝအတိုင်းရအောင် စောင့်ပြီး ရိုက်မှာလားဆိုတာ ကိုယ်တိုင်ဖန်တီးကြည့်လိုက်ပါနော်။