အိမ်မွေးတိရစ္ဆာန်ဖြစ်တဲ့ ခွေးကလေးတွေဟာ တစ်ကယ်တော့ လူသားတွေရဲ့ အကောင်းဆုံး အဖော်၊ အကောင်းဆုံး သူငယ်ချင်း ဖြစ်သလို လူသားတွေရဲ့ အချစ်တော်လည်း ဖြစ်ပါတယ်။ ကြင်နာတတ်တဲ့ လူသားတွေနဲ့ အလိုက်သိတတ်တဲ့ ခွေးလေးတွေ ကြားမှာရှိတဲ့ သံယောဇဉ် တစ်ခုဟာလည်း မိသားစုပမာပါပဲ။ အမေရိကားမှာတင် အိမ်မွေးခွေးပေါင်း ၆၈သန်းကျော် ရှိတယ်လို့ ဒီ၀က်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ ခွေးစာ ကွေျးနည်းတွေ၊ ခွေးလေးတွေအတွက် နာမည်ပေးနည်းတွေ၊ ချစ်စရာ ခွေးပုံလေးတွေ၊ အိမ်မွေးခွေးလေးတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ၊ ရယ်မော ပျော်ရွှင်စရာ ဟာသတွေ တင်ပြပေးထားပြီး လူသိများတဲ့ ခွေးအမျိုးအစားပေါင်း ၇၀ကျော်ရဲ့ အသေးစိတ် အချက်အလက်တွေ ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ခွေးဖက်ရှင်၊ အစားအသောက်၊ ကစားစရာ၊ ကိုယ်၀န်ဆောင်ခွေး၊ မွေးမြူ လေ့ကျင့်ရေးဆိုင်ရာ သိစရာတွေ ပါရှိပြီး ခွေးဗေဒင်ပါ တွက်ချက်နိုင်မှာ ဖြစ်ပါတယ်။
လူတွေရဲ့ အချစ်တော်

18
Mar