KMDမှ ပေးပို့လာသော သတင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
KMD Education Servicesမှ Overseaတွင် ကျောင်းတက်ရောက်လိုသော ကျောင်းသား၊ ကျောင်းသူများကို အကောင်းဆုံး ဝန်ဆောင်မှု ပေးလျက်ရှိရာ ယခုအခါ အရှေ့တောင်အာရှ နိုင်ငံများအတွင်း ထိပ်တန်းတက္ကသိုလ်များထဲမှ တစ်ခုဖြစ်တဲ့ ထိုင်းနိုင်ငံ၏ ပထမဦးဆုံး အဆင့်မြင့် နိုင်ငံတကာတက္ကသိုလ်ကြီး Assumption University၏ Affiliated Centre တစ်ခုအနေဖြင့် Overseas Studies Counseling ဝန်ဆောင်မှုများကို အခမဲ့ ဆောင်ရွက်ပေးနေပါတယ်။
KMD သည် Assumption University၏ မြန်မာပြည် တစ်ဦးတည်းသော ကိုယ်စားလှယ်အဖြစ်
• တက္ကသိုလ်တွင် လိုအပ်သော ကြိုတင်ပြင်ဆင်မှုများနှင့် Entry Requirement များအကြောင်း ဆွေးနွေးရှင်းပြပေးခြင်း။
• တက်ရောက်သင့်သော Course များကို အကြံပြုရွေးချယ်ပေးခြင်း။
• Tution Fees နှင့် အခြား ကုန်ကျစရိတ်များကို တွက်ချက်ရှင်းလင်း ပြောပြပေးခြင်း။
• Application Form တင်ပေးခြင်း စသည့် ဝန်ဆောင်မှုများ။
• Visa နှင့် Passport အခက်ခဲမရှိစေရန် Acceptance Letter တွင် Endorsement ပြုလုပ်ပြီးသည်အထိ စီစဉ်ဆောင်ရွက်ပေးခြင်း။
အစရှိသော ဝန်ဆောင်မှုများအားလုံးကို အခမဲ့ ဆောင်ရွက်ပေးလျက်ရှိပါတယ်။
Assumption University တွင် Business, Arts, Economics, Science And Technology, Engineering, Communication Arts, Biotechnology, Law, Architecture, Music, Nursing Scienceအစရှိတဲ့ Bachelor Degree များ Management, Science, IT, Arts, Education, Engineering, Law Master Degree များအပြင် PH.D Degree များအထိ တက်ရောက်နိုင်ပါတယ်။ သင်ကြားမှုနည်းစနစ်ကို ကြည့်မယ်ဆိုရင်လဲ US systemကို အခြေခံထားပြီး credit system ဖြင့် သင်ကြားပါတယ်။ Semester တစ်ခုတွင် အနည်းဆုံး 16 Credits ယူရမည်ဖြစ်ပြီး ယေဘုယျအားဖြင့် တစ်ဘာသာလျှင် 3 Credits ရှိပြီး 1 Credit ရရှိရန် သင်ယူချိန် (၁၅)နာရီပြည့်ရပါမည်။ မိမိလိုက်နိုင်မှုအပေါ် မူတည်ပြီး ၄ နှစ် Program များကို ၃နှစ်အတွင်းလည်း ပြီးနိုင်ပါသည်။
နိုင်ငံတကာတွင် ပညာသင်ယူလိုသည့် မြန်မာနိုင်ငံရှိ ကျောင်းသူ၊ ကျောင်းသားများတွက် KMD Overseas Studies Counceling Services မှ ဆွေးနွေး အကြံပြု၍ အကောင်းဆုံးဝန်ဆောင်မှုများ လုပ်ဆောင်လျက်ရှိရာ သင်ကြားမှုစရိတ် သင့်တင့်စွာဖြင့် ကမ္ဘာအဆင့်မီ ပညာရပ်များကို သင်ကြားပေးလျက်ရှိပြီး၊ အလုပ်အကိုင် အခွင့်လမ်းအကောင်းဆုံးရှိခြင်း၊ လက်ရှိ မြန်မာကျောင်းသားပေါင်း ၅၀ဝကျော် တက်ရောက်နေခြင်း စသည့် အချက်အလက်များကြောင့် Assumption Universityသည် အနာဂတ် အခွင့်အလမ်းများအတွက် ရွေးချယ်တက်ရောက်ရန် အသင့်တော်ဆုံး တက္ကသိုလ်ဖြစ်ကြောင်း ဖော်ပြပေးလိုပါသည်။ အထက်ပါ အချက်လက်များနှင့် ပတ်သတ်၍ အသေးစိတ်သိရှိလိုပါက KMD(ပန်းဆိုးတန်း) 174-182, ပန်းဆိုးတန်းလမ်း (အလယ်ဘလောက်), ကျောက်တံတားမြို့နယ်, ရန်ကုန်။ ဖုန်း – 01-381776, 01-381035, 01-391286 သို့ ဆက်သွယ်နိုင်ပါတယ်။