Microsoftက Nokiaရဲ့ စွမ်းဆောင်ရည်နိမ့်ဖုန်းများနဲ့ Android Phoneများကို ရပ်တန့်ကောင်း ရပ်တန့်နိုင်ပါတယ်။ ဒါပေမယ့် Microsoftက အလွန်အခြေခံကျတဲ့ Nokiaဖုန်းကို ရောင်းချပေးလိုက်ပါတယ်။ ဒေါ်လာ ၂၅ (ယူရို ၁၉) သာ တန်ဖိုးရှိတဲ့ Nokia 130 Handsetကို ရောင်းချပေးလိုက်တာပါ။ ဒီဖုန်းဟာ အခြေခံကျတဲ့ ဖုန်းဖြစ်ပြီး MP3, Video, FM Radioများ နားထောင်တာနဲ့ လက်နှိပ်ဓါတ်မီးအဖြစ် သုံးနိုင်ပါတယ်။ စမတ်ဖုန်းတွေရဲ့ ဈေးနှုန်းဟာ ဒေါ်လာ သုံးဆယ်လောက် လျော့နည်းလာတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ရည်ရွယ်ထုတ်လုပ်ပေးထားတာပါ။
Nokia 130ကို Single SIM, Dual SIM ဆိုပြီး နှစ်မျိုးထုတ်လုပ်ပေးထားပြီး Standby အသုံးပြုရင် ၃၆ ရက်နဲ့ ၂၆ ရက် အသီးသီး အသုံးခံပါတယ်။ နှစ်မျိုးစလုံးဟာ ဖုန်းပြောရင် ၁၃ နာရီ အသုံးခံပါတယ်။ 32GB အထိ၀င်ဆန့်တဲ့ MicroSD Card အသုံးပြုနိုင်ပါတယ်။ Bluetooth ဆက်သွယ်မှုကို ထောက်ပံ့ပေးပေမယ့် အင်တာနက် သုံးလို့မရပါဘူး။ ၁.၈ လက်မအရွယ် မျက်နှာပြင်တပ်ဆင်ထားပြီး အနက်၊ အနီနဲ့ အဖြူရောင်များ ထုတ်လုပ်ပေးထားပါတယ်။
Recodeနဲ့ အင်တာဗျူးတစ်ခုမှာ Microsoftမှ Jo Harlowက Microsoftဟာ အခြေခံကျတဲ့ ဆဲလ်ဖုန်းများကို အာရုံစိုက်နေတယ်လို့ ပြောပါတယ်။ တန်ဖိုးနည်း စမတ်ဖုန်း စာသုံးသူများအတွက် Microsoftမှာ အခြား စီမံကိန်းမရှိပါဘူးလို့ Harlowက ပြောပါတယ်။ နောက်ဆုံးထုတ် Nokia 103 စမတ်ဖုန်းမှာ အင်တာနက် ချိတ်ဆက်နိုင်ခြင်းမရှိပေမယ့် Harlowက တန်ဖိုးနည်း စမတ်ဖုန်း စားသုံးသူများဟာ Microsoft Accountတစ်ခု ပြုလုပ်ကြမှာ ဖြစ်ပြီး Microsoft ဂေဟစနစ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာမှာ ဖြစ်ပါတယ်။ Microsoftက Nokia X Android Phoneများကိုလည်း ဒီစီမံကိန်းအတိုင်း ထုတ်လုပ်ခဲ့တာပါ။ Microsoftက Nokiaကို ၀ယ်ယူအပြီးမှာတော့ Nokia X Android Phoneများကိုရပ်နားပြီး Lumia Windows Phoneများကိုသာ ရောင်းချတော့မယ်လို့ ကြေညာထားပါတယ်။ Microsoftက အခြေခံ စမတ်ဖုန်းများကို ထုတ်လုပ်လျှက် စွမ်းဆောင်ရည်နိမ့်နဲ့ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများ ဈေးကွက်ကို အရယူမယ့်ပုံပေါ်ပါတယ်။