Google၏ ဥက္ကဌဖြစ်သူ Eric Schmidtနှင့် Paypalကို စတင်တည်ထောင်သူများထဲမှ တစ်ဦးဖြစ်သူ Peter Thielတို့၊ ကော်လိုရာဒိုက Aspenမှ ကျင်းပသည့် ‘နှစ် ၃၀ အတွင်း နည်းပညာ တိုးတက်လာမှု ရှိမရှိ’ ခေါင်းစဉ်ဖြင့် နှီးနှောဖလှယ်ပွဲမှာတော့ ရင်းနှီးမြှုပ်နှံသူ တစ်ဦးလည်းဖြစ်သည့် Mr.Thielက မေးခဲ့သည့် မေးခွန်းဖြစ်ပါသည်။ များသောအားဖြင့် ယခုလိုဆွေးနွေးပွဲဟာ ရင်းနှီးချစ်ခင်စွာ ပြောဆိုကြသည် များသော်လည်း သူတို့ပွဲကတော့ အများနဲ့ မတူပါဘူးဟု တက်ရောက်ခဲ့သူများက ပြောကြပါသည်။
Mr.Thiel၏ မေးခွန်းအရ ‘ဒီနေ့ခေတ်ကြီးလို နည်းပညာ အလျင်အဟုန်ဖြင့် တိုးတက်နေသည့် ခေတ်ကြီး ရောက်ပြီဟု သတ်မှတ်လျှင် ခင်ဗျားတို့ Googleလို ကုမ္ပဏီကြီးက အတိုးမပေးရပဲ ချက်ချင်း သုံးလို့ရသည့် အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀ကို လက်ထဲ ပိ်ုက်ထားပြီး ပ်ိုက်ဆံ ထပ်ထပ်ပြီး ပွားလာမည့် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်သည့်သင့်အစား လက်ပိုက်နေတာကတော့ ခင်ဗျားတို့မှာ အိုင်ဒီယာအသစ်တွေ မရှိတော့လို့ မဟုတ်ဘူးလား’ဟု မေးခွန်းထုတ်ခဲ့ပါသည်။
‘Google၏ စီးပွားရေး Modelတွေထဲမှာ ဘယ်တော့မှ ပိုက်ဆံ လျော့နည်းသွားတယ်ဆိုတာ မရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့က ကမ်ဘာမြေကြီးရဲ့ ကန့်သတ်ချက်တွေကိ်ု ရင်ဆိုင် နေရတာပါ။ ဒီလို ကုမ္ပဏီကြီးတွေ တည်ထောင်ဖို့ကတော့ ကျွန်တော်တို့အတွက် ကန့်သတ်ချက်က ပိုက်ဆံ မဟုတ်ပါဘူး။ တကယ့် ကန့်သတ်ချက်တွေကတော့ ကျွန်တော်တို့ လူတော်တွေကို ဘယ်လို စုဆောင်းရမလဲ၊ အိမ်ခြံမြေနှင့်သက်ဆိုင်သည့် အတားအဆီးတွေ၊ ကျွန်တော်တို့ ထုတ်လုပ်သည်များအပေါ်မှာရှိမည့် ဥပဒေကြောင်းတွေ၊ မှန်ကန်မှု ရှိမရှိဆိုတာတွေစသည်ဖြင့် ရှိနေတာက ဖြစ်သည်’ဟု Mr. Schmidtက ပြန်လည် ဖြေကြားသွားပါသည်။ Mr.Thielက ပြန်လည်မေးခွန်းဖြင့် တိုက်စစ်ဆင်ခဲ့တာကတော့ ‘ခင်ဗျားတို့က လွန်ခဲ့တဲ့ ရာစုနှစ််က Search Engine တစ်ခုပါပဲ။ နည်းပညာ ကုမ္ပဏီတစ်ခု မဟုတ်တော့ပါဘူး’ဟူ၍ ဖြစ်သည်။ ဖော်ပြပါ အကြောင်းအရာကို စိတ်၀င်စားတယ်ဆိုရင်တော့ “tech.fortune.cnn.com”တွင် ၀င်ရောက်လေ့လာနိုင်ပါသည်။