News

၂၁ ရာစုနှစ်အတွက် Microsoft Office 15

Microsoft office 15

Metrotacular

Office 15 ကတော့ Window 8မှ ဒီဇိုင်းအချို့ကို မှီငြမ်းပြီး Interface အသစ်အဖြစ် ပြောင်လဲထားပါသည်။ ထိုရဲ့ ရလဒ်ကြောင့်မို့လဲ Suiteတစ်ခုလုံးက Software အားလုံးဟာ ရိုးရှင်းမှု အရသာ ပေါ်လွင်ပြီး အသုံးပြုရ လွယ်ကူစွာနှင့် အသစ်တစ်ခုဆိုတာ ခံစားရပါသည်ဟုလည်း သုံးစွဲပြီးသူများမှ ပြောကြသည်။ ထပ်မံပြီးတော့လည်း အခု Office 15ရဲ့ Interfaceက Tabletအတွက် ဦးစားပေး တီထွင်ထားသည်လို့ ပြောရမှာဖြစ်ပြီး Tabletမှ Softwareတစ်ခုကို Desktopမှာ လာရောက်အသုံးပြုစေတဲ့ ပုံစံပေါ်နေကြောင်းလဲ ပြောကြားသွားပါသေးသည်။

SkyDrive (Cloud)
ယနေ့ နည်းပညာခေတ်ကြီးမှာ Cloudဆိုတဲ့ စကားလုံးဟာ နေရာတိုင်းမှာ ကြားသိနေရမှာပါ။ အဓိပ္ပာယ်ကတော့ ကိုယ့်ရဲ့ Fileတွေကို ကမ်ဘာတစ်၀ှမ်းလုံးက မည်သည့်နေရာကမဆို အသုံးပြုလို့ရတယ် ဆိုတာပါပဲ။ Gmailလိုမျိုး email တစ်ခုပေါ့။ ကမ်ဘာမြေကြီးရဲ့ ဘယ်နေရာကမဆို တိမ်တွေကို မြင်ရတဲ့အတိုင်း တင်စားထားသည့် စကားတစ်လုံးပါ။
ထို့ကြောင့် Microsoft Cloud နည်းပညာကို ၄င်းတို့၏ Office 15 ထဲမှာ တစ်ခါတည်း ချိတ််ဆက် အသုံးပြုနိုင်အောင် စီစဉ်ပေးထားပါတယ်။ ကောင်းကျိုးကတော့ မိမိရဲ့ ရုံးက ကွန်ပျူတာတစ်လုံးမှာ Microsoft Wordနှင့် စာတစ်ပုဒ်ရေးလို့ မပြီးဆုံးသေးရင်လဲ ကွန်ပျူတာကို အိမ်သယ်သွားစရာ မလိုဘဲ အိမ်မှာရှိတဲ့ Tabletနှင့်ဖြစ်စေ၊ Smart Phone (ဥပမာ- Microsoft Surface Tablet)နှင့်ဖြစ်စေ၊ အိမ်က ကွန်ပျူတာနှင့်ဖြစ်စေ ဆက်လက်ပြီးဆုံးအောင် ရေးသွားနိုင်သည်ပေါ့။ အဲဒီ့ Cloud နည်းပညာကိုတော့ Microsoftမှ SkyDriveဟု အမည်တွင်စေခဲ့ကာ Storageကိုလည်း 100 GBအထိ ရယူနိုင်အောင် Planတွေ ချမှတ်ပေးထားပါသေးသည်။ ယခု လူသုံးများနေသည့် DropBox သတိထားရမည့် အချက်ဖြစ်သည်ဟုလည်း ပညာရှင်များက ဆိုသည်။

Microsoft officeကို သြဂုတ်လ ၁ရက်နေ့၊ ၁၉၈၉ ခုနှစ်မှာ ကမ်ဘာသို့ စတင် မိတ်ဆက်ပေးခဲ့ပါသည်။ များမကြာမီမှာပဲ Word, Excel, Outlook, PowerPointတို့ဟာ အိမ်တိုင်း၊ ရုံးတိုင်း၊ ကျောင်းတိုင်းမှာရှိတဲ့ ကွန်ပျူတာအားလုံးမှာ စံတစ်ခုအဖြစ် သက်မှတ်ခဲ့ပြီး မရှိမဖြစ် လိုအပ်ခဲ့သည့် Softwareများ ဖြစ်ခဲ့ပါသည်။ Microsoftက Officeကို Version အသစ် မပေးခဲ့တာ ၃နှစ်ကျော် ကြာခဲ့ပြီမို့ ယခုလို Interface အသစ်နှင့် ၂၁ရာစုအတွက် အဆင်သင့်ဖြစ်အောင် ကြိုးစားထားသည်ကို Preview အနေဖြင့် ထုတ်ဖော်ပြသခဲ့သည့်အတွက် ေ၀ဖန်သူများ မျက်လုံးပြူး မျက်စံပြူး ဖြစ်ခဲ့ရပါသည်။ ဘယ်လိုတွေကြောင့်လဲဆိုတာ ကြည့်ကြရအောင်။
အရင်တုန်းက Office Suiteလို့ခေါ်သည့် Microsoft Word, Excel စသည့် Softwareများကို မိမိ၏ ကွန်ပျူတာထဲ ထည့်သွင်း အသုံးပြုချင်တယ်ဆိုရင်တော့ CD/DVDတို့မှတဆင့် သွင်းခွင့် ရှိခဲ့ပါသည်။ ယခုအခါမှာတော့ Office 15ကို CD/DVDတွေအနေဖြင့် မရောင်းချတော့ပဲ Onlineမှသာ Download ရယူသုံးစွဲသွားရမည်ဟု သိရပါသည်။ ၂၁ ရာစုအတွက် ပြင်ဆင်ထားသည့်အတိုင်း Office အသစ်ကတော့ တိမ်တွေပေါ်က ဂိုထောင် (Cloud)ကို စံထားပြီး ဘယ်နေရာကနေ မဆို၊ ဘယ်လို Device မျိုးနဲ့ဖြစ်ဖြစ် မိမိရဲ့ Save လုပ်ထားတဲ့ Fileတွေကို အသုံးပြုလို့ ရဖို့အတွက်လည်း Subscription Serviceကို သုံးမျိုးခွဲပြီး ရောင်းချသွားမည်ဟုလည်း သိရပါသည်။

နောက်ထပ် အသစ် အသစ်တွေနှင့် ထူးခြားချက်တွေကတော့ YouTubeက Vide တွေကို Word Documentထဲမှာ ထည့်သွင်းအသုံးပြုနို်င်တာတို့၊ OneNoteလို Application တစ်ခုမှာ တစ်ယောက်နှင့် တစ်ယောက် အပြန်အလှန် အတွေးအခေါ် ဖလှယ်နိုင်ဖို့ Virtual Whiteboard လို့ဆိုရမည့် နည်းပညာတွေပါ ပါ၀င်လာသည်ဟု Microsoft Website၌ ဖော်ပြထားပါသည်။ PowerPoint အတွက်လည်း ပိုမိုလွယ်ကူစွာ Presentation လုပ်နိုင်အောင် စီစဉ်ပေးထားပြီး Stylusကို အသုံးပြုပြီး ထိတွေ့ရာမှာ ပိုမိုအဆင်ပြေကြောင်းလည်း ပြောကြပါသည်။ ဒါတွေအပြင် Microsoftမှ မကြာသေးမီက ၀ယ်ယူလိုက်တဲ့ Skype ကိုလည်း Office 15 ထဲမှာ တွေ့ရမည့်အပြင် Office Suiteကို Subscription လုပ်ထားတယ်ဆိုရင်တော့ လစဉ် Sky World မိနစ်ပေါင်း 60 ရရှိမည်ဟုလည်း ကြေညာထားပါသည်။ Windows Phone အသုံးပြုသူတိုင်း သတိထားမိမယ့် The People Card ကိုလည်း ထည့်သွင်းပေးထားပြီး Facebookတို့ LinkedInတို့နှင့် ချိတ်ဆက်ပေးထားသည့်အတွက်ကြောင့်လည်း Contactမှာ သိမ်းထားသည့် မိမိ မိတ်ဆွေအားလုံး၏ Profile ဓါတ်ပုံတွေ အမြဲ Update ဖြစ်နေသလို၊ သူတို့ ဘာတွေလုပ်နေသလဲဆိုတာပါ အချိန်နှင့်တစ်ပြေးညီ သိရှိနေမှာဖြစ်ပါသည်ဟု သတင်းများက ဆိုကြသည်။

စောင့်ကြည့်နေသူအများစု၏ ချီးမွမ်းသံများနှင့် အပြည့် ဖြစ်နေသည့် Miicrosoft Office 15မှာ အခြား တီ်ထွင်ဖန်တီးထားမှု များစွာနှင့်အတူ အသစ်ဖြစ်ပြီး လွယ်ကူရှင်းလင်းစွာ အသုံးပြုနိုင်သည်ကို တွေ့ရမှာပါ။ Previewကို ကြည့်မယ်ဆိုရင်တော့ www.microsoft.comသို့ သွားရောက်ပြီး Download ယူနိုင်ပါပြီ။ အရင်တုန်းက Betaတွေလို Link တစ်ခုမှာ Download ယူရမှာ မဟုတ်တော့ပဲ Office 365မှာ စီစဉ်ပေးထားတဲ့ “For Home”၊ “FOR Small Business” နှင့် “For Enterprise”ဆိုပြီး မိမိနှင့်သက်ဆိုင်သည့် တစ်ခုကို ရွေးချယ်ပြီး Sing Up (Try) လုပ်ကြည့်ရမှာပါ။ မိမိမှာရှိတဲ့ Windows Live ID တစ်ခုနှင့် ၀င်ရောက်ပြီး (မရှိခဲ့လျှင်လည်း အသစ်တစ်ခု ဖွင့်လို့ရပါတယ်) Office 15ရဲ့ စွမ်းဆောင်မှုအားလုံး စတင် သုံးစွဲနိုင်ပြီလို့ သတင်းကောင်း ပေးအပ်လိုက်ပါသည် ခင်ဗျာ။
အောက်တိုဘာ ၂၆ မှာတော့ Windows 8ကို အများပြည်သူအတွက် ရောင်းချပေးသွားမည်ဟု Microsoftမှ ကြေညာထားပါသည်။

author-avatar

About Myo Zin

အမည်ရင်းမှာ မျိုးဇင်ကိုဖြစ်ပြီး Myanmar ICTတွင် နည်းပညာသတင်းများ၊ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းစသည့် IT ပစ္စည်းများအကြောင်း ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *