Nikon Coolpix P7000 ကင်မရာလေးပါ။ Coolpix P6000 ကို ထုတ်လုပ်ပြီး နှစ်နှစ် ကြာလောက်မှ ပြန်လည် ထုတ်လုပ်လိုက်တဲ့ Nikon Coolpix Series ကင်မရာလေးပါ။ သတိပြုမိတဲ့ အချက်တစ်ခုက P6000 ထက် Megapixels အားနည်းတယ်ဆိုတာပဲ။ P6000 မှာ 13.5 Megapixels ရှိပြီး P7000 မှာ 10 Megapixelsသာ ပါ၀င်ပါတယ်။ အချို့သော ကင်မရာ Seriesတွေရဲ့ Product သစ်တွေကို နည်းပညာပိုင်းသာမက Function ပိုင်းမှာပါ ဆန်းသစ် တီထွင် လာတာကို တွေ့ရပါတယ်။ ဒီကင်မရာသစ်မှာတော့ Resolution Sensorကို နှိမ့်ချထားခြင်းက စဉ်းစားစရာ ဖြစ်စေပါတယ်။ ဒါပေမယ့် ဘယ်လို Functionတွေ ဆန်းသစ်ထားလဲဆိုတာ အဖြေရှာကြည့်ရအောင်။
အဓိက Feature များ
Nikon P7000 မှာ 10 Megapixels ရှိပြီး 7.1x Optical Zoom ပါ၀င်ပါတယ်။ Focal Range က 28-200mm ရှိပြီး Maximum Aperture က f/2.8-5.6 ရှိပါတယ်။ ISO range က 100-6400 အထိရရှိနိုင်ပြီး RAW file ကိုလည်း Support လုပ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ HD video တွေကို 720p အရည်အသွေးနဲ့ ရိုက်ကူးနိုင်မှာ ဖြစ်ပြီး ၃ လက်မရှိတဲ့ LCD screen လည်း ပါ၀င်ပါတယ်။
Design
P7000 က P6000 ထက် ထုထည် ပိုကြီးပြီး ပိုပြီး လေးတယ်လို့ ဆိုပါတယ်။ ဒါကြောင့် Digital ကင်မရာတွေလို လက်ထဲမှာ ကြာကြာ ကိုင်မထားနိုင်တဲ့အပြင် သင့်ရဲ့ ဘောင်းဘီ အိတ်ကပ်ထဲကို ထည့်သိမ်းနိုင်မှာ မဟုတ်ပါဘူး။ ဒီဇိုင်းကတော့ Semi Professional ကင်မရာ ဒီဇိုင်းလေးပါ။ Zoom Range 7.1x နဲ့ Focal Range 28-200mmကို တိုးမြှင့်ထားခြင်းက P6000 ထက်သာတဲ့အချက်လို့ ဆိုနိုင်ပါတယ်။ P6000မှာက Zoom Range 4x နဲ့ 28-112mm Focal Rangeသာ ရှိပါတယ်။
အိပ်မက်ဆန်ဆန် ရိုက်ကူးနိုင်မည့် ND Filter
P7000 မှာ ဆန်းသစ်ထားတဲ့ Feature ကတော့ Built-in Neutral Density (ND) Filter ပါ၀င်ခြင်းပါပဲ။ P7000က အဆိုပါ Feature ထည့်သွင်း အသုံးပြုထားတဲ့ ပထမဆုံး Coolpix Model တစ်ခုပါပဲ။ ND Filterက ကင်မရာအတွင်းသို့ အလင်းရောင် ၀င်ရောက်မှု ပမာဏကို လျှော့ချပေးနိုင်ပါတယ်။ ရွေ့လျားနေတဲ့ ပုံရိပ်တွေကို အဓိကထား ရိုက်ကူးပေးနိုင်ပြီး အိပ်မက်ဆန်ဆန် ၀ိုးတဝါး ဓာတ်ပုံတွေကို ဖန်တီး ရိုက်ကူးနိုင်တယ်လို့ ဆိုပါတယ်။
Raw File တွေကို Support လုပ်ပေးနိုင်
P6000 မှာလိုပဲ P7000 မှာ NEF Format ထက် NRW Raw File တွေကို အထောက်အပံ့ပေးနိုင်မည့် အဆင့်မြင့် OSကို အသုံးပြု ထားတယ်လို့သိရပါတယ်။ Raw File ကနေ JPEG Fileသို့ အလွယ်တကူ ပြောင်းလဲနိုင်တယ်လို့ ဆိုထားပါတယ်။
Image Stabilization မပါ၀င်
အသုံးပြုထားတဲ့ Lensက ကြည်လင်ပြတ်သားမှုကို ပေးစွမ်းနိုင်တယ်လို့ သိရပါတယ်။ စိတ်၀င်စားစရာ ကောင်းတာကတော့ ဒီကင်မရာမှာ ဓာတ်ပုံများ ရိုက်နေစဉ် လက်တုန်ခါမှုကြောင့် ဓာတ်ပုံများ ဝါးသွားခြင်းကို အကောင်းဆုံး ကာကွယ်ပေးနိုင်မယ့် Image Stabilization Option မပါ၀င်ခြင်းပါပဲ။
Movie-Capture Option
Movie-Capture Option သစ် တစ်ခုကိုလည်း ထည့်သွင်းပေးထားတာ တွေ့ရပါတယ်။ Quality ကောင်းကောင်းနဲ့ အဆင့်မြင့် ဗွီဒီယို အခန်းဆက်များကို ရိုက်ကူးနိုင် တယ်လို့ သိရပါတယ်။ ရိုက်ကူးနေစဉ် Zoom အချုံ့အချဲ့ ပြုလုပ်နိုင်ပြီး Lensရဲ့ လှုပ်ရှားမှုကလည်း ညင်သာတယ်လို့ ဆိုပါတယ်။
အားသာချက်
အားသာချက်ကို ပြောရမယ်ဆိုရင်တော့ Optical Viewfinder ပါ၀င်ခြင်းနဲ့ Built-in Neutral Density Filter ပါ၀င်ခြင်းကြောင့် အရည်အသွေး မြင့်မားတဲ့ Photoတွေကို ရိုက်ကူးနိုင်ခြင်းပါပဲ။
အားနည်းချက်
P7000ရဲ့ အားနည်းချက်က 10 Megapixels ပါ၀င်ခြင်း ဖြစ်ပြီး Raw File တွေ ရိုက်ကူးတဲ့နေရာမှာ အနည်းငယ် နှေးတယ်လို့ သိရပါတယ်။ နောက်ပြီး Image Stabilization မပါ၀င်ခြင်းကလည်း အာနည်းချက် တစ်ခုလို့ ဆိုနိုင်ပါတယ်။
သုံးသပ်ချက်
Nikon Coolpix P7000 ကင်မရာက ဓာတ်ပုံတွေကို အကောင်းဆုံး ရိုက်ကူးနိုင်တယ်လို့ ဆိုတဲ့အတွက် အဆင့်မြင့် ကင်မရာတစ်လုံးလို့ ထင်ပါတယ်။ ပေးချေလိုက် ရတဲ့ ငွေကြေးပမာဏနဲ့ ထိုက်တန်အောင် Quality ကောင်းကောင်း ပေးစွမ်းနိုင်တယ်လို့ သုံးသပ်မိပါတယ်။
ဈေးနှုန်း
ဈေးနှုန်းကတော့ USD 3,200 ကနေ USD 349 ရှိတယ်လို့ Cnetက ဆိုထားပါတယ်။