Archive, News

“Window Server 2012 Installation and Replication” သင်တန်းဖွင့်လှစ်မည်

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း မှ ကြီးမှုး၍ System & Data Replication နည်းပညာရပ် များကို စိတ်ဝင်စားသော မြန်မာအိုင်တီလူငယ်များ ၊ လုပ်ငန်းခွင်ဝင်ရောက် လုပ်ကိုင်နေသော အိုင်တီပညာရှင်များ၊ MCPA Member များအတွက် Windows Server 2012 Installation and Replication သင်တန်းကို ၂၀၁၆ ခုနှစ် ၊ ဇွန်လ (၁၁) ရက် မှ (၁၂) ရက် နေ့ထိ ကွန်ပျူတာပညာရှင်အသင်း (MCPA) နှင့် Compu Tech Co.,Ltd. တို့ ပူးပေါင်းပြီး နည်းပညာ အထောက်အကူပြုစေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားမည် ဖြစ်ပါသည်။

ခေတ်စနစ်ပြောင်းလဲမှု အခြေအနေအရ လက်ရှိမြန်မာနိုင်ငံအတွင်းရှိ ဝန်ကြီးဌာနများ ၊ ကုမ္ပဏီအဖွဲ့အစည်းများ၊ ဘဏ်များနှင့် နည်းပညာနယ်ပယ်တွင် ဝင်ရောက်လုပ်ကိုင်နေကြသူများ၊ Microsoft Certificated Professional တယောက်အနေဖြင့် ရပ်တည်လိုသူများ တက်ရောက်သင်ကြားသင့်သော နည်းပညာအထောက်အကူပြု သင်တန်းဖြစ်ပါသည်။

သင်တန်းကို Real Server များပေါ်တွင် လက်တွေ့သရုပ်ပြ သင်ကြားပြီး တွဲဘက်လိုအပ်သော RAID Controller Installation and Utility Setup from Management CD/Life Cycle နှင့် အခြား Add on Feacture များကိုလည်း ဆရာ ဦးရဲကျော်သိန်း (Compu Tech Co,.Ltd) မှ ထည့်သွင်း သင်ကြားပေးသွားပါမည်။

 

Content Overview – “Windows Server 2012 Installation and Replication”

1. Introduction the Windows Server 2012 and Active Directory Model

2. About Replication Services and Concept for any Platform

3. About Branded Server Management CD and Life Cycle Configuration

4. About Hardware and Software RAID System (RAID 0,1,5,6,10 and Hot Spare)

5. Step by step guide for Setting up a Windows Server 2012 Installation with Hardware RAID

6. Step by Step guide for Active Directory Domain Services (ADDS) installation (DNS, DHCP, WINS, File and Print Services)

7. Step by step guide for Active Directory Replicate Installation on Different Server/Brand

8. Step by step guide for Distributed file System (DFS) Installation on Primary Server

9. Printer deployment via Windows Server 2012 group policy

10. Organization Level User Permission and Security

သင်တန်းကာလ – ၂၀၁၆ ခုနှစ်၊ ဇွန်လ (၁၁) ရက် မှ ဇွန်လ (၁၂) ရက်အထိ (စနေ၊တနင်္ဂနွေ)
သင်တန်းအချိန် – နံနက် ဝ၉းဝ၀ နာရီ မှ ညနေ ၅းဝ၀ နာရီအထိ
သင်တန်းကြေး – ၂၀ဝ,ဝ၀ဝိ/ (နှစ်သိန်းကျပ်တိတိ)
MCPA Member (20%) – ၁၆၀,ဝ၀ဝ (တစ်သိန်းခြောက်သောင်းကျပ်တိတိ)
သင်တန်းသားဦးရေ – (၂၀) ဦး
သင်တန်းနေရာ – အဆောင် (၁၄)၊ (၃) လွှာ ၊ MCPA ICT Lab၊ MICT Park၊ လှိုင်မြို့နယ်။

သင်တန်းတက်ရောက်လိုသူများအနေဖြင့်၂၀၁၆ ခုနှစ်၊ ဇွန်လ (၁၀) ရက် ညနေ (၄) နာရီ နောက်ဆုံးထား၍ MCPA ရုံးခန်းသို့ လာရောက်စာရင်းပေးသွင်းနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ရုံးခန်း၊ အဆောင်(၉)၊ မြေညီထပ် ၊ ဖုန်းနံပါတ် – ၆၅၂၂၇၆၊ ဝ၉-၇၃၀၈၈၃၀ဝသို့ စုံစမ်းမေးမြန်း နိုင်ပါသည်။

(မှတ်ချက်။ အတန်းတက်ချိန်၇၅ % မပြည့်ပါကသင်တန်းဆင်းလက်မှတ်ပေးအပ်မည်မဟုတ်ပါ။)

Leave a Reply

Your email address will not be published. Required fields are marked *