Automobile, News

မြန်မာပြည်ရှိ ထိပ်တန်းဇိမ်ခံကားများကိုဖော်ပြထားသည့် နံပါတ်တစ် အွန်လိုင်းကားအရောင်းအဝယ်ဈေးကွက်

မြန်မာပြည်ရှိ ထိပ်တန်းဇိမ်ခံကားများကိုဖော်ပြထားသည့် နံပါတ်တစ် အွန်လိုင်းကားအရောင်းအဝယ်ဈေးကွက်

ဇိမ်ခံကားလို့ ဆိုလိုက်သည်နှင့် သင့်အတွက် ပျော်ရွှင်စိတ်ချမ်းမြေ့မှုများနှင့်အတူ စိတ်ကြိုက်ဖြစ်စေမည့် ဇိမ်ခံအရသာများကို ပေးစွမ်းနိုင်မည့် မော်တော်ယဉ်အမျိုးအစား ဖြစ်ပါတယ်။ ဇိမ်ခံကားများကို ရန်ကုန်မှာ အများဆုံး မြင်တွေ့နိုင်ပြီး အခြားသောနယ်မြို ့တွေမှာလည်း မြင်တွေ့ နိုင်ပါသေးတယ်။ အကယ်၍သင့်အနေဖြင့် ကား ဆင်ယင်မွမ်းမံမှုနှင့်ပတ်သက်၍ စိတ်ဝင်စားသူတစ်ဦးဆိုပါက သင့်ဇိမ်ခံကားအား အမြင့်မားဆုံးသော ကားတွင်း ဇိမ်ခံပစ္စည်းများဖြစ် စွဲမက်ဖွယ်ရာ ဆင်ယင်နိုင်မှာဖြစ်ပါတယ်။ ဇိမ်ခံကားမှာမှ ဆလွန်းနှင့်အက်စ်ယူဗီဆိုပြီး နှစ်မျိုးရှိပါတယ်။ ဆလွန်းကို အများအားဖြင့်ကြိုက်ကြစီးကြတဲ့ အကြောင်းအရင်းက တစ်ကိုယ်ရည် အသုံးပြုဖို့ အတွက်ပဲဖြစ်ဖြစ် အရေအတွက်နည်းတဲ့ မိသားစုမှာပဲဖြစ်ဖြစ် ငွေကြေးချမ်းသာသူတို့က ဇိမ်ခံဆလွန်းကိုဝယ်ပါတယ်။ မိသားစုဝင်များသူများကတော့ သို့တည်းမဟုတ် ခရီးဝေးသွားဖို့ ရည်ရွယ်သူများကတော့ ဇိမ်ခံအက်စ်ယူဗီများကို ဝယ်ယူကြပါတယ်။ ဇိမ်ခံကားမှာဆိုရင်ဖြင့် အရည်အသွေးမြင့်မားသော အသုံးဆောင်ပစ္စည်းများ၊ မြင့်မားသောစွမ်းဆောင်မှု၊ တိကျသော ကိုယ်ထည်တည်ဆောက်မှု၊ သက်တောင့်သက်သာရှိမှု၊ စွဲမက်ဖွယ် ဒီဇိုင်းအသွင်ပြင်၊ တီထွင်ဆန်းသစ်သော နောက်ဆုံးပေါ် နည်းပညာများ စသည်တို့ဖြင့် ပေါင်းစပ်ဖွဲ့စည်းထားခြင်းကြောင့် မောင်းနှင်းသူအား ဂုဏ်ရှိန်ဝါတက်စေမှာ အသေချာပါပဲ။ မော်ဒယ်မြင့် ထိပ်တန်းဇိမ်ခံကား အမှတ်တံဆိပ်များသည်လည်း မြန်မာ့ကားဈေးကွက်အရ ဈေးနှုန်းအားဖြစ် သိန်းထောင်နှင့် အထက်မှာရှိပါတယ်။ မြန်မာနိုင်ငံမှာလည်း နိုင်ငံတကာနှင့်ယှဉ်နိုင်သည့် ကမ္ဘာ့ထိပ်တန်းဇိမ်ခံကားများ ရှိသည်ကို လေ့လာ ဝယ်ယူ ကြည့်ရှုနိုင်အောင် Motors.com.mm မှဖော်ပြပေးလိုက်ပါတယ်။

မြန်မာပြည်ရှိ ထိပ်တန်းဇိမ်ခံကားများကိုဖော်ပြထားသည့် နံပါတ်တစ် အွန်လိုင်းကားအရောင်းအဝယ်ဈေးကွက်

Via Motors.com.mm

Rolls-Royce Ghost and Phantom – ဗြိတိန်နိုင်ငံထုတ် ကားများဖြစ်ပြီး ခေတ်အဆက်ဆက် ဇိမ်ခံကားတွေချည်း ထုတ်လုပ်ရောင်းချလာတဲ့ Rolls-Royce ကုမ္မဏီမှဖြစ်ပါတယ်။ ဖော်ပြထားတယ့် Rolls-Royce Ghost နဲ့ Phantom အမျိုးစားနှစ်ခုမှာ အဓိကကွာခြားချက်ကတော့  Ghost ကလူငယ်အများစုကို အဓိက ရည်ရွယ်ထုတ်လုပ်ထားတဲ့ ပြိုင်ကားဆန်ဆန် ဇိမ်ခံဆလွန်းဖြစ်ပြီး၊ Phantom ကတော့လူကြီးအများစု နှစ်သက် ရွေးချယ်ဝယ်ယူကြသည့် အဆင့်မြင့် ဇိမ်ခံဆလွန်းကား ဖြစ်ပါတယ်။ အင်ဂျင် အရွယ်အစားတွေ ကတော့ ၅,ဝ၀ဝ စီစီ ဝန်းကျင်ထုတ်လုပ်ထားပါတယ်၊ ဒီတော့ ဆီစားကျိန်းသေ များမယ့်ကားတွေ ဖြစ်ပါတယ်။ နောက်ဆုံးပေါ် လုံခြုံရေး စနစ်၊ သက်ကယ် စနစ်၊ ကားထိန်းချုပ် စနစ် အစရှိသည်အပြင် အခြားသော ပေါင်းစပ်ဖွဲ့စည်းမှုများက Rolls- Royce အား ပြီးပြည့်စုံသွားစေပါတယ်။ ဈေးနှုန်းအားဖြစ်လည်း Ghost က Phantom ထက်စာရင် ဈေးအနည်းငယ် သက်သာပြီး  မြန်မာကျပ်ငွေ သိန်း ၅,ဝ၀ဝ အထက်မှာ ရှိပါတယ်။ မြန်မာပြည်ရှိထိပ်တန်း စီးပွါးရေးလုပ်ငန်းရှင် အချို့ အသုံးပြုမောင်းနှင်နေကြပြီဖြစ်ပါတယ်။

မြန်မာပြည်ရှိ ထိပ်တန်းဇိမ်ခံကားများကိုဖော်ပြထားသည့် နံပါတ်တစ် အွန်လိုင်းကားအရောင်းအဝယ်ဈေးကွက်

Via Motors.com.mm

Cadillac Escalade – General Motor ထုတ်လုပ်သော Cadillac ဇိမ်ခံ ကားများဟာ ကမ္ဘာတစ်လွှား ရေပန်းစား ကားများဖြစ်ပါတယ်။ ဖော်ပြထားတယ့် Escalade ကတော့ ထုထည်ကြီးမားတယ့် အက်စ်ယူဗီ ဇိမ်ခံကားအမျိုး အစားဖြစ်ပါတယ်။ ငွေပိုနေတဲ့ ဇိမ်ခံကားခရေဇီများကတော့ ဝယ်စီးပါတယ်။ မြန်မာပြည် လမ်းမများမှာလည်း တွေ့နေရပြီဖြစ်ပါတယ်။ ပထမမျိုးဆက်ထက် သာသွားတဲအပိုင်းက ကားဒီဇိုင်းနဲ့ အသုံးပြုတဲ့သတ္တု ဖြစ်ပါတယ်။ Safety အသားပေးတဲ့အတွက် ရှေ့ပိုင်းပိုမာလာပြီး အင်ဂျင်ပါဝါလည်း ထပ်မြင့်ထားပါတယ်။ ၂၀ဝ၇အထက် မှာတော့ အင်ဂျင်ပါဝါ  ၆,၂၀ဝ စီစီ ရှိပြီး မြင်းကောင်ရေ ၄၀ဝ အထက်မှာရှိပါတယ်။ ဈေးနှုန်းအားဖြင့်လည်း မြန်မာကျပ်ငွေသိန်း ၂,၅၀ဝ ဝန်းကျင်ရှိပါတယ်။

မြန်မာပြည်ရှိ ထိပ်တန်းဇိမ်ခံကားများကိုဖော်ပြထားသည့် နံပါတ်တစ် အွန်လိုင်းကားအရောင်းအဝယ်ဈေးကွက်

Via Motors.com.mm

Porsche Panamera – Porsche ဆိုတာဂျာမနီနိုင်ငံက မော်တော်ယာဉ် ထုတ်လုပ်ရေး ကုမ္မဏီတစ်ခု ဖြစ်ပြီး အဓိကအား ဖြင့် ဇိမ်ခံကားနဲ့ ပြိုင်ကားများကို အဓိကထား ထုတ်လုပ်တဲ့ ကုမ္မဏီတစ်ခု ဖြစ်ပါတယ်။ ဖော်ပြထားတယ့် Porsche Panamera ကတော့ တံခါးလေးပေါက်ရှိ လေးယောက်စီး ဇိမ်ခံဆလွန်းကား အမျိုးအစား ဖြစ်ပါတယ်။ အင်ဂျင်အား ကားရှေ့ခန်းတွင် တည်ဆောက်ထားပြီး လေးဘီးမောင်းနှင်စနစ်ဖြစ်ပါတယ်။ အင်ဂျင် အရွယ်ဖြစ်လည်း ၃,၅၀ဝ စီစီအထက်ရှိပြီး မြင်းကောင်ရေအား ၃၀ဝ အထက် စွမ်းဆောင်နိုင်ပါတယ်။ Panamera သည်လည်း ပြိုင်ကားကို အခြေခံလို့ ထုတ်လုပ်ထားတာကြောင့် ပြိုင်ဆလွန်းလို့ပြောရင် လည်းမှန်ပါလိမ့်မယ်။ တာဘို၊ အက်စ် အစရှိသဖြင့် ထုတ်လုပ်ပြီး စွမ်းဆောင်ရည်ကလည်း ပေါ်ရှေးပြိုင်ကားများနဲ့ သိပ်မကွာပါဘူး။ မြန်မာပြည်က ငွေကြေးသုံးစွဲနိုင်သည့် ဇိမ်ခံပြိုင်ကားခရေဇီ အချို့ကတော့ ရွေးချယ်ဝယ်ယူပြီး ဖြစ်ပါတယ်။ ဈေးနှုန်းအားဖြစ်လည်း အသစ်ဆိုရင် သိန်း ၂,၅၀ဝ အထက်ရှိပါတယ်။

မြန်မာပြည်ရှိ ထိပ်တန်းဇိမ်ခံကားများကိုဖော်ပြထားသည့် နံပါတ်တစ် အွန်လိုင်းကားအရောင်းအဝယ်ဈေးကွက်

Via Motors.com.mm

Mercedes-Benz GL 550 – ဂျာမနီရဲ့ နောက်ထက်ဇိမ်ခံကား ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး ၂၀၁၃ ခုနှစ် မှာပဲ မာစီဒီးဟာ မြန်မာပြည်မှာ တရားဝင်ရောင်းချခွင့် ပြခန်းနှင့်အတူ ဝန်ဆောင်မှုစင်တာတို့ကိုပါ ဖွင့်လှစ်လာခဲ့ပါတယ်။ ဖော်ပြပါ မော်ဒယ်အမျိုးစားကတော့ မြန်မာပြည်ရှိ မာစီဒီးကားများထဲမှ ဇိမ်ခံအရသာကို ပေးစွမ်းနိုင်မဲ့ အက်စ်ယူဗီအမျိုးစားဖြစ်ပါတယ်။ အင်ဂျင်အရွယ်ဖြစ်လည်း ၅,၅၀ဝ စီစီ ရှိပြီး မြင်းကောင်ရေအား ၃၅၀ အထက် ထိစွမ်းဆောင်နိုင်ပါတယ်။ ကြံခိုင်သော ကိုယ်ထည်နှင့် စွဲမက်ဖွယ်ကောင်းသော အတွင်းပိုင်းပြင်ဆင်မှုများက GL 550 အတွက် အားသာချက်များဖြစ်ပါတယ်။  တစ်ပတ်ရစ်ကားဆိုရင်တောင် ဈေးနှုန်းအားဖြစ် သိန်း ၁,၉၀ဝ ဝန်းကျင်ရှိပါတယ်။ ယနေ့ မြန်မာပြည်က လူကြိုက်အများဆုံး ကားစာရင်းထဲမှာ မာစီဒီးက ထိပ်ဆုံးမှ ပါဝင်လာပါတယ်။

မြန်မာပြည်ရှိ ထိပ်တန်းဇိမ်ခံကားများကိုဖော်ပြထားသည့် နံပါတ်တစ် အွန်လိုင်းကားအရောင်းအဝယ်ဈေးကွက်

Via Motors.com.mm

Lexus LX 570 – လက်ဆက်စ် ကားများကို မြန်မာပြည်မှာ အရေအတွက် အမြောက်အမြားနဲ့ မြင်တွေ့နေရပြီ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ Lexus ဆိုတဲ့ အမည်နဲ့ ဇိမ်ခံကားများ သီးသန့် ထုတ်လုပ်ပါတယ်။ အမှန်တော့ တိုယိုတာကား ကုမ္မဏီရဲ့လက်အောက်က အခွဲကား ထုတ်လုပ်ရေး ကုမ္မဏီတစ်ခုပဲ ဖြစ်ပါတယ်။ ဖော်ပြပါ LX 570 ကတော့ လေးဘီးမောင်းနှင်စနစ်ဖြစ် ထုတ်လုပ်ထားပြီး အင်ဂျင်အရွယ်စားကလည်း ၅,၆၀ဝစီစီ အထက် ရှိပါတယ်၊ မြင်းကောင်ရေအားဖြစ် ၃၆၀ အထက်ထိ ထောက်ပံ့ပေးနိုင်ပါတယ်။ ဈေးနှုန်းအားဖြစ်လည်း သိန်း ၁,၉၀ဝ ဝန်းကျင်ရှိပါတယ်။ LX မှာ ပဲလျှပ်စစ်ဘက်ထရီ ပူးတွဲ ပါဝင်တဲ့ ဟိုင်းဘရစ်ကား အမျိုးအစားလည်း ဒီနောက်ပိုင်း အများအပြား တွေ့ရပါတယ်။ မြန်မာပြည်ရှိ ထင်ရှားကျော်ကြားသူ တော်တော်များများ အသုံးပြုသည့် ဇိမ်ခံကားအမှတ်တံဆိပ် တစ်ခုဖြစ်ပါတယ်။
အကယ်၍သင့်အနေနှင့် အထက်ဖော်ပြပါ ကမ္ဘာ့ထိပ်တန်း ဇိမ်ခံကားများအပြင် အရည်အသွေးမြင့်မားပြီး စိတ်ချမ်းသာမှုအပြည့်အဝ ပေးနိုင်မည့် မြန်မာပြည်ရောက် အခြားသောဇိမ်ခံကားများပါ ရှာဖွေလေ့လာချင်တယ် ဆိုရင်တော့ Motors.com.mm ကသင့်အတွက် ပြီးပြည့်စုံသော နေရာလေးတစ်ခုဖြစ်မှာ အသေချာပါပဲ။

Leave a Reply

Your email address will not be published. Required fields are marked *